close
Connect with us

Hi, what are you looking for?

သတင်း

MNDAAက ပြန်ပေးဆွဲလူသတ်မှုကျူးလွန်သူ ၆ဦးကို သေဒဏ်စီရင်

MNDAAသည် ပြီးခဲ့သည့် ဧပြီကလည်း လောက်ကိုင်မြို့အတွင်း လူသတ်မှုနှင့် ပြန်ပေးဆွဲမှုကျူးလွန်သူ သုံးဦးအား သေဒဏ်စီရင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

(ပြစ်ဒဏ်စီရင်ခံရသူများအား MNDAAက ခေါ်ဆောင်လာစဉ်နှင့် ကြည့်ရှု့နေသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(ပြစ်ဒဏ်စီရင်ခံရသူများအား MNDAAက ခေါ်ဆောင်လာစဉ်နှင့် ကြည့်ရှု့နေသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)

အိမ်သွင်/People’s Spring

ထိန်းချုပ်ဒေသများအတွင်း ပြန်ပေးဆွဲလူသတ်မှုများကျူးလွန်သူ ၆ဦးကို သေဒဏ်စီရင်လိုက် ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ယနေ့(ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။

(ပြစ်ဒဏ်စီရင်ခံရသူများအား MNDAAက ခေါ်ဆောင်လာစဉ်နှင့် ကြည့်ရှု့နေသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(ပြစ်ဒဏ်စီရင်ခံရသူများအား MNDAAက ခေါ်ဆောင်လာစဉ်နှင့် ကြည့်ရှု့နေသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ – MNDAA)

လူသတ်မှုအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ ၂၁ဦးကို MNDAA အထူးဒေသ (၁)တရားစီရင် ရေးဌာနတာဝန်ရှိသူများက စီရင်ချက်ချခဲ့ပြီး ၆ဦးကို သေဒဏ်စီရင်ခြင်းဟု သတင်းရရှိသည်။

သေဒဏ်စီရင်ခံရသည့် ၆ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်သည်။ အဆိုပါ အမျိုးသမီးသည် ၎င်း၏ခင်ပွန်းဖြစ်သူအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူဖြစ်ကြောင်း MNDAAနှင့် နီးစပ်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

MNDAA အထူးဒေသ(၁) တရားစီရင်ရေးဌာနက လောက်ကိုင်မြို့ရှိ လူမြင်ကွင်းတစ်နေရာတွင် ယနေ့ (ဒီဇင်ဘာ ၅ရက်)နံနက်ပိုင်း၌ တရားစီရင်ခဲ့ခြင်း ဖြစ်သည်။ ကျန်၁၅ဦးကို ဆက်လက်ထိန်းသိမ်းထားသည်ဟု ဆိုသည်။

MNDAAသည် ပြီးခဲ့သည့် ဧပြီကလည်း လောက်ကိုင်မြို့အတွင်း လူသတ်မှုနှင့် ပြန်ပေးဆွဲမှုကျူးလွန်သူ သုံးဦးအား သေဒဏ်စီရင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိန်းချုပ်ဒေသများအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ရက်စက်ကြမ်းကြုတ်သည့်နည်းလမ်းဖြင့် သေဆုံးအောင်လုပ်ဆောင်မှုများ ကျူးလွန်ပါက သေဒဏ်၊ ထောင်ဒဏ်တသက်တကျွန်းနှင့် ၁၀နှစ်ထက်မပိုသော ပြစ်ဒဏ်များချမှတ်မည်ဟု ပြီးခဲ့သည့် ပြီးခဲ့သည့် မေလတွင် MNDAAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်၏ ဖိအားပေးမှုသည် MNDAAနှင့် TNLAကို ဦးတည်လာသည်ဟု မြင်ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

သတင်း

အထူးဒေသ(၁)လားရှိုးမြို့၌တာဝန်ရှိသူများနှင့် ဈေးတာဝန်ခံများ၊ဈေးသူ၊ဈေးသားများတွေ့ဆုံကာ အခြေခံစားသောက်ကုန်ဈေးနှုန်းညှိနှိုင်းစည်းဝေးပွဲပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ရက်တွင်

သတင်း

ဖုန်တာရွှင်သည် ပြီးခဲ့သည့်အောက်တိုဘာလက တရုတ်နိုင်ငံသို့သွားရောက်ခဲ့စဉ် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပြန်ခွင့်မရတော့ဘဲ ထိန်းသိမ်းခံရခြင်းဟုMNDAAတရုတ် ရွှေလီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ အချို့က ပြောသည်။

သတင်း

စစ်ဆေး​နေသူများထဲတွင် စီးပွားရေးလုပ်ငန်းရှင် ၄ ဦးထက်မနည်းပါဝင်ပြီး ပြစ်မှုမရှိကြောင်း ထင်ရှားပါက ပြန်လွှတ်ပေးမည်ဟု MNDAA က ပြောဆိုထားသည်။

Trending

Facebook