close
Connect with us

Hi, what are you looking for?

သတင်း

AA၏ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း နပခတိုင်းမှူးရော၊ ဒုတိုင်းမှူးပါ ထွက်ပြေး

AA၏ ၁၀၂၇ စစ်ဆင်​ရေးတွင် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ လက်လွှတ်ရပြီးနောက် နပခတိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးကို စစ်ကောင်စီက ရာထူးမှထုတ်ပယ်ကာ ဗိုလ်ချုပ်ကျော်စွာဦးကိုအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

AA တပ်ဖွဲ့ဝင်များ
AA တပ်ဖွဲ့ဝင်များ

အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲတွင် မြေပြင်၌ တိုက်ရိုက်ကွပ်ကဲမည့် စစ်ကောင်စီထိပ်တန်းအရာရှိများစွန့်ခွာထွက်ပြေးနေကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးသည် ကျောက်ဖြူမြို့၌ရောက်ရှိနေသလို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အခြားအရာရှိများသည် မကွေးမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားကြောင်းစုံစမ်းသိရသည်။

“ဗိုလ်မှူးချုပ်သောင်းထွန်းရယ်၊ ဒဏ်ရာရတဲ့ ခမရ(၃၇၂)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနဲ့အရာရှိကြီး‌တွေ၊ ထွေအုပ်မှာရှိတဲ့ ဒုညွှန်မှူးအဆင့်ကနေဒုဦးစီးအဆင့်အထိရဟတ်ယာဉ်နဲ့ခေါ်ထုတ်သွားတယ်။ ခေါ်သွားတဲ့အထဲမှာ ဒဏ်ရာရသူတွေပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်
ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

နိုဝင်လာလ ၄ရက်နေ့က နပခထဲရှိ ရဟတ်ယာဉ်ကွင်းသို့ စစ်ရဟတ်ယာဉ် ၂စီးဆင်းသက်ခဲ့ပြီး ရိက္ခာနှင့် လူအင်အား ပို့ဆောင်ကာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဦးဆောင်သည့် ၂ဝဦးခန့်ကို မကွေးမြို့တပ်မ(၈‌‌၈)သို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“တိုင်းမှူးက အမ်းမှာမရှိဘူး။ နောက်ဆုံးသတင်းရတာက ကျောက်ဖြူကို ရောက်နေတယ်။ သူလည်း အမ်းကျမှာသိလို့ ကျောက်ဖြူက တရုတ်စီမံကိန်းတွေလုံခြုံရေး အကြောင်းပြပြီး ထွက်ပြေးတာ လို့သိရတယ်”ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

AA၏ ၁၀၂၇ စစ်ဆင်​ရေးတွင် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ လက်လွှတ်ရပြီးနောက် နပခတိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးကို စစ်ကောင်စီက ရာထူးမှထုတ်ပယ်ကာ ဗိုလ်ချုပ်ကျော်စွာဦးကိုအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဗိုလ်မှူးကြီးအောင်ရွှေ‌တို့ အမ်း၌ ရှိနေပြီး နပခထဲတွင် ရှိနေသည်ဟု သတင်းရ‌ထားကြောင်းAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက​သောကြာ်​နေ့ (နိုဝင်ဘာလ ၈ရက်) နံနက်တွင်ပြောသည်။

တိုင်းမှူးဗိုလ်ချုပ်​ကျော်စွာဦး
တိုင်းမှူးဗိုလ်ချုပ်​ကျော်စွာဦး

ယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် AAက နိုဝင်ဘာ ၅ရက်နေ့မှစသည့် နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲ၌ ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်ဟု စစ်ရေးသတင်းအရင်းမြစ်တစ်ခုကို ကိုးကား၍ နိရဉ္စရာသတင်းဌာနကရေးသားထားသည်။ ထိုဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိ အမ်းတိုက်ပွဲသည် နပခအနီး အနီးကပ်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု ဒေသခံတဦးကပြောသည်။

“စစ်ကောင်စီက လေကြောင်းအားပဲ ယူပစ်နေတာပါ။ စစ်တပ်ထဲမှာ အရာရှိတွေပါသေတယ်ဆိုတဲ့သတင်းတွေ တော်တော်လေးကိုထွက်နေပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အတွဲလိုက် ပစ်ခတ်နိုင်သည့် ဒုံးကျည်များတပ်ဆင်ထားသည့် အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကုန်းကို AAက နိုဝင်ဘာလ ၇ရက်တွင် ထပ်မံသိမ်းပိုက်လိုက်ကြောင်း ဒေသခံများနှင့် AAနှင့် နီးစပ်သောစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

အမ်းမြို့တွင် ခမရ(၃၇၁) ၊(၃၇၂) ၊(၃၇၃) ၊ အမှတ် (၃၇၄ )အမြောက်တပ်ရင်း၊ အမှတ်(၂ )ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၄၅) စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စုတွင် အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)၊ အမှတ် ၁၀ တပ်ထိန်းတပ် စသည့် အခြေစိုက်တပ်ဖွဲ့များ ရှိသည့်အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ အမှတ် ၃၆၂ ခြေမြန်တပ်ရင်း၊ အမှတ် ၃၆၅ ခြေမြန်တပ်ရင်း၊ အမှတ် ၃၆၉ ခြေမြန်တပ်ရင်းများပါ ရှိနေသည်။

နပခ ဆိုင်းဘုတ်
နပခ ဆိုင်းဘုတ်

AA သည် ခမရ(၃၇၃)၊ခမရ (၃၇၁)၊ ခမရ(၃၇၂) ကုတင်၃၀၀ဆေးတပ်၊ တပ်ရင်းများ ဖြန့်ခွဲတပ်စွဲထားသည့် ကံ့ကော်တစ်ထောင်ဘုရား၊ပူလောင်တောင်ဘုရားကုန်း၊စရဖတပ်၊ နပခအနီးရှိမိုက်ကရိုဝှေ့တောင်ကုန်း၊ အမှတ်(၈) တိုက်စည်းကျောင်း၊ BEတပ်ရင်း၊သရက်ပင်တပ်စခန်း၊နတလဂိတ်၊ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကုန်းများကိုသိမ်းပိုက်ထားပြီဟု ဒေသခံများ၊ ဒေသအခြေစိုက်သတင်းဌာနများ၊ မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ထုတ်ဖော်ပြောကြားထားသည်။ တိုက်ပွဲနှင့်ပတ်သက်၍ AAက တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အမ်းမြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ပြီးခဲ့သည့်အောက်တိုဘာလကသတင်းထုတ်ပြန်ခဲ့သည်။

နပခကို AA သိမ်းပိုက်နိုင်ပါက စစ်ကောင်စီအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပြီးလျှင် ဒုတိယမြောက် လက်လွှတ်ရမည့် စစ်တိုင်းဖြစ် လာမည်ဖြစ်သည်။ လားရှိုးမြို့အခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAက ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့တိုက်ပွဲကြောင့် ကျေးရွာများအတွင်း ပိတ်မိနေသူများရှိသလို တောင်ငူမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာသူ တစ်ထောင်နီးပါးရှိနေပြီဟု သတင်းရရှိသည်။

သတင်း

အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)များ ​ဒေသခံ ပကဖများ ၊ABSDF တပ်ဖွဲ့ဝင်များအပါအဝင် ​တော်လှန်​​ရေးတပ်ဖွဲ့များပူး​ပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။​​

သတင်း

သဲခေါ်ကျေးရွာသည် ပြီးခဲ့သည့်ရက်တပတ်က တိုက်ပွဲပြင်းထန်ခဲ့သော ဂန့်ဂေါကျေးရွာအနီးနှင့် မန္တလေး - လားရှိုးလမ်းမကြီးပေါ်တွင် တည်ရှိသည်။

သတင်း

NUGနှင့် မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့များ ယခုနှစ် ဇန်နဝါရီ ၃၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံရေးသဘောတူညီချက်၌ ဘုံနိုင်ငံရေးဦးတည်ချက် ၆ချက်ရှိကြောင်း ပဒိုတာဒိုမူးက အသိပေးထားသည်။

Trending

Facebook