close
Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေသည့် မင်းတပ်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွင်လည်း မင်းတပ်၌ တော်လှန်ရေးတပ်ဖွဲ့နှင့် မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ရေးသားထားသည်။

(ယနေ့ နံနက်က မင်းတပ်မြို့မီးလောင်နေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)
(ယနေ့ နံနက်က မင်းတပ်မြို့မီးလောင်နေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)

ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ယနေ့(နိုဝင်ဘာ ၉ရက်) နံနက်ကစ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ညနေပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF) လှုပ်ရှားရာ မင်းတပ်မြို့တွင် ယနေ့နံနက်ပိုင်းကစ၍ ပစ်ခတ်မှုများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နေအိမ်မီးရှို့မှုများရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွင်လည်း မင်းတပ်၌ တော်လှန်ရေးတပ်ဖွဲ့နှင့် မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ်ဒေသသတင်းများ အသိပေးနေသည့် ဒေသခံက စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုသတင်းကို လူမှုကွန်ရက်၌ ရေးသားခဲ့ရာ ညနေ ၄နာရီ ၁၉မိနစ်နှင့် ၄နာရီ ၂၃မိနစ်တွင် မင်းတပ်မြို့ အနောက်ဖက် တစ်နေရာကို တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

” ဆောက်လုပ်ရေးလမ်းခွဲ ကားလမ်းမ ဘေးရှိ နေအိမ်များ၊ ဆိုင်ခန်းများ ယခုချိန်အထိ တစ်အိမ်ပြီးတစ်အိမ် မီးကူးကာ ဆက်လောင်နေဆဲလို့ ကြားသိရပါတယ်။၎င်း နေရာဝန်းကျင်ရှိနေအိမ်များမှာ အတန်းလိုက်ဖြစ်သောကြောင့်အိမ်ခြေများနိုင်တယ်လို့ခန့်မှန်းရပါတယ်”ဟု ဒေသခံက အသိပေးထားပြီး မီးရှို့ခံရသည့် နေအိမ်များတည်ရှိရာ ဓာတ်ပုံကိုလည်း ဖော်ပြသည်။ ယနေ့ နံနက်တွင် ခေါနူးရိပ်သာ တောင်ဘက်ခြမ်းရှိ ပြည်သူ့နေအိမ် ၁၀ လုံးခန့် မီးလောင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လေကြောင်း ပျံဝဲမှုများဆက်ရှိနေကြောင်း ဆက်သွယ်ရေးလိုင်း အခက်အခဲရှိသည်ဟုလည်း ဒေသခံက အသိပေးသည်။

မင်းတပ်မြို့တိုက်ပွဲသတင်းကို ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ခြင်းမရှိပေ။ CDF မင်းတပ် တာဝန်ရှိတစ်ဦးကို အဆက်အသွယ်ရသော်လည်း လတ်တလော တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ပြောကြားခြင်းမရှိသေးပေ။

မင်းတပ် CDFအနေဖြင့် မင်းတပ်မြို့သိမ်း တိုက်ပွဲ စစ်ဆင်ရေး ဖော်ဆောင်မည်ဟု အသိပေးထားပြီး အဆိုပါ စစ်ဆင်ရေးအတွက် ရန်ပုံငွေ ရှာဖွေမှုကိုလည်း နိုဝင်ဘာ ၁ရက်မှ ၃၀ရက်အထိသတ်မှတ်ထားသည်။

CDFမင်းတပ်သည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ကျင်ဒွေးမြို့နှင့် မတူပီမြို့သိမ်းတိုက်ပွဲများကို ချင်းညီနောင်အဖွဲ့ဝင်များ၊ အာရက္ခတပ်တော်(AA)၊ အခြားတော်လှန်ရေးတပ်များပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက် အောင်ပွဲရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမ်း - ပဒါန်းလမ်းတွင် အောက်တိုဘာလ ၂၈ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်းကို မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းနှင့် အတူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF)က သတင်းထုတ်ပြန်ထားသည်။

သတင်း

'၁၁.၁၁ စစ်ဆင်ရေး'အမည်ဖြင့် ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်တွင် ကရင်နီတပ်ပေါင်းစုများစုဖွဲ့ပြီး ဒေသတွင်းရှိ စစ်ကောင်စီစခန်းများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရောဂါဖြစ်ပွားနေသည့် ကလေးငယ်ပမာဏများပြားနေသည်ဟု မြောင်လူငယ်ကွန်ရက် - YFCက ​ပြောကြားပြီး အရေအတွက်ကိုမူ ​​ဖြေကြားခြင်းမရှိသေးပေ။

သတင်း

တိုက်ပွဲနှင့်ပတ်သက်၍ AAက တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အမ်းမြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းပြီးခဲ့သည့်အောက်တိုဘာလကသတင်းထုတ်ပြန်ခဲ့သည်။

Facebook