(၁) သောက်ရေသန့်၊ သယ်ရလွယ်တဲ့ ရေစစ်၊ မုန့်ခြောက်၊ ခေါက်ဆွဲခြောက်
(၂) အရေးပေါ်ဆေးဝါးများ၊ မိသားစုထဲကျန်းမာရေးမကောင်းသူရှိပါက သောက်နေကြ ဆေးများ (ဆေးသောက်ရန် အညွှန်းစာရွက်)၊ လက်သန့်ဆေး၊ နှာခေါင်းစည်း

Public Service Announcement
(၃) နားတွင် ပိတ်ဆို့စရာ Earplug (တိုက်ပွဲအတွင်းရောက်ပါက နားစည်ကာကွယ်ပေးရန်)၊ ဂွမ်းစ (သို့မဟုတ်) ပတ်တီးလိပ်
(၄) ဖုန်း၊ အားသွင်းကြိုး၊ Power Bank၊ ဖုန်းငွေဖြည့်ကတ်၊ မိသားစု၊ မိတ်ဆွေရင်းများ ဆက်သွယ်ရန်လိုအပ်လာနိုင်တဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများရဲ့ဖုန်းနံပါတ် (ဖုန်းနံပါတ် မှတ်ထား၍ အန္တရာယ်ရှိနိုင်တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအမည်တွေ မမှတ်ထားပါနဲ့)
(၅) ခြင်နဲ့ ပိုးမွှားအန္တရာယ်ကာကွယ်နိုင်တဲ့ လူးဆေး၊ ဖြန်းဆေး
(၆) ဓါတ်မီး၊ ထီး၊ မိုးကာ

Public Service Announcement
(၇) အမျိုးသမီးဖြစ်ပါက လစဥ်သုံးပစ္စည်း
(၈) ရေပြတ်၊ မီးပြတ်ပါက အလေး၊ အပေါ့စွန့်ပစ်နိုင်ရန် ပလက်စတစ်အိတ်အမဲ၊ တစ်သျူးအစို၊ အခြောက်၊ ဆပ်ပြာရည်
(၉) အတွင်းခံအပါအဝင် ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစား (ရာသီဥတုနဲ့ ဒေသအပေါ်မူတည်ပြီးတော့ အနွေထည်များ ယူသင့်)
(၁၀) မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ယာဥ်မောင်းလိုင်စင်၊ စာချုပ်နဲ့ အရေးကြီးစာရွက်စာတမ်းများ (စာချုပ်စာတမ်းများကို ရေမစိုစေရန် စီမံထားရန်)
(၁၁) ငွေကြေး၊ ဘဏ်စာချုပ်၊ သယ်ရလွယ်တဲ့ တန်ဖိုးကြီးပစ္စည်းတွေ (သေချာစွာထုတ်ပိုးရန်)
(၁၂) ရေဒီယို၊ ဝီစီ (မိသားစု၊ မိတ်ဆွေနဲ့ အဆက်အသွယ်ပြတ်သွားရင် ဆက်သွယ်ရန်၊ အလွယ်တကူလူစုရန်)
(၁၃) ဓါး၊ ကတ်ကြေး၊ မီးခြစ်၊ ဖရောင်းတိုင်
(၁၄) ကိုယ်နေထိုင်ရာနဲ့ အရေးပေါ်သွားရမယ့်နေရာတွေကို နယ်မြေကျွမ်းအောင်လေ့လာထားပြီး လိုအပ်ရင် မြေပုံဆွဲထားရန်၊ မြေပုံဆောင်ထားရန်
(၁၅) မိသားစုကွဲသွားရင် ပြန်ဆုံရန်နေရာများ၊ ရှာရန်နေရာတွေ သတ်မှတ်ထားရန်
(မှတ်ချက် – အပေါ်စာရင်းမှာမပါပေမယ့် တစ်ဦးချင်း၊ တစ်မိသားစုချင်း လိုအပ်ချက်အရ အရေးကြီးတာ၊ သယ်ရလွယ်တာတွေ အိတ်ထဲထည့်ထားသင့်ပါတယ်)
ကိုးကား – ICRC ၊ QUORA ၊ NUG
