close
Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ စစ်ကြောင်းထွက်လာ၍ လုံခြုံရေးသတိပေး

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်ကောင်စီအင်အား ၆၀ခန့်ထွက်လာပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၍ ဒေသတွင်းနှင့် ပုခုက္ကူ-ပေါက်လမ်းပိုင်း၌ လုံခြုံရေးသတိပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒေသခံများအား သတိပေးသည်။

ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PPDF

ဧပြီ ၄၊ ၂၀၂၅။ မိထက်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်ကောင်စီအင်အား ၆၀ခန့်ထွက်လာပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၍ ဒေသတွင်းနှင့် ပုခုက္ကူ-ပေါက်လမ်းပိုင်း၌ လုံခြုံရေးသတိပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒေသခံများအား သတိပေးသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ ၁ရက်မှစတင်၍ ထွက်ခွာလာခြင်းဖြစ်ပြီး လက်ရှ်ိတွင် ဒေသခံများပိုင်ကားများကို ချောဆွဲရန် စီစဉ်နေသည်ဟု သိရကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“မြို့ထဲက ကားတွေကို လိုက်ချောဆွဲနေတယ်။ ရိက္ခာတွေတင်ထားတယ်။ ပေါက်ဘက်ကို ထွက်မယ်လို့ ထင်တယ်။ ဒီအချိန် အရေးကြီးတာက ပခုက္ကူ-ပေါက်လမ်းကြောင်း တော်တော် အန္တရာယ်များတယ်”ဟု ဒေသကာကွယ်ရေးPDF ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဧပြီ ၁ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပုခုက္ကူ-ပေါက်လမ်း ညောင်းဂျစ်ပင်ရွာအနီးရောက်ရှိလာ၍ ကာကွယ်ရေးတပ်များက တိုက်ခိုက်စဉ် တိုက်ပွဲဖြစ်ခဲ့သည်။ စစ်ကောင်စီတပ်သည် ပုခုက္ကူ-ပေါက်လမ်းကြောင်း၌ စစ်ရေးလှုပ်ရှားရန် ကြိုးစားနေသလို လေကြောင်းမှလည်း ကင်းထောက်နေကြောင်း သတင်းရရှိသည်။

မကွေးတိုင်းတွင် ယခုရက်ပိုင်းအတွင်း မင်းတပ်-ဆော-ကျောက်ထု- မင်းတပ်လမ်းတွင်လည်း စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာ၍ လမ်းပိုင်းအား ဒေသခံပြည်သူများဖြတ်သန်းသွားလာခြင်းမပြုရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၅ ဦးဖမ်းမိ၊ သေနတ် ၁၉ လက်အပါအဝင်ခဲယမ်းများရ

Trending

Facebook