▪︎”တပ်မ(၆၆)က ရင်းတစ်ခုလုံး ရှစ်ယောက်ပဲ ထွက် ပြေးနိုင်တယ်။ ၁၉ ယောက်အရှင်ဖမ်းမိတယ်။ကျန်တဲ့သူက အကုန်သေတယ်”
-ကရင်နီစစ်ရေးသတင်းရင်းမြစ်
လွိုင်ကော်မြို့နယ် ၊ လင်ဖုံလေရွာအနီးတိုက်ပွဲတွင် စစ်ကောင် စီ၏ တပ်မ (၆၆ )လက်အောက်ခံ အမှတ် (၈၀ )ခြေလျင်တပ်ရင်းတစ်ရင်း (ခလရ ၈၀) ခုလုံးနီးပါး သေဆုံးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ပြောသည်။
ယမန်နေ့(နိုဝင်ဘာ ၂၆ ရက်) နံနက် ၆ နာရီခန့်ကစတင်ဖြစ်ပွားသော တိုက်ပွဲတွင် မိုးဗြဲမြို့ကုန်းသာ ဘက်မှ လင်ဖုံလေးရွာသို့ စစ်ကြောင်း ထိုးဝင်လာသော ခလရ ၈၀ တပ်ရင်း ကို ကရင်နီတပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“တပ်မ(၆၆)က ရင်းတစ်ခုလုံး ရှစ်ယောက်ပဲ ထွက် ပြေးနိုင်တယ်။ ၁၉ ယောက်အရှင်ဖမ်းမိတယ်။ကျန်တဲ့သူက အကုန်သေတယ်”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ ဒု စစ်ဦးစီးချုပ်မာဝီကလည်း ၎င်း၏ လူမှုကွန်ယက်တွင် “တပ်မ ၆၆ လက် အောက်ခံ ခ လ ရ ၈၀ မှ ဗိုလ်ကြီး Lလင်း Zဇော် မိ သားစု Mမုန့် Hဟင်း Kခါး ချက် လို့ ရ ပါပြီ။အမှန် တော့ ၈၀ တစ်တပ်လုံး နီး ပါးချက်ရမှာ ပါ ။စု ပေါင်းချက် ကြ ပေါ့ ဗျာ”ဟု အသိပေးထားသည်။
တပ်မ(၆၆)လက်အောက်ခံ ခလရ(၈၀) သည် ပဲခူး တိုင်း၊ ပြည်ခရိုင်အင်းမမြို့နယ်အခြေစိုက် တပ်ရင်းဖြစ်သည်။

တပ်မ ၆၆ ၏ လက်အောက်ခံတပ်ရင်းများသည် ယခင် ကတည်းက ကရင်နီပြည်နယ်၌ တပ်ရင်းလိုက် သေဆုံးမှုများရှိထားဖူးပြီး စစ်ကောင်စီသည် တပ်မ ၆၆ တပ်မမှူးနေရာများကို မကြာခဏ ဖြုတ်ထုတ်ခန့်အပ်ခဲ့ရသည်။
ကရင်နီပြည်နယ်၌ ၎င်းတို့ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်ရရန်စစ်ကောင်စီက ယခုနှစ် နှစ်ဝက်ကစ၍ PNO/PNA ပအိုဝ်းပြည်သူ့စစ် နှင့်အတူဆီဆိုင်နှင့်ပင်လောင်းမြို့ဘက်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
လက်ရှိတွင်လည်း ရှမ်းတောင်နှင့် ကရင်နီပြည်နယ် အစပ်ဖြစ်သော မိုးဗြဲ နှင့် ဖယ်ခုံမြို့နယ်တို့တွင်နေ့စဥ်နီးပါးတိုက်ပွဲ များပြင်ထန်စွာဖြစ်ပွားနေသည်။
