close
Connect with us

Hi, what are you looking for?

သတင်း

SDB ဘဏ်အစုရှယ်ယာ ​ဒေါ်လာ ၁၀ သန်းဖိုး​သတ်မှတ်​​နောက်ဆုံးချိန်မတိုင်ခင်​ရောင်းကုန်

ဒီဇင်ဘာ ၅ ရက်တွင် မျှော်မှန်းပမာဏ ပြည့်မီရန် ဒေါ်လာ တစ်သန်းကျော် လိုအပ်​နေချိန်တွင် တစ်ဦးတည်းဖြင့် ဒေါ်လာသုံးသိန်း နှင့် ဒေါ်လာတစ်သိန်းဖိုးဝယ်ယူသူများရှိခဲ့​ကြောင်းသိရသည်။

SDB ဘဏ်အစုရှယ်ယာ ​ဒေါ်လာ ၁၀ သန်းဖိုး​သတ်မှတ်​​နောက်ဆုံးချိန်မတိုင်ခင်​ရောင်းကုန်
SDB ဘဏ်အစုရှယ်ယာ ​ဒေါ်လာ ၁၀ သန်းဖိုး​သတ်မှတ်​​နောက်ဆုံးချိန်မတိုင်ခင်​ရောင်းကုန်

▪︎ဝယ်လိုသူများ​နေ၍ သုံးရက်ထပ်တိုး​ရောင်း

ရောင်နီ/ People’s Spring

နွေဦးဖွံ့ဖြိုးရေးဘဏ်၏ဒုတိယအကြိမ်‌အစုရှယ်ယာ ရောင်းချသည့် အိမ်ပြန်လှိုင်းသစ် ICO Round ‌2 ပရောဂျက်၏ မျှော်မှန်းပမာဏ ဒေါ်လာ ဆယ်သန်းဖိုး ​ရောင်းပြီးဖြစ်သော်လည်း ဝယ်ယူလိုသူများ​နေဆဲဖြစ်ပြီး ပြည်သူများ၏တောင်းဆိုမှုကြောင့် ဝယ်ယူခွင့် ၃ ရက်တိုးမြှင့်ထားကြောင်း ယင်းဘဏ်ကအသိပေးထားသည်။

“ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နေ့လည် ၃ နာရီ ခွဲ ခန့်မှာ ICO Round 2 ၏ မျှော်မှန်းပမာဏ အမေရိကန် ဒေါ်လာ (၁၀) သန်း ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိ ပြည့်မီသွားပြီ ဖြစ်ပါတယ်။” ဟု နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ကထုတ်ပြန်ထားသည်။

အိမ်ပြန်လှိုင်းသစ် ICO Round 2 ကို နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ၅ ရက်အထိ ရောင်းချခဲ့ခြင်းဖြစ်ပြီး စတင်ရောင်းချသည့်နေ့တွင် ၂၄ နာရီ (တစ်ရက်) အတွင်း ဒေါ်လာ ၂.၂ သန်းကျော်ဖိုးရောင်းချခဲ့ရသည်။ ဒီဇင်ဘာ ၅ ရက် ည ၁၂ နာရီအထိ​ရောင်းရန်​ကြေညာထား​သော်လည်း ဒီဇင်ဘာ ၅ ရက် ည​နေ ၃ နာရီကျာ်တွင် ​ဒေါ်လာ ၁၀ သန်းဖိုး​​ရောင်းခဲ့ရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၅ ရက်တွင် မျှော်မှန်းပမာဏ ပြည့်မီရန် ဒေါ်လာ တစ်သန်းကျော် လိုအပ်​နေချိန်တွင် တစ်ဦးတည်းဖြင့် ဒေါ်လာသုံးသိန်း နှင့် ဒေါ်လာတစ်သိန်းဖိုးဝယ်ယူသူများရှိခဲ့​ကြောင်းသိရသည်။

“တဦးတည်း အမေရိကန်ဒေါ်လာ ၃ သိန်းဖိုး ဝယ်ယူသူလည်း ပေါ်ထွန်းလာပါပြီ..။တစ်ဆယ်၊ တစ်ထောင်၊ တစ်သောင်းကစလို့ သိန်းဂဏန်းအထိ ထောက်ပို့ကြသူအားလုံးကို တန်းတူ လေးစားတန်ဘိုးထားပါတယ်..။” ဟု NUGစီမံကိန်း ၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင် ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

လက်ရှိအချိန်အထိ အစုရှယ်ယာဝယ်ယူသူအများအပြားရှိနေပြီး SDB အသုံးပြုသူများကို ရက်တိုး မတိုး စစ်တမ်းကောက်ယူခဲ့ရာ ရက်တိုးရန် အဆိုပြုသူများသောကြောင့် အစုရှယ်ယာရောင်းချခြင်းကို ဒီဇင်ဘာ ၈ ရက်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း SDB ကအသိပေးထားသည်။

“ပိတ်ခါနီးမှ ဝယ်သူအတော်များနေလို့ ဒီ​နေ့ဝယ်တာ ​နောက်ရက်မှ လက်မှတ်ရမယ်​ပြောတယ်”ဟု ဘဏ်ရှယ်ယာဝယ်ယူခဲ့သူတဦးက​ပြောသည်။

SDB ဘဏ်သည် ပထမအကြိမ် အစုရှယ်ယာရောင်းချခြင်းကို ၂၀၂၃ နိုဝင်ဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့ပြီး ဆယ်ရက်အတွင်း ဒေါ်လာ ၁၁သန်း ကျော်ဖိုးရောင်းချပေးခဲ့သည်။ အဆိုပါရှယ်ယာရှင်များကိုလည်း ဘဏ်အမြတ်ငွေ နှစ်ကြိမ် ပေးထားကြောင်း SDB မှ တာဝန်ရှိသူများကပြောကြားထားသည်။

ဆက်စပ်သတင်းများ

News

“အခုတော့ ဒီဈေးနှုန်းနဲ့ လာရောင်းတဲ့သူသိပ်မရှိဘူး။ ပြန်ရောင်းဖို့လဲ မရှိဘူးဖြစ်နေတယ်”ဟု ကမာရွတ်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

Trending

Facebook