close
Connect with us

Hi, what are you looking for?

သတင်း

သန်းခေါင်စာရင်းကောက်ယူရန် မင်းဘူးမြို့တွင် Non CDM ကျောင်းဆရာမများကို စစ်ကောင်စီသင်တန်းပေးနေ

သန်ခေါင်းစာရင်းကောက်ယူရာတွင် ပါဝင် သူများအရေးယူမည်ဟု မင်းဘူးခရိုင် PDF တပ်ရင်း သတိပေး

သန်းခေါင်းစာရင်းကောက်ယူမည့် စစ်ကောင်စီထောက်တိုင်ဝန်ထမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

စောနွေဦး/People’s Spring

သန်းခေါင်စာရင်းကောက်ယူရန် မင်းဘူးမြို့တွင် Non CDM ကျောင်းဆရာမကို စစ်ကောင်စီက သင်တန်းပေးနေကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံအနှံ့ရေကြီးမြေပြိုမှုဖြစ်နေချိန်တွင် စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်ကြိုးစားနေပြီး လာမည့် အောက်တိုဘာ ၁ရက်တွင် သန်းခေါင်စာရင်းကောက်ယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

“မင်းဘူးက ခရိုင်မြို့ဆိုတော့ မင်းဘူး အထက(၂)ထဲမှာ ကျောင်းဆရာမတွေကို ဒီလကုန်အပြီးဆိုပြီး သင်တန်းပေးနေတယ်။”ဟု မင်းဘူးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိကောက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ်လုပ်မယ့် ဒီသန်းခေါင်စာရင်းကောက်တာကို မင်းဘူးမြို့နယ်ထဲမှာ လက်ခံမှာမဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ဘယ်ဝန်ထမ်းမဆို အရေးယူသွားမှာဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးထားလိုပါ”ဟု မင်းဘူးမြို့နယ်၊အခြေစိုက် မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းတာဝန်ရှိသူက ပြောသည်။

ထို့အပြင် မင်းဘူးခရိုင်အတွင်း မြို့နယ်များဖြစ်သည့် စလင်း၊ပွင့်ဖြူမြို့နယ်တို့မှ ကာကွယ်ရေးတပ်များကလည်း စစ်ကောင်စီ၏ သန်းခေါင်းစာရင်းကောက်ခံမှုများကို လက်ခံမည် မဟုတ်ကြောင်း အသီးသီးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း သန်းခေါင်စာရင်းကောက်မည့် စစ်ကောင်စီထောက်တိုင်များအား ထိရောက်စွာအရေးယူမည်ဟု မကွေးတိုင်း၊ မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းက သတိပေးသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် အကူအညီပေးနေသည့် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူးမင်းမင်းထွန်းသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ဘေး ရေဘေး ကြုံရချိန်တွင် အာဏာတည်မြဲရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို ဆန့်ကျင်ရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များ က တိုက်တွန်းလိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် CDM ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏မောင် မသန်စွမ်းအမျိုးသားကို စစ်ကောင်စီကဖမ်းဆီးသွားပြီး အမျိုးသားအားသတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

Facebook