close
Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်း ကျွန်းတောလမ်းပွဲဈေးရက် မီးပိုပျက်နေ

ယင်းပွဲဈေးပြုလုပ်သည့်ရက်တွင် မီးပျက်ချိန် ယခင်ထက် ပိုမိုများပြားလာပြီး ရေပျက်သည့် ဖြစ်ရပ်များလည်း ကြုံရကြောင်း ဒေသခံတစ်ဦးကပြောသည်။

(ကျွန်းတောလမ်းပွဲဈေးပြုလုပ်နေချိန် စမ်းချောင်းမြို့နယ်မှ မီးပျက်နေသည့် လမ်းများကို ဒီဇင်ဘာ ၁၃ ရက်ညက တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ကျွန်းတောလမ်းပွဲဈေးပြုလုပ်နေချိန် စမ်းချောင်းမြို့နယ်မှ မီးပျက်နေသည့် လမ်းများကို ဒီဇင်ဘာ ၁၃ ရက်ညက တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းပွဲဈေးပြုလုပ်သည့်ရက်များတွင် လျှပ်စစ်မီးပျက်မှုဆိုးရွားစွာဖြစ်နေကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူများက ပြောသည်။

“မီးက အခုရက်တော်တော်ကို ပျက်တာ။ ကျွန်းတောပွဲဈေးနဲ့ ဆိုင်မဆိုင်တော့ မသိဘူး။ပျက်တာကတော့တော်တော်ကို ဆိုးတာ”ဟု စမ်းချောင်းမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

ကျွန်းတောလမ်းပွဲဈေးကို ဒီဇင်ဘာ ၁၀ရက်တွင် စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ရက်အထိပြုလုပ်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

(ကျွန်းတောလမ်းပွဲဈေးပြုလုပ်နေချိန် စမ်းချောင်းမြို့နယ်မှ မီးပျက်နေသည့် လမ်းများကို ဒီဇင်ဘာ ၁၃ ရက်ညက တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ကျွန်းတောလမ်းပွဲဈေးပြုလုပ်နေချိန် စမ်းချောင်းမြို့နယ်မှ မီးပျက်နေသည့် လမ်းများကို ဒီဇင်ဘာ ၁၃ ရက်ညက တွေ့ရစဉ်။ ဓာတ်ပုံ – PS)

ယင်းပွဲဈေးပြုလုပ်သည့်ရက်တွင် မီးပျက်ချိန် ယခင်ထက် ပိုမိုများပြားလာပြီး ရေပျက်သည့် ဖြစ်ရပ်များလည်း ကြုံရကြောင်း ဒေသခံတစ်ဦးကပြောသည်။

လျှပ်မီးပေးရမည့် အချိန်တွင် တစ်နာရီပင် အပြည့်မရပဲ ပြန်ပျက်သွားကြောင်း စမ်းချောင်းမြို့နယ်၌ နေထိုင်သူအမျိုးသမီးတစ်ဦးကပြောသည်။

“အနေခက်၊ အစားခက် အသေခက်ဘဝကို လုံးလုံးရောက်နေပြီ ။မွန်းကြပ်မှုတွေအပြည့်နဲ့စာသိုက်အိမ်လိုအခန်းတွေမှာနေရတဲ့ဘဝမှာ ဘာအလုပ်မှမပြီးဘူး ။စိတ်ပျက်တယ်။ မပူလောင်ကြပါစေနဲ့။ ဒီတိုင်းပြည်မှာလူဖြစ်ရတဲ့ဘဝ ဝဠ်ကြွေးတွေလာဆပ်နေရတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို အလှည့်ကျ‌ ဖြင့်ပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် တစ်ရက်လျှင် ရှစ်နာရီ မီးဖြတ်မည်ဟု ကြေညာထားသော်လည်း မီးလာချိန်များတွင်လည်း မလာကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

သတိုး/People’s Spring ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ မွေ့ယာပေါ်တွင် ပါဝါဘန့်အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၇ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးသေဆုံးသွားကြောင်း ယင်းနေရာသို့...

သတင်း

ကျွန်းတောလမ်း မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက် ဘီးလင်းဘုန်းကြီးကျောင်းအရှေ့ အုတ်တံတိုင်းပြိုကျခဲ့ပြီး အနီးတွင် ရပ်နားထားသည့် ကားခြောက်စီးနှင့်ထမင်းဆိုင်တစ်ဆိုင် ပျက်စီးခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပရဟိတအဖွဲ့က ဆိုသည်။

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

စမ်းချောင်းမြို့နယ်အတွင်း ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက် ငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၂နာရီခန့်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Trending

Facebook