close
Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသော မဒေါင်ရွာစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက် ရာ စခန်းစွန့်ဆုတ်ခွာသွား

စစ်ကောင်စီတပ်သည် အနီးအနားတဝိုက်ရှိ ဒေသခံများ​၏ စပါးခင်းများအား စပါးရိတ်စက်ဖြင့် ရိတ်သိမ်းကာ ခိုးယူသယ်ဆောင်နေကြောင်းသိရသည်။

ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသော မဒေါင်ရွာစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက် ရာ စခန်းစွန့်ဆုတ်ခွာသွား
ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသော မဒေါင်ရွာစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက် ရာ စခန်းစွန့်ဆုတ်ခွာသွား

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်တစ်လနီးပါးကြာ တပ်စွဲထားသော မဒေါင်ကျေးရွာရှိ စခန်းအား တော်လှန်ရေးအဖွဲ့များတိုက်ခိုက်ရာ စခန်းစွန့်ဆုတ်ခွာသွား သတင်းရရှ်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၃ ရက်) နံနက် ၅နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့်ပျူစောထီး အင်အား ၇၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည့် မဒေါင်ကျေးရွာအား တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမှာ ၅နာရီ‌ကျော်ကြာပြီး နံနက် ၁၀နာရီ ၄၅ မိနစ်ခန့်တွင် တော်လှန်ရေးအင်အားစုများမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံး၍ ၂၀ ခန့်ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“စခတွေ ကုက္ကိုကုန်းဘက်ပြန်ဆုတ်တယ်။ ပြည်သူတွေတော့ ရွာထဲဝင်လို့မရဘူး။ ရွာတွေကနီးနီးလေးတွေ။ စခထိုင်နေတဲ့ ကုက္ကိုကုန်းနဲ့ မဒေါင်က နှစ်မိုင်ကိုမဝေးဘူး။”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ ထို့အပြင် သေနတ်တစ်လက်နှင့် အခြားပစ္စည်းအချို့ သိမ်းရကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၀ ရက် က ကျွန်းလှမြို့နယ်၊ကုက္ကိုကုန်းရွာသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်သည်။

ကုက္ကိုကုန်း၊လွှတ်တိုက်၊ဆွဲလှဲ နှင့် မဒေါင်ကျေးရွာတို့မှ ပြည်သူပိုင်ပစ္စည်းများခိုးယူကာ နေအိမ်များမီးရှို့နေသည်မှာ ခုနစ်ကြိမ်ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် အနီးအနားတဝိုက်ရှိ ဒေသခံများ​၏ စပါးခင်းများအား စပါးရိတ်စက်ဖြင့် ရိတ်သိမ်းကာ ခိုးယူသယ်ဆောင်နေကြောင်းသိရသည်။

အဆိုပါ စစ်ကြောင်းကြောင့် ဒေသခံပြည်သူ နှစ်သောင်းခန့် တစ်လနီးပါး တိမ်းရှောင်နေရပြီး အခြေခံစားသောက်ကုန်၊ဆေးဝါး၊အနွေးထည်၊စောင်နှင့် အမိုးအကာများလည်း အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီမှ ၃၀ ဦးခန့်ထိခိုက်မှုရှိခဲ့ပြီး ၁၂ဦးသေဆုံးကြောင်း ပူး ပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တပ်ရင်း(၉၀၁)မှ တပ်ရင်းမှူးက ပြောသည်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး ကဏ္ဍကို တာဝန်ယူထားတဲ့ ယူကရိန်း လေတပ်ကတော့ ရုရှား ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ကရင်ပြည်နယ် အပါအဝင် စစ်ရေးအရ အထိနာလျက်ရှိသည့် ဒေသများ၌ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြည်သူ သေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

သတင်း

ရှမ်းပြည်နယ်ဖက်သို့ စစ်ရှောင်နေရသော ကရင်နီပြည်နယ်မှ ဒေသခံများလည်း နေရပ်ပြန်လာရန် စစ်ကောင်စီနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက ဖိအားပေးနေသည်ဟုဆိုသည်။

Trending

Facebook