Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ဖြင့် လေကြောင်းတိုက်ခိုက်၍ ရဲဘော်အချို့ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၌ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်မှုသည် စစ်ကောင်စီဘက်မှစတင်၍ ဟိုင်ဂင်အပြစ်ရဲ့စာချုပ်ကို ချိုးဖောက်လာခြင်းကို မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

စစ်​ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဒဏ်ရာရ​နေ​သော TNLA တပ်ဖွဲ့ဝင်အချို့ ကို ​ဆေးတပ်ဖွဲ့က ​ရှေးဦးသူနာပြုစုနည်းဖြင့် ကုသ​ပေး​နေစဥ်
စစ်​ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဒဏ်ရာရ​နေ​သော TNLA တပ်ဖွဲ့ဝင်အချို့ ကို ​ဆေးတပ်ဖွဲ့က ​ရှေးဦးသူနာပြုစုနည်းဖြင့် ကုသ​ပေး​နေစဥ်

▪︎ရှမ်းမြောက် စစ်​ကောင်စီက ဟိုင်ဂင်အပစ်ရပ်စာချုပ်ကို စတင်‌ချိုးဖောက်

ဟန်​နွေ ၊ ယောနသံ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ တအာင်းတပ်မတော်(TNLA) တပ်စခန်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း TNLAက ယမန်(ဇွန် ၉ရက်နေ့) ညတွင် သတင်းထုတ်ပြန်သည်။

ဇွန်လ ၉ရက် ညနေပိုင်းတွင် မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် ၅၀၀ ဗုံးဖြင့် ၁ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် TNLA တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် TNLA ရဲဘော်များ ထိခိုက်ကျဆုံးရှိကြောင်း သတင်းထွက်ပေါ်လျက်ရှိရာ အခြေအနေများမေးမြန်းရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်ထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှ ၉ရက်နေ့အထိ TNLA ရှိရာသို့ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း လည်း TNLA ကထုတ်ပြန်သည်။

စစ်​ကောင်စီက​လေ​ကြောင်းမှ ကြဲချခဲ့​သောပေါင် ၅၀၀ ဗုံး​၏ အပိုင်းအစအချို့ ။
စစ်​ကောင်စီက​လေ​ကြောင်းမှ ကြဲချခဲ့​သောပေါင် ၅၀၀ ဗုံး​၏ အပိုင်းအစအချို့ ။

“မိုးမိတ်က နောက်တကြိမ်တိုက်ပွဲဖြစ်မယ့် အခြေအနေမှာ ရှိပါတယ်ဗျ။ ရှောင်သူတွေက ရှောင် ကုန်ပြီ။ ကချင်(KIA) နဲ့ ပလောင်(TNLA) သေချာစုစည်းနိုင်ဖို့တော့လိုတယ်။ မဟုတ်ရင် အရင်တခါ လို မြို့ပျက်မှာ” ဟု မြို့ခံတစ်ဦးကပြောသည်။

ထိုအပြင် စစ်ကောင်စီသည် ဇွန်လ ၁ရက်မှ ဇွန်လ၉ရက်အတွင်း TNLAစခန်းရှိရာနေရာများကို လက်နက်ကြီးဆယ်ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သည်ဟု TNLAက ထုတ်ပြန်အသိပေးထားသည်။

မိုးမိတ်မြို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်များက စစ်​ကောင်စီတပ်စခန်းများအားတိုက်လိုက်ရန် ပြင်ဆင်နေစဉ် ဇွန်လ ၇ရက်ညနေတွင်TNLAက မြို့တွင်းနေရာအချို့ကို ဝင်ရောက်တပ်စွဲလိုက်ကြောင်း ​ဒေသခံများကပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များက မိုးမိတ်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီစခန်းများကိုပြီးခဲ့သည့်ဇန်နဝါရီလက တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည်။ စစ်ကောင်စီ၏ အာသံကျေးရွာဂိတ်စခန်း၊ ရွှေဇာလီဂိတ်စခန်းနှင့် ရဲစခန်းကို သိမ်းယူခဲ့ပြီးရက်အနည်းငယ်အကြာတွင် TNLA က ဟန့်တားခဲ့၍ KIA ဗဟို၏ အမိန့်အရ KIAနှင့် ပူးပေါင်းတပ်များပြန်လည်ဆုတ်ခွာခဲ့သည်။။

ထို့နောက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအား စစ်ကောင်စီက ပြန်တပ်စွဲပြီး လေကြောင်းမှတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြားပျက်စီးခဲ့သည်။ ထို့အပြင် စစ်ကောင်စီသည် အရပ်သားများအားပစ်ခတ်သတ်ဖြတ်မှုများ၊ နေအိမ်များအားဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု မြို့ခံများကပြောသည်။ စစ်ဘေးရှောင်ဒေသခံအများစုသည် ‌မတ်လတွင် မိုးမိတ်မြို့သို့ပြန်ဝင်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၄ရက်ညနေတွင် KIA ဦးဆောင်သည်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီသည် မိုးမိတ်မြို့ မန်ဖွယ်ရွာဟောင်းနှင့်လယ်ကြီးရွာနှင့်သရက်တောရွာတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုအခြေအနေတွင် TNLA က မြို့တွင်းနေရာအချို့ကို ယနေ့ညနေတွင် ဝင်ရောက်နေရာယူခဲ့သည်။ယခုအခါ TNLA စခန်းနေရာချို့ကို စစ်ကောင်စီကတိုက်ခိုက်ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဒဏ်ရာရ​နေ​သော TNLA တပ်ဖွဲ့ဝင်အချို့ ကို ​ဆေးတပ်ဖွဲ့က ​ရှေးဦးသူနာပြုစုနည်းဖြင့် ကုသ​ပေး​နေစဥ်
စစ်​ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဒဏ်ရာရ​နေ​သော TNLA တပ်ဖွဲ့ဝင်အချို့ ကို ​ဆေးတပ်ဖွဲ့က ​ရှေးဦးသူနာပြုစုနည်းဖြင့် ကုသ​ပေး​နေစဥ်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ထားသည်။ မူဆယ်နှင့်လားရှိုးမြို့ကို ဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်မှုဖြင့် ဟိုဂင်အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်အရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ယာယီအပစ်ခတ်ရပ်စဲထားကြသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးအတွင်းမိုးမိတ်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ခု အပါအဝင် ရှမ်းမြောက်ရှိ စစ်တပ်စခန်း ၈၀ ကျော်ကို သိမ်းပိုက်ခဲ့သည်။ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ မြို့ ၇မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။ ဟိုက်​ဂင်သ​ဘောတူညီချက်ဖြင့် အပစ်ရပ်စဲခဲ့သော်လည်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်း များ မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း TNLAက မကြာခဏအသိပေးထားသည်။

စစ်ကောင်စီတပ်သည် မိုးမိတ်အပါအဝင် ရှမ်းမြောက်ဒေသ၌ စစ်အင်အားဖြည့်တင်းခြင်း၊ စစ်ရေးပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း TNLAနှင့် KIAက အသိပေး ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီသည် အပစ်ရပ်စာချုပ်ကို အကြိမ်ကြိမ်ချိုးဖောက်နေကြောင်း မဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသလို ရှမ်းပြည်နယ်‌ေမြာက်ပိုင်း၌ မကြာမီတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ကြောင်းလည်း ဒေသခံများအကြား သတင်းထွက်ပေါ်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်မှုသည် စစ်ကောင်စီဘက်မှစတင်၍ ဟိုင်ဂင်အပြစ်ရဲ့စာချုပ်ကို ချိုးဖောက်လာခြင်းကို မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

(စစ်​ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဒဏ်ရာရ​နေ​သော TNLA တပ်ဖွဲ့ဝင်အချို့ ကို ​ဆေးတပ်ဖွဲ့က ​ရှေးဦးသူနာပြုစုနည်းဖြင့် ကုသ​ပေး​နေစဥ် / ​စစ်​ကောင်စီက​လေ​ကြောင်းမှ ကြဲချခဲ့​သောပေါင် ၅၀၀ ဗုံး​၏ အပိုင်းအစအချို့။ ဓါတ်ပုံ-TNLA)

ဆက်စပ်သတင်းများ

ဆောင်းပါး

ကရင်နီပြည်က ကျောင်းသားမိဘ​တွေဟာ မြာ​မော်လိုပဲ ရင်​သွေးငယ်​တွေအတွက်​ကျောင်းဖွင့်ရာသီ​တွေမှာ စိုးရိမ်​နေကြရပါတယ် ။ ​ကျောင်းသားမိဘ​တွေ ဒီလိုသောက​တွေ​ဝေ​အောင်လည်း အာဏာသိမ်းစစ်ကောင်စီက အကြိမ်ပေါင်းများစွာကျောင်း​တွေကို ဗုံးကြဲခဲ့ပါတယ်။

ဗီဒီယို

▪︎စစ်ခေါင်းဆောင်တပ်မှူးကြီးများ၏ ခေါင်းဆောင် မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှုနှင့် လူ့အသိစိတ်ဓာတ် ပျောက်ဆုံးမှုတို့ကို ရှင်းလင်းစွာတွေ့ရဟု AA ထုတ်ပြန်

သတင်း

AAသည် ဇွန်လဆန်းတွင် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအား အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ရက်မှ ၇ရက်အတွင်း အမှတ်(၉)နယ်ခြားစောင့်တပ်ဖွဲ့(နခခ-၉)အပါအဝင် စခန်း၆ခုကို သိမ်းရခဲ့သည်ဟု အသိပေးထားသည်။

သတင်း

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းသည် စစ်တပ်အာဏာမသိမ်းက နိုင်ငံ၏ရွှေဈေးနှုန်းကို သတ်မှတ်ပြီး အသင်း၏သတ်မှတ်ချက်ပေါ်မူတည်၍ ရောင်းဝယ်ကြခြင်းဖြစ်သည်။