close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်၍ ဒေသခံတစ်ထောင်ကျော် စစ်ရှောင်

တောင်ရင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၁၄၀ကျော် မီးလောင်ပြာကျခဲ့ဖူးသည်။

(ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်း၏ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - တပ်ရင်း ၁၈)
(ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်း၏ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - တပ်ရင်း ၁၈)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်း တောင်ရင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူတစ်ထောင်ကျော် တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်) ညနေ ၅နာရီခန့်က စစ်ကိုင်းမြို့နယ်၊ တောင်ရင်းကျေးရွာအတွင်း ရောက်ရှိနေသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခို​က်ရာ ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး(ပဲခူး)က ပြောသည်။

“ကျွန်တော်တို့ဘက်က ၆၀ မမတွေ RPG တွေပါပါတယ်။ ဒရုန်းမပါဘူး။ သူတို့ဘက်က ထိခိုက်မှု မသိရဘူး။ တပ်ရင်းဘက်ကလည်းအထိအခိုက် လုံးဝမရှိခဲ့ပါဘူး”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၈နာရီ ၁၀မိနစ်မှ ၈နာရီခွဲအတွင်း စစ်ကောင်စီတပ်က တောင်ရင်းရွာအနီးသို့ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

“တိုက်ပွဲပြီးသွားမှ ‌ဖိုက်တာနဲ့ ဗုံးတစ်လုံးလာချ သွားတယ်။ အထိအခိုက် မရှိပါဘူး။”ဟု ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး(ပဲခူး)က ပြောသည်။

အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းကလည်း တောင်ရင်းကျေးရွာကို ဝင်ရောက်ခဲ့သေးသည်။

ယခုအခါ စစ်ကြောင်းသည် ပဒူကျေးရွာရှိ စခန်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုသည်။

စစ်ရှောင်ကူညီသူများထံမှ သိရသောအချက်အလက်များအရ အဆိုပါစစ်ကြောင်းကြောင့် တောင်ရင်းကျေးရွာမှ ဒေသခံပြည်သူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေသည်။

တောင်ရင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၁၄၀ကျော် မီးလောင်ပြာကျခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်းများမှာ လူငယ်ပိုင်းအရွယ်များဖြစ်ပြီး စစ်မှုထမ်းဥပ​ဒေဖြင့် စစ်သားစု​ဆောင်းခံရပြီးသင်တန်း​ပေးပြီး ​ရှေ့တန်း​စေလွှတ်ခံရသူများပါဝင်​ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူများပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိသည်ဟု မန္တလေး PDFက ဆိုသည်။

သတင်း

PNLAတပ်ရှိနေရာသို့ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNOတို့က ထိုးစစ်ဆင်လာ၍ နိုဝင်ဘာ ၂၀ရက်ကစ၍ တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

သတင်း

မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ခုနစ်လကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

Trending

Facebook