close
Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်တွင် စစ်တပ်ထောင်ထားသည့်မိုင်းကြောင့် (၅)နှစ်အရွယ်ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး၊ မိခင် ဒဏ်ရာရ

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ကို လက်နက်ကြီး ၊ ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အခြေအနေနှင့် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကြောင့် ဒေသခံပြည်သူထိခိုက်မှုအခြေအနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

(ကျောက်ကြီး(လယ်ဒို)မြို့နယ်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ကျောက်ကြီး(လယ်ဒို)မြို့နယ်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကြောင့် မိသားစုဝင် သုံးဦး ထိခိုက်မှုဖြစ်ပြီး ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံးကာ မိခင်ဖြစ်သူဒဏ်ရာရရှိခဲ့ဟု KNUက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ကို လက်နက်ကြီး ၊ ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အခြေအနေနှင့် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကြောင့် ဒေသခံပြည်သူထိခိုက်မှုအခြေအနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၈ရက်က ဖြူးမြို့နယ် ပေါက်ဇလုပ်ကျေးရွာ (KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ မူးမြို့နယ်၌ ပါဝင်သည့် ကျေးရွာ)မှ မိသားစုတစ်ခုသည် မြို့သို့ စျေးဝယ်ရန် သွားရောက်ရာ ညောင်ပင်သာကျေးရွာအရောက်တွင် စစ်ကောင်စီတပ်သားများ ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အသက် (၂၇)နှစ်အရွယ် ကိုစိုးမင်းနောင်နှင့် ၎င်း၏ (၅)နှစ်အရွယ် သမီးငယ်မအေးမြတ်ငြိမ်းတို့ ပွဲချင်းပြီး သေဆုံးကာ ကလေးငယ်၏ မိခင်ဒဏ်ရာရရှိခဲ့သည်ဟု KNUက ထုတ်ပြန်သည်။ဒဏ်ရာရရှိသူ အသက် (၂၅)နှစ်အရွယ် မနုနုဝင်းသည် ဖြူးဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNU ကျောက်ကြီး(လယ်ဒို)မြို့နယ်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ သူးကဘီး (ကျွဲတလင်းကျေးရွာမှ ဘုန်းကြီးကျောင်းနှင့် ရွာသာယာကျေးရွာမှ ဘုန်းကြီးကျောင်း ထိခိုက် ပျက်စီးခဲ့ရသည်ဟု အသိပေးသည်။

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် နတ်တလင်းကျေးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

ကရင်၊ မွန်၊ တနင်္သာရီနှင့် ပဲခူးဒေသများ ပါဝင်သည့် တောင်ပိုင်းတိုင်း စစ်ဒေသနယ်မြေတွင်လည်း ပြီးခဲ့သည့် တစ်ပတ်အတွင်း စစ်ကောင်စီက ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီး၊ ဒရုန်း များဖြင့် တိုက်ခိုက်မှု ၇၅ကြိမ် ပြုလုပ်ခဲ့ဟု တောင်ပိုင်းတိုင်းစစ်ဒေသက ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏အကြမ်းဖက်လုပ်ရပ်များကြောင့် တပတ်အတွင်း အပြစ်မဲ့ပြည်သူ ၃ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ မတရားဖမ်းဆီးခံရသူ ၂၂ ဦးရှိခဲ့ဟုလည်း ဖော်ပြသည်။ ဖြစ်စဉ် အသေးစိတ်ကို ဖော်ပြမထားပေ။

စစ်ကောင်စီလက်ပါးစေများသည် သက်လတ်ပိုင်းရှိလူငယ်များကို အဓမ္မဖမ်းဆီးကာ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်ခြင်း၊ ငြင်းဆန်ပါက အရမ်းမဲ့အပြစ်ပေးခြင်းနှင့် အပစ်မဲ့ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီး၍ အသက်သေဆုံးသည်အထိ ရိုက်နှက်စစ်ဆေးမေးမြန်းခြင်း အလောင်းဖျောက်ဖျက်ခြင်း စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်းလည်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၃၀ရက် နံနက် ၄ နာရီတွင်လည်း စစ်ကောင်စီသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပအိုဝ်းဒေသ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသရှိ ပအိုဝ်းကျေးရွာ နှစ်ရွာကို ဗုံး၁၄လုံးကြဲချတိုက်ခိုက်ခဲ့ဟု PNLAက အသိပေးသည်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ ၃၀ရက်)တွင် ကျောက်မဲမြိုကို လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့ပြီး နေအိမ် ၉လုံး ပျက်စီးခဲ့သည်။

သတင်း

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ မဟာမိတ်များနှင့်လက်တွဲဖော်ဆောင်ခဲ့ရာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်းကြီး၊ငယ် ၁၅၀ကျော်နှင့် မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

သတင်း

အင်ကြင်း/People’s Spring မန္တလေးတိုင်းအတွင်း တိုက်ပွဲပြင်းထန်နေသော မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့(နိုဝင်ဘာ ၂၉ရက်) ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မတ္တဦမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာများအား ၈၁ မမနှင့် ၁၂၀မမ လက်နက်ကြီးများဖြင့်...

Trending

Facebook