close
Connect with us

Hi, what are you looking for?

သတင်း

က​လေးအ​မြောက်တပ်မှ တိုက်ပွဲမရှိဘဲ ချင်း​တောင်​​ခြေသို့ တ​နေကုန်လက်နက်ကြီးဖြင့်ပစ်ခတ်

ကလေးမြို့အနီး ချင်းတောင်ခြေတွင် ထူးခြားသည့် စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက ပစ်ခတ်နေခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က ပြောသည်။

(လက်နက်ကြီးပစ်ခတ်​လေ့ကျင့်​နေ​သော စစ်သားများ။ဓါတ်ပုံ-စစ်​ကောင်စီ)
(လက်နက်ကြီးပစ်ခတ်​လေ့ကျင့်​နေ​သော စစ်သားများ။ဓါတ်ပုံ-စစ်​ကောင်စီ)

အိမ်သွင်/People’s Spring

ကလေးမြို့ အမြောက်တပ်မှချင်းတောင်ခြေဘက်သို့ ပစ်ခတ်နေသည့် အ​မြောက်များမှ မီးပွားများ ကလေးမြို့ပေါ်ရပ်ကွက်များအတွင်းကျရောက်နေ၍ မီးဘေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးနေသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ချင်းတောင်ခြေဘက်သို့ လက်နက်ကြီးများပစ်ခတ်နေပြီး ယ​နေ့(နိုဝင်ဘာ ၁၀ရက်​နေ့)တွင်လည်း မစ်ဇိုင်းများ သုံး၍ ပစ်ခတ်နေသည်ဟုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

“လမ်းပေါ် ရှိနေချိန် ဒုံးကျည်က ပစ်တာ။ အိမ်ကိုမပြန်ရဲတော့အထိ ကြောက်ရတာ။ ခြေတွေလက်တွေတုန်ပြီး လန့်နေရတာ။ ဒုံးကျည်နဲ့အတူမီးပွါးတွေကျနေတယ် အိမ်တွေပေါ်ကို” ဟု မြို့ခံတဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့အနီး ချင်းတောင်ခြေတွင် ထူးခြားသည့် စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက ပစ်ခတ်နေခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်စဥ် လွင့်စင်ကျလာသော အစအနများသည်မီးလောင်လွယ်ပြီး ကလေးမြို့ပေါ်နေရယအချို့တွင် ယမ်းနံ့များ ပျံ့နေကြောင်း သိရသည်။ နိုဝင်ဘာ၁၀ ရက်တွင် နံနက် ၈နာရီခွဲခန့်မှစတင်၍ ည ၈နာရီခွဲခန့်အထိ ၂၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

” အခုထိကို ပစ်နေတုန်းပါ။ ‌စိတ်‌ ရော လူပါ လုံးဝမလုံခြုံတော့ဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ ၉ရက်တွင်လည်း လောင်းရှည်မြို့ရှိ ကပစမှ တာဝေးပစ်ဒုံးဖြင့် မင်းတပ်မြို့အနီးဝန်းကျင်များ လေးကြိမ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံက အသိပေးသည်။

သတင်း

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွင်လည်း မင်းတပ်၌ တော်လှန်ရေးတပ်ဖွဲ့နှင့် မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ရေးသားထားသည်။

သတင်း

နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီခန့်က စစ်​ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးလေးလုံးခန့်မှာနိုးကိုးကျေးရွာနှင့် ‌သရက်ပင်ကျေးရွာအတွင်း ကျရောက်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိ မိုးမောက်ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။