close
Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့မှ တပ်ရင်း ၆ ရင်း AAထပ်မံသိမ်းယူအပြီးသတ်သိမ်းယူရန် နပခအပါအဝင် တပ်ရင်း ၃ခုသာ ကျန်

ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းကိုဆက်သွယ်ထားသည့်အမ်း-ပဒါန်းလမ်းကို တော်လှန်ရေးပူးပေါင်းတပ်များကထိန်းချုပ်ထားသည်။

(အမ်းမြို့နယ်မှ စစ်​ကောင်စီတပ်ရင်းများကို AAဆက်တိုက် သိမ်းပိုက်​နေသည်။ဓါတ်ပုံ-AA Info Desk)
(အမ်းမြို့နယ်မှ စစ်​ကောင်စီတပ်ရင်းများကို AAဆက်တိုက် သိမ်းပိုက်​နေသည်။ဓါတ်ပုံ-AA Info Desk)

အိမ်သွင်/People’s Spring

အမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းများကို AAက ထပ်မံသိမ်းယူလိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လက်အောက်ခံတပ်ရင်းသုံးခုသာ ကျန်ရှိတော့သည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

အာရက္ခတပ်တော်(AA)က အမ်းမြို့နယ်ရှိ စစ်တပ်ရင်း ရှစ်ခုကို တိုက်ခိုက်သိမ်းယူထားပြီး ကျန်ရှိနေသောစခန်းဆယ်ခုကို ဆက်လက်ထိုးစစ်စင်တိုက်ခိုက်နေကြောင်း နိုဝင်ဘာလ ၁၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။ထို့နောက်ပိုင်းတိုက်ပွဲများတွင် AAက စစ်ကောင်စီတပ်ရင်း ခြောက်ခုကို ထပ်မံသိမ်းယူနိုင်ခဲ့ခြင်းဖြစ်​ကြောင်းအမ်းမြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက People’s Spring အား ပြောသည်။

(အမ်းမြို့နယ်မှ စစ်​ကောင်စီတပ်ရင်းများကို AAဆက်တိုက် သိမ်းပိုက်​နေသည်။ဓါတ်ပုံ-AA Info Desk)
(အမ်းမြို့နယ်မှ စစ်​ကောင်စီတပ်ရင်းများကို AAဆက်တိုက် သိမ်းပိုက်​နေသည်။ဓါတ်ပုံ-AA Info Desk)

“အမ်းက နပခ ပါမှ စခန်းလေးခုပဲကျန်တော့တယ်။အဲ့ဒါရရင် ပြီးပြီ။ တောင်ကုတ်က ရနေပြီ။ ဂွမှာလည်း တိုက်ပွဲတော်တော်လေးပြင်းထန်နေတယ်”ဟု အထက်ပါစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

အမ်းမြို့တွင် နပခအပါအဝင် စစ်ကောင်စီတပ်ရင်းစခန်း ၁၈ခုရှိသည်။ ခြေမြန်တပ်ရင်း ခမရ (၃၇၃)၊ အမြောက်တပ်ရင်း အမတ (၃၇၄)၊ လျှပ်စစ်အလုပ်ရုံတပ်ခွဲ(၇၅၇)၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ (၃၄၅)၊ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း တစသ (၈)၊ ကုတင် ၃၀၀ စစ်ဆေးရုံ၊ စစ်ဖက်ရေးရာ လုံခြုံရေး တပ် (စရဖ)နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း AAက နိုဝင်ဘာလ၁၃ရက်တွင်အသိပေးခဲ့သည်။

(အမ်းမြို့နယ်မှ စစ်​ကောင်စီတပ်ရင်းများကို AAဆက်တိုက် သိမ်းပိုက်​နေသည်။ဓါတ်ပုံ-AA Info Desk)
(အမ်းမြို့နယ်မှ စစ်​ကောင်စီတပ်ရင်းများကို AAဆက်တိုက် သိမ်းပိုက်​နေသည်။ဓါတ်ပုံ-AA Info Desk)

နပခဌာနချုပ် အပါအဝင်ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ – ဆလ (၉၄၆)၊ ခြေမြန်တပ်ရင်း- ခမရ (၃၇၁)၊ ခမရ(၃၇၂)၊ လျှပ်စစ်အလုပ်ရုံတပ်ခွဲ- လလစ (၇၅၇/၂)၊ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲ -ထပခ (၉၂၆)၊ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း- အဆရ (၈)၊ တပ်ထိန်းတပ်ခွဲ-တထခ (၁၀)နှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း- စအရ (၉၁၉) တို့ကို ဆက်လက် တိုက်ခိုက်နေကြောင်း ယင်းနေ့တွင်အသိပေးခဲ့သည်။

ထိုကာလနောက်ပိုင်း တပ်ရင်း ၆ ခုသိမ်းယူထားကြောင်း စစ်ရေးသတင်းမြစ်ထံမှသိရသော်လည်း တပ်ရင်းအမည်နှင့်တကွ အသေးစိတ်ကိုမူမသိရှိရသေးပေ။

(အမ်းမြို့နယ်မှ စစ်​ကောင်စီတပ်ရင်းများကို AAဆက်တိုက် သိမ်းပိုက်​နေသည်။ဓါတ်ပုံ-AA Info Desk)
(အမ်းမြို့နယ်မှ စစ်​ကောင်စီတပ်ရင်းများကို AAဆက်တိုက် သိမ်းပိုက်​နေသည်။ဓါတ်ပုံ-AA Info Desk)

အမ်းမြို့တွင်တိုက်ပွဲများပြင်းထန်နေစဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဆုတ်ခွာထွက်ပြေးနေကြသည်။ ထွက်ပြေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းများနှင့် အာရက္ခတပ်‌တော်(AA)၏ မဟာမိတ်တပ်ဖွဲ့များကဆက်တိုက်ကြားဖြတ်တိုက်ခိုက်နေသည်။

ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းကိုဆက်သွယ်ထားသည့်အမ်း-ပဒါန်းလမ်းကို တော်လှန်ရေးပူးပေါင်းတပ်များကထိန်းချုပ်ထားသည်။

AAသည် ၎င်းတို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အသိပေးထားသည့် အမ်း၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့သတင်းများနှင့်ပတ်သက်၍ နိုဝင်ဘာလ၂၉ရက်နေ့ကထုတ်ပြန်ရာတွင် တောင်ကုတ်မြို့ကို ထိန်းချုပ်ထားပြီဟု ဆိုထားသည်။တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့သိမ်းတိုက်ပွဲဆက်လက်တိုက်ခိုက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီး ရမိထားသည့် စစ်သုံ့ပန်းများအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး၍ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု SAFက အသိ​ပေးသည်။

သတင်း

လက်ရှိတွင်လည်း ရှမ်းတောင်နှင့် ကရင်နီပြည်နယ် အစပ်ဖြစ်သော မိုးဗြဲ နှင့် ဖယ်ခုံမြို့နယ်တို့တွင်နေ့စဥ်နီးပါးတိုက်ပွဲ များပြင်ထန်စွာဖြစ်ပွားနေသည်။

သတင်း

လွှဲပြောင်းရန် ကျန်နေသည့် လှေ ၈ စီးကို လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှဲပြောင်းပေးအပ်သွားမည် ဟု AA က ထုတ်ပြန်သည်။

သတင်း

AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှစတင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နှစ်ပြည်သည်အထိ တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း အသိပေးသည်။

Trending

Facebook