96 Soldiers – PDFအညာဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ခွဲမှူး ရဲဘော်ဝေဖြိုးအောင် (ခေါ်)တစ်ဆယ်သည် မတ်လ ၁၁ရက်က စစ်ဆင်ရေးတစ်နေရာတွင် မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ယနေ့(မတ်လ ၁၁ရက်) အသိပေးထုတ်ပြန်သည်။
ရဲဘော်တစ်ဆယ်သည် နွေဦးတော်လှန်ရေးကာလအတွင်း 96 Soldiers – PDF (အညာဒေသ)တပ်ခွဲ၌ ပါဝင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့ပါသည်ဟု ဖော်ပြသည်။
ရဲဘော်တစ်ဆယ်အနေဖြင့် စစ်အာဏာရှင်အပြီး တိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလက်တွင် မြင့်မြတ်စွာကျဆုံးရင်း အသက်ကိုပေးလှူခဲ့ပါသည်ဟု 96 Soldiers – PDF အညာဒေသက ထုတ်ပြန်သည်။

Public Service Announcement
ထို့ကြောင့် 96 Soldiers – PDFတပ်ဖွဲ့မှ ရဲဘော်တစ်ဆယ်အတွက် ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရဖြစ်ရသလို စွန့်လွှတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိပါသည်ဟု အသိပေး ထုတ်ပြန်ထားသည်။
ရဲဘော်တစ်ဆယ် ကျဆုံးခဲ့ရမှုနှင့်ပတ်သက်ပြီး 96 Soldiers – PDF အညာဒေသမှ ပြောခွင့်ရသူထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။
