close
Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တွင် ခမရ-၃၃၆ ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူခြောက်ဦး သေဆုံး

နိုဝင်ဘာအတွင်း စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံဒေသခံ ပြည်သူ ၁၀ ဦးထက်မနည်းရှိကြောင်း ဖယ်ခုံ တပ်ရင်း-၂က ဆိုသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း(ခမရ-၃၃၆)ကပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူခြောက်ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂က ယနေ့(နိုဝင်ဘာ ၂၈ရက်) ထုတ်ပြန်သည်။

ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)တပ်ရင်းသည် ယမန်နေ့(နိုဝင်ဘာ ၂၇ရက်)တွင် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ ယခု နိုဝင်ဘာအတွင်း စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံဒေသခံ ပြည်သူ ၁၀ ဦးထက်မနည်းရှိကြောင်း ဖယ်ခုံ တပ်ရင်း-၂က ဆိုသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ – ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

တိုက်ပွဲများဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအား စစ်ရေးပစ်မှတ်မရှိ ဘဲ (၁၂၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကုန်းပေါကျေးရွာတွင်းရှိ အမျိုးသား(၂)ဦး၊ အမျိုး သမီး (၃)ဦး၊ ၂နှစ်အရွယ် ကလေးငယ်တစ်ဦး နှင့် တစ်လသားအရွယ် ကလေးငယ် တစ်ဦး စုစုပေါင်း ခုနစ်ဦးမှာ နိုဝင်ဘာ ၂၇ ရက်က သေဆုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ကျေးရွာများတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်း၊လက် နက်ကြီးစသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုနှင့်အတူ အသက်သေဆုံးခဲ့ရသော ပြည်သူ ၁၀ဦးထက်မနည်းရှိခဲ့ကြောင်း အသိပေးသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်လုပ်နေတာ ကို ပြင်းပြင်း ထန်ထန်ရှုတ်ချတယ်။စစ်ကောင်စီရဲ့ လူ့အခွင့်ရေးဆိုင်ရာချိုးဖောက်မှုတွေနိုင်ငံတကာအပါအဝင် ပြည်သူတွေ ဒီထက်မက ပို သိဖို့လိုနေပါတယ်”ဟု ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ – ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

စစ်ကောင်စီသည် စစ်ပွဲများနှင့်လွတ်ကင်းရာ ဒေသခံပြည်သူနှင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ နေရာများအား ယခုကဲ့သို့ ညာတာမှုကင်းမဲ့စွာဖြင့် လက်နက်ကြီးများ ပစ်ခတ်ကာ ၎င်းတို့၏ လုပ်နိုင်စွမ်းအပေါ် ပြည်သူအများ စိုးထိတ်ကြောက်ရွံ့စေရန် ခြိမ်းခြောက်မှုရည်ရွယ်ချက်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ကုန်းပေါကျေးရွာကို ဒီနေ့(နိုဝင်ဘာ ၂၈ ရက်) မနက်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးကျတယ်။အသက် ၆၀ အရွယ် အမျိုးသမီးဒဏ်ရာရတယ်”ဟု ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုအပြီး ကုန်းပေါရွာ၏ မြေပြင်အခြေအနေကို တွေ့ရစဥ်။ ဓာတ်ပုံ – ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် နယ်စပ်ဖြစ်သော ဖယ်ခုံနှင့် မိုးဗြဲမြို့အပါအဝင် ကရင်နီပြည်နယ်အတွင်း စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၄ အောက်တိုဘာလကုန်အထိ သတ်ဖြတ်ခံရသည့် ပြည်သူ ၅၂၁ဦးရှိပြီး စစ်ရှောင်စဥ်သေဆုံးခဲ့ရသူ ပြည်သူ ၁၆၃ ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၎င်းတို့အလေးသာနေသည့် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံအနှံ့ အထူးသဖြင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့ များ၊ထိုးစစ်ဆင်နေသည့် နေရာများကို နေ့စဥ်နှင့်အမျှ ပြုလုပ်နေပြီး ဒေသခံပြည်သူသေဆုံးထိခိုက်မှုများစွာရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ခုနစ်လကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

သတင်း

ချင်းညီနောင်အနေဖြင့် ဖလမ်းမြို့နှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို တပြိုင်တည်း ဆင်နွှဲလျက်ရှိရာ အောင်မြင်မှုများ ရရှိထားကြောင်း ချင်းညီနောင်တာဝန်ရှိသူအချို့က ပြောကြားထားသည်။

သတင်း

စစ်ဘေးရှောင်ပြည်သူ ၄၀၀ခန့်ရှိနေပြီး ဆေးဝါး၊အနွေးထည်၊စောင်များ၊ စားနပ်ရိက္ခါများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဒီစာရင်းကဇန်နဝါရီလကနေ နိုဝင်ဘာလ ၂၅ ရက်အထိဖြစ်ပြီး နိုင်ကျဉ်း အမျိုးသား ၁၆ ဦး ၊အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ရတာ လို့သိရပါတယ်။

Trending

Facebook