close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ကြရန် အမေရိကန်ရောက်မြန်မာများ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြည်ပရောက် မြန်မာများပူးပေါင်း၍ စစ်ကောင်စီပြုလုပ်ရန် စီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် လှုံ့ဆော်ဆန္ဒပြမှု ယနေ့ (စက်တင်ဘာ ၁) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Free Burma Action Committe

သုည/People’s Spring

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြည်ပရောက် မြန်မာများပူးပေါင်း၍ စစ်ကောင်စီပြုလုပ်ရန် စီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် လှုံ့ဆော်ဆန္ဒပြမှု ယနေ့ (စက်တင်ဘာ ၁) ပြုလုပ်ခဲ့သည်။

Free Burma Action Committee-Northern California မှ ဦးဆောင်ကာ နွေဦးတော်လှန်ရေး အင်အားစုများ၊ထောက်ပို့ပြည်သူများ ပူးပေါင်းပါဝင်ပြီး “အာဏာရှင်ထွက်ပေါက် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူ့အားနဲ့ ဆန့်ကျင်ကြ၊ ပြည်သူ့အားနဲ့ တိုက်ဖျက်ကြ” ခေါင်းစဉ်ဖြင့် လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

အတုအယောင်ရွေးကောက်ပွဲကို ပုံစံမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရန်၊ အထွေထွေအကျပ်အတည်းများကို လူထုအားဖြင့် အုံကြွဖောက်ထွက်ရန်၊ တရုတ်နိုင်ငံ ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီက တအာင်းတပ်မတော် TNLA ထံ ပေးပို့သော ခြိမ်းခြောက်စာနှင့် ပတ်သက်၍ နွေဦးတော်လှန်ရေး အင်အားစုများမှ တရုတ်ကွန်မြူနစ်အစိုးရ၏ အချုပ်အခြာအာဏာပိုင်နိုင်ငံအပေါ် မိုက်ရိုင်းစော်ကားသော လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြရန် တောင်းဆိုခဲ့ကြသည်။

ထို့အပြင် (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးအတွက် စက်တင်ဘာအတွင်း ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုများ၊ လှုံ့ဆော်တောင်းဆိုမှုများ ပြုလုပ်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားတပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်အဖွဲ့အားလုံးနှင့်အတူတသားတည်း ရပ်တည်ကြောင်း ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က ဆန္ဒထုတ်ဖော်ပြသခဲ့သည်။

သတင်း

မန္တလေးတိုင်းရှိ စဥ့်ကူး၊ သပိတ်ကျင်းနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံပြည်သူ ၇ ဦး သေဆုံးပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်​ကောင်စီက ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟုဆိုကာ ဆေးဝါးကုမ္ပဏီ ၁၀၀ကျော်၏ ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကို စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနက ပယ်ဖျက်လိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် မြင်းမူမြို့အဝင်များရှိ စစ်ကောင်စီတပ်အား PDF ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။