Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်ပြုတ်ကျရေး AAနှင့် လက်တွဲ တိုက်ပွဲဝင်မည်ဟု ချင်းညီနောင်ထုတ်ပြန်

ချင်းပြည်ကောင်စီအနေဖြင့်လည်း ချင်းညီနောင်အဖွဲ့ဝင်များအဖွဲ့ဝင်အဖြစ် ပါဝင်လာရေး လမ်းဖွင့်ထားကြောင်းလည်း အသိပေးထားသည်။

(ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစခန်းသိမ်းစစ်ဆင်ရေးမှ ပြန်လည်ရောက်ရှိလာကြသည့် ချင်းညီနောင် ရဲဘော်များကို ပြည်သူများနှင့် CNO/CNDF မှ နွေးထွေးစွာကြိုဆိုနေစဉ်။ ဓာတ်ပုံ - CNO)
(ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစခန်းသိမ်းစစ်ဆင်ရေးမှ ပြန်လည်ရောက်ရှိလာကြသည့် ချင်းညီနောင် ရဲဘော်များကို ပြည်သူများနှင့် CNO/CNDF မှ နွေးထွေးစွာကြိုဆိုနေစဉ်။ ဓာတ်ပုံ - CNO)

▪️မင်းတပ်နှင့် ကန်ပက်လက် ကောင်စီများ အပါအဝင် ချင်းတော်လှန်ရေးအဖွဲ့ လေးခုကို ချင်းပြည်ကောင်စီအဖွဲ့ဝင်အဖြစ် အတည်ပြု

ဟန်နွေ/People’s Spring

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အာရက္ခတပ်တော်(AA)နှင့်အတူ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ချင်း နှင့် ရက္ခိုင် ချစ်ကြည်ရေးကို ယခုထက်ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ ခြောက်ခုစုဖွဲ့ထားသည့် ချင်းညီနောင်က ဇွန်လ ၈ရက်တွင် ထုတ်ပြန်သည်။

ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)-CNC/CDF Mindat၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/MDF)၊CDF ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁)တို့ စုပေါင်းထားသည့် ချင်းညီနောင်က ယမန်နေ့(ဇွန်လ ၈ရက်)တွင် အများပြည်သူသို့ အသိပေးချက်ထုတ်ပြန်ပြီး AAနှင့် လက်တွဲဆောင်ရွက်မှု အခြေအနေများကို အဓိက ဖော်ပြခဲ့သည်။

(ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစခန်းသိမ်းစစ်ဆင်ရေးမှ ပြန်လည်ရောက်ရှိလာကြသည့် ချင်းညီနောင် ရဲဘော်များကို ပြည်သူများနှင့် CNO/CNDF မှ နွေးထွေးစွာကြိုဆိုနေစဉ်။ ဓာတ်ပုံ - CNO)
(ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစခန်းသိမ်းစစ်ဆင်ရေးမှ ပြန်လည်ရောက်ရှိလာကြသည့် ချင်းညီနောင် ရဲဘော်များကို ပြည်သူများနှင့် CNO/CNDF မှ နွေးထွေးစွာကြိုဆိုနေစဉ်။ ဓာတ်ပုံ – CNO)

ချင်းညီနောင်၏မဟာမိတ် ဖြစ်သော AAသည် အောင်ပွဲများ၊ အောင်မြင်မှုများရရှိနေသော်လည်း တစ်ဖက်တွင် ရန်သူ၏ လူမျိုးရေးပဋိပက္ခ ဖြစ်စေရန် ဖန်တီးတိုက်ခိုက်နေခြင်း၊ အခက်အခဲများ ဖြစ်စေရန် ချောက်တွန်းလုပ်ကြံခြင်းတို့ကို ကျော်ဖြတ်ပြီး ချင်းညီနောင်အနေဖြင့် AAနှင့် ရက္ခိုင်ပြည်သူများအတွက် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း ပီသစွာ ဆက်လက်ရပ်တည်မည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ချင်းတော်လှန်ရေးအဖွဲ့များနှင့် AAတို့ အိမ်နီးနားချင်း ဆွေမျိုးရင်းချာညီအကိုများသဖွယ် အသက်ထပ်တိုက်ပွဲဝင်နေကြစဉ်ကာလအတွင်း မဟုတ်မမှန်သတင်းများ ထုတ်ပြန်တိုက်ခိုက်ခြင်းများ ရှိနေရာ ယင်းလုပ်ရပ်သည် တော်လှန်ရေးကို အကျိုးယုတ်စေသည့် စိတ်ဓာတ်မမှန်သော မှားယွင်းသော လုပ်ရပ်များသာဖြစ်ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

အချို့သော လူပုဂ္ဂိုလ်များအဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ချင်းတော်လှန်ရေးအဖွဲ့များနှင့် AAတို့၏ ပူးပေါင်းဆောင်ရွက်မှုများ မထိခိုက်စေရန် သတိထားရမည်ဖြစ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း အခြေအမြစ်မရှိ၊ အထောက်အထား မရှိသော တစ်ဖက်သတ်ဝါဒဖြန့်မှုများကို နားမယောင်မိရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

AA၏ ပြတ်သားသော စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်များ၊ စစ်သည်တော် ကျင့်ဝတ်များ၊ မဟာမိတ် ဆက်ဆံရေး မူဝါဒများကို ချင်းတော်လှန်ရေးအဖွဲ့အစည်းများသာမက မြန်မာ တစ်နိုင်ငံလုံးရှိ အခြားသော နွေဦးတော်လှန်ရေး အဖွဲ့များကလည်း အားကျ အတုယူကြသည်မှာ အများအသိဖြစ်ကြောင်းလည်း ချင်းညီနောင်က ထုတ်ပြန်ခဲ့သည်။

(ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစခန်းသိမ်းစစ်ဆင်ရေးမှ ပြန်လည်ရောက်ရှိလာကြသည့် ချင်းညီနောင် ရဲဘော်များကို ပြည်သူများနှင့် CNO/CNDF မှ နွေးထွေးစွာကြိုဆိုနေစဉ်။ ဓာတ်ပုံ - CNO)
(ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစခန်းသိမ်းစစ်ဆင်ရေးမှ ပြန်လည်ရောက်ရှိလာကြသည့် ချင်းညီနောင် ရဲဘော်များကို ပြည်သူများနှင့် CNO/CNDF မှ နွေးထွေးစွာကြိုဆိုနေစဉ်။ ဓာတ်ပုံ – CNO)

AAနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့များ ဖြစ်ပြီး ယင်းအနက် အဖွဲ့အချို့သည် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်များ စုပေါင်းထားသည့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ချင်းပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေး၊ နိုင်ငံရေးအရ ပြဿနာအချို့ရှိနေသည့် အဖွဲ့များ ပါဝင်သည်။

တစ်ဖက်တွင်လည်း ချင်းပြည်ကောင်စီ အစည်းအဝေးက အဖွဲ့ဝင်အဖြစ် လျှောက်ထားသော Mindat Council ၊ Kanpetlet Council၊ Thado Council၊ Zanniatland People’s Organization စသည့် ချင်းတော်လှန်ရေးအဖွဲ့ ၄ခုကို အဖွဲ့ဝင်အဖြစ် အတည်ပြု လက်ခံခဲ့ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် CNA ပါဝင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့ဝင် အဖွဲ့ဝင် ၁၈ဖွဲ့ ရှိလာပြီဖြစ်သည်။

ချင်းပြည်ကောင်စီအနေဖြင့်လည်း ချင်းညီနောင်အဖွဲ့ဝင်များအဖွဲ့ဝင်အဖြစ် ပါဝင်လာရေး လမ်းဖွင့်ထားကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတိုက်ပွဲများ မည်သည့်အချိန်၌ ပြီးမလဲဆိုသည်မှာ စစ်ကောင်စီဘက်က မည်သို့ တုန့်ပြန်သည်ဆိုသည့် အခြေနေနှင့် သက်ဆိုင်သည်ဟု ၎င်းက ပြောသည်။

သတင်း

မောင်တောမြို့နယ်အတွင်း အခြားနေရာအချို့၌လည်း တိုက်ပွဲရှိခဲ့ပြီး စစ်ကောင်စီက သာယာကုန်းရွာ ဝန်းကျင်မှ ရွာသား ၅ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားရာ ၁ဦးသာ လွတ်မြောက်လာသည်ဟု ဆိုသည်။

သတင်း

အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြို့အား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောင်သော ပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။

နိုင်ငံတကာ

ဘိုင်ဒန်က သူဟာ ပူတင်အကြောင်းကို နှစ်ပေါင်း ၄၀ လောက် သိထားခဲ့ကြောင်း၊ အဲဒီ နှစ် ၄၀ လုံးလုံး သူနဲ့ပတ်သက်သမျှ စိတ်အေးစရာ မရှိခဲ့ကြောင်း ဆိုပါတယ်။