close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တောင်းခမ်း၌ တိုက်ပွဲဖြစ်

တအာင်းတပ်မတော်(TNLA)ပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဘေးကြောင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ထိုးစစ်ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက် သတ် အပစ်ရပ်ကြောင်းကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နောင်ချိုမြို့နယ်၊တောင်းခမ်းဒေသ၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီ ယနေ့ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၂ဦးထိခိုက်

ဧပြီ ၄၊၂၀၂၅။ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)ပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဘေးကြောင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ထိုးစစ်ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက် သတ် အပစ်ရပ်ကြောင်းကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နောင်ချိုမြို့နယ်၊တောင်းခမ်းဒေသ၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

TNLA၊ ကိုးကန့်(MNDAA)၊အာရက္ခတပ်တော် (AA) ညီနောင်သုံးဖွဲ့က ဧပြီ တစ်လလုံးအပစ် ရပ်ကြောင်း ကြေညာထားပြီး စစ်ကောင်စီကလည်း ဧပြီ ၂ရက်မှ ၂၂ရက်နေ့အထိ ရက်ပေါင်း ၂၀ကြာ ယာယီအပစ်ရပ်မည်ဟု ကြေညာထားသော်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ၊ ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

အပစ်ရပ်ကြေညာပြီးသော်လည်း ဧပြီ ၃ရက် နေ့လည် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်မှ စစ်ယာဉ်တန်း (၇)စီးနှင့် လူအင်အားဖြည့်တင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့မှ ကျောက်ဂူ၊ တောင်ချေနှင့် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ အမတ (၉၀၂)တပ်ရင်းသို့ စစ်ကူအင်အားဖြည့်တင်းနေခဲ့ရာ ယနေ့ (ဧပြီ ၄ ရက်) နံနက် ၁၀နာရီခန့်တွင် အမတ(၉၀၂)အနီး တိုက်ပွဲဖြစ်ခဲ့ဟု TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ် (၇)မိုင်ကျေးရွာတွင်လည်း ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲချ တိုက်ခိုက်ခဲ့ဟု အသိပေးသည်။

ယမန်နေ့ ဧပြီ ၃ရက်လည်း စစ်ကောင်စီတပ်က သပိတ်ကျင်းမြ်ု့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့သေးသည်။

ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အခြေအနေကို ယနေ့ ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သည် ဧပြီ ၄ရက် နေ့လည် ၂နာရီ ၅၀ ခန့်တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြိုအရှေ့မြောက်ဖက်သို့ Yak-130 Fighter Jet ဖြင့် ဗုံသီးတစ်လုံးချ လေကြောင်းတိုက်ခိုက်ရာ ပြည်သူ နှစ်ဦး ဒဏ်ရာရရှိဟု အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်၊ ဝိုင်းမော်၊ ဗန်းမော်မြို့တို့တွင်လည်း ယမန်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ပြင် ယမန်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စက်တပ်လေထီး အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟုမ္မလင်းမြို့နယ်ကိုလည်း ဘက်စုံသုံး ရဟတ်ယာဉ်ဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် ကိုးကန့်တပ်မတော်(MNDAA)မှ ရဲဘော်အချင်းချင်း ယနေ့(ဧပြီ၁ရက်)က ခိုက်ရန်ဖြစ်ပွားမှုသည် နားလည်မှု လွဲမှားခြင်းသာဖြစ်ကြောင်း TNLAက ရှင်းလင်းချက် ထုတ်ပြန်သည်။

သတင်း

ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)မှ တပ်သား သုံးဦးသည် လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

ဆောင်းပါး

စစ်တပ်​ရောက်​နေတဲ့ မဲပုတ်ရွာတိမ်ပင်လယ်နဲ့ ​နောင်ချိုက လူသိများတဲ့ နောင်ချိုကြီးရွာတိမ်ပင်လယ်ဟာမတူပဲ (၈)မိုင်ကျော် ကွာ​ဝေးပါတယ်

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။

Trending

Facebook