close
Connect with us

Hi, what are you looking for?

သတင်း

အရှေ့ဒဂုံစက်မှုဇုန်မီး ၃နာရီကျော်ကြာသည်အထိ မီးလောင်နေ

မီးသတ်တပ်ဖွဲ့က တိုက်ရိုက်ထုတ်လွှင့်ထားသည့် ဗီဒီယိုဖိုင်များ၌ ကျူးကျော်အိမ်ကဲ့သို့ လူနေအိမ် အများအပြားမီးလောင်နေသည်ကို တွေ့မြင်ရသည်။

(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)
(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)

▪️မီးသတ်နှင့် လူမှုကူညီရေးအသင်းသားအချို့ ဒဏ်ရာရဟုဆို

သတိုး၊သုည/People’s Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စက်မှုဇုန်၌ မီးလောင်မှုဖြစ်ပွားနေရာ မီးလောင်ချိန် ၃နာရီကျော်သည်အထိ မငြှိမ်းနိုင်သေးကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

ဒီဇင်ဘာ ၅ ရက် ညနေ ၆ နာရီခန့်တွင် ဒဂုံအရှေ့စက်မှုဇုန် ပြင်စည်မင်းသားကြီးလမ်း၌ မီးလောင်မှုဖြစ်ပွားနေခြင်းဖြစ်ပြီး Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာမီးငြှိမ်းသတ်နေရကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)
(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ – MFSD)

မီးသတ်တပ်ဖွဲ့က တိုက်ရိုက်ထုတ်လွှင့်ထားသည့် ဗီဒီယိုဖိုင်များ၌ ကျူးကျော်အိမ်ကဲ့သို့ လူနေအိမ် အများအပြားမီးလောင်နေသည်ကို တွေ့မြင်ရသည်။

Public Service Announcement

Public Service Announcement

မီးလောင်မှုဖြစ်ပွားသည့်နေရာသည့် ကော်စက်ရုံဖြစ်ပြီး လောင်စာများသောကြောင့် မီးလောင်ချိန်ကြာမြင့်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

မီးလောင်မှုအချိန်ကြာသည်အထိ Level 1 အဆင့်မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့သောကြောင့် အချိန်ပိုမိုကြာမြင့်ခြင်းဖြစ် နိုင်သည်ဟု ဒေသခံ အချို့က ဝေဖန်ထားသည်။

(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)
(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ – MFSD)

“မီးက လောင်နေတာတော်တော်ကြာပြီ။ ၇နာရီလောက်ထဲကနေ အခုထိ ၂ နာရီကျော်ကြာ လောင်နေတုန်းပဲ။ မီးကတော်တော်များတယ်။ ကော်စေ့စက်ရုံအတွင်းထဲကနေ လှိုက်လောင်နေတာလို့ သိရတယ်။ အနီးအနားရပ်ကွက်တွေဆို ကော်နံ့တွေကို ရတယ်။ အခုကျွန်တော်တို့ ဒဂုံတက္ကသိုလ်ဘက်ကနေ မီးသတ်ကား၊ လူနာတင် ကားတွေ တော​​က်လျှောက်သွားနေတာ တွေ့နေရတယ်”ဟု ဒဂုံမြို့သစ်(အရှေ့ပိုင်း)နေ ပြည်သူတစ်ဦးက ပြောသည်။

(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)
(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ – MFSD)

အဆိုပါ မီးလောင်မှုဖြစ်စဥ်တွင် မီးသတ်တပ်ဖွဲ့ဝင်အချို့နှင့် လူမှုကူညီရေးအသင်းသားအချို့ ထိခိုက်ဒဏ်ရာရရှိနေကြောင်း သွားရောက်ကူညီနေသူတစ်ဦးက ဆိုသည်။

” မငြိမ်းသေးဘူး။ အတွင်းမှာ လှိုက်လောင်နေတယ်။ မီးသတ်တပ်ဖွဲ့ဝင်အချို့ ညှော်နံ့တွေ အရမ်းမွန်းပြီး အသက်ရှုကြပ်တာတွေ မီးဟတ်တာတွေ ထိခိုက်မှုအချို့ရှိနေတယ်။ လူနာတင်ကားတွေရော ကူညီပေးသူတွေရောတော့ အားလုံးအသင့်ရှိနေကြပါတယ်” ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မီးလောင်မှုကို ရပ်ကွက်ဒေသခံများက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ကြောင်း၊ မီးသတ်ကားများမှာမီးငြိမ်းမှရောက်ရှိလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ရဲ့ အကြီးဆုံး စာရင်းဝင် ကျူးကျော်ရပ်ကွက် တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားလို့ အိမ်ခြေ ၁၀၀၀ နီးပါး ဆုံးရှုံးခဲ့ရပါတယ်။

သတင်း

နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် မီးလောင်မှုစတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် ၊မီးလာလိုက်ပျက်လိုက်မကြာခဏဖြစ်ပြီး​နောက် ဝါယာရှော့ဖြစ်ကာ တိုက်အိမ်တစ်လုံး မီးလောင်မှုဖြစ်ရာ မီးသတ်ကားများ ၂နာရီခန့် နောက်ကျပြီးမှ လာရောက်ငြှိမ်းသတ်ခဲ့၍ တစ်အိမ်လုံးပြာကျကြောင်း ​ဒေသခံများက ပြောသည်။

Trending

Facebook