close
Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့အမြောက်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် မြို့အတွင်းကျ ပေါက်ကွဲ၍ လူလေးဦး ဒဏ်ရာရ၊ နေအိမ်သုံးလုံး ပျက်စီး

ဒီဇင်ဘာ ၁၂ရက် တစ်ရက်တည်း မစ်ဇိုင်းရှစ်လုံး ပစ်ခတ်ခဲ့ပြီး တစ်လုံးမှာ မြို့ပေါ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။

(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီ​၏ အမြောက်တပ်က ချင်းတောင်ခြေသို့ ပစ်ခတ်နေသည့် လက်နက်ကြီးကျည်အချို့သည် မြို့ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား လေးဦး ဒဏ်ရာရရှိကာ နေအိမ်သုံးလုံးပျက်စီးခဲ့သည်။

စစ်ကောင်စီသည် ဒီဇင်ဘာ ၁၂ရက်ကစ၍ ချင်းတောင်ခြေဘက်သို့ မစ်ဇိုင်းများ ပစ်ခတ်နေခြင်းဖြစ်သည်။

(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

” တောင်ခြေကရွာတွေ ရှောင်ရပြန်ပြီ။ နောက်ပြီးလက်နက်ကြီးက မြို့ထဲကိုပါ ကျတယ်။ လက်နက်ကြီးကဆက်ပစ်နေတုန်းပဲ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၂ရက် တစ်ရက်တည်း မစ်ဇိုင်းရှစ်လုံး ပစ်ခတ်ခဲ့ပြီး တစ်လုံးမှာ မြို့ပေါ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။

(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ကလေးမြို့ အမြောက်တပ်က ပစ်ခတ်သောမစ်ဇိုင်းများသည် ချင်းတောင်ပေါ်သို့ ပစ်ခတ်နေခြင်းဖြစ်ပြီး မစ်ဇိုင်းဖြတ်သန်းသွားရာ လမ်းကြောင်းအောက်ရှ်ိ မြို့တွင်းရပ်ကွက်များ၊ မြို့ပြင်ကျေးရွာများမှ ဒေသခံပြည်သူများ သတိပြုကြရန် တော်လှန်ရေးရဲဘော်များက သတိပေးထားသည်။

စစ်ကောင်စီသည် ကလေးမြို့ပေါ်တွင် လုံခြုံရေးတင်းကြပ်ထားပြီး လူငယ်များအားအတင်းအကြပ်ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အခြားထောင်အချို့တွင်လည်း ယခုကဲ့သို့ ငွေကြေးကောက်ခံမှုမျိုး ကြုံဖူးကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတ​ပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

သတင်း

ဆီဆုံကုန်းရွာခံ အမျိုးသမီးအချို့နှင့် ကလေးငယ်များအပါအဝင် ဒေသခံကိုးဦး လက်နက်ကြီးဆများထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ရှင်းပြသည်။

သတင်း

နိုဝင်ဘာအတွင်း စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံဒေသခံ ပြည်သူ ၁၀ ဦးထက်မနည်းရှိကြောင်း ဖယ်ခုံ တပ်ရင်း-၂က ဆိုသည်။

Trending

Facebook