ဆိုင်းမင်း/People’s Spring
ရှမ်းပြည်တောင်ပိုင်း ၊ ရွာငံလမ်းပိုင်းမှာ ဒီနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ခင်း ပိုင်းက ဘုရားဖူးကားတစ်စီး ချောက်ထဲ ထိုးကျပြီး ခရီးသည် ၂ ဦးသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကသိရပါတယ်။
ရွာငံနဲ့ သံဘိုရွာကြား တောင်အဆင်းလမ်းမှာ နေ့ခင်း ၂ နာရီခန့်က မီနီဘတ်စ်အမျိုးအစားဘုရားဖူး ကား ပေ ၂၀၀ ခန့် နက်တဲ့ ချောက်ထဲ ထိုးကျသွားတာပါ။

Public Service Announcement
တောင်အဆင်းလမ်းပိုင်းမှာ အရှိန်လွန်ပြီး လမ်းဘေးချောက်ထဲ ထိုးကျတာလို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦး က ပြောပါတယ်။
ဘုရားဖူးကားပေါ်မှာ အမျိုးသား ၄ ဦး ၊အမျိုးသမီး ၂၄ ဦး စုစုပေါင်း ၂၈ ဦးလိုက်ပါလာတယ်လို့ သိရပါတယ်။
သေဆုံးသူ ၂ ဦးရဲ့ ကျား၊မ ၊အသက်အရွယ် အချက်အလက်တွေကို တော့မသိရသေးပါဘူး။
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဘုရားဖူးကား ချောက်ထဲ ထိုးကျပြီး လူ ၁၅ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ရွာငံလမ်းပိုင်းမှာပဲ အိမ်စီးကား တိမ်မှောက်လို့ လူ ၆ ဦး သေဆုံးခဲ့ရပါတယ်။
