Connect with us
close

Hi, what are you looking for?

LuduNwayOo

Infographics

မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်

☢️ အသုံးပြုလိုက်ပေမယ့် မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်ပစ်ဗုံးများ၊ မော်တာများ၊ ဒုံးကျည်များ၊ ကျည်ဆံများက တိုက်ပွဲဖြစ်နေတဲ့ ဒါမှမဟုတ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေ၊ ဗုံးကျဲခံထားရတဲ့နေရာတွေမှာ ရှိနေနိုင်ပါတယ်။

☢️ အဲဒီလို ပစ်လိုက်၊ ခတ်လိုက်ပေမယ့် ပေါက်ကွဲမသွားဘဲ ကျန်နေတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေက အသာအယာထိမိတို့မိယုံနဲ့ ပေါက်ကွဲသွားနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

☢️ အဲဒီလို စစ်ကျန်လက်နက်ပစ္စည်းတွေက မြေမြှုပ်မိုင်းတွေထက်တောင် အဖျက်စွမ်းအားပိုပြင်းထန်နိုင်ပါတယ်။

☢️ လက်နက်ပစ္စည်းအပိုင်းအစတွေကိုတွေ့တဲ့အခါ ကိုင်တွယ် ရွေ့ပြောင်းဖို့မကြိုးစားပါနဲ့။ ဓာတ်ပုံမရိုက်ပါနဲ့။ အနီးကပ်မကြည့်ပါနဲ့။ ခဲနဲ့ပစ်ပေါက်ကြည့်တာ၊ တုတ် ဒါမှမဟုတ်အရာဝတ္ထုပစ္စည်းတစ်ခုခုနဲ့ ထိုးစွကြည့်တာမလုပ်ပါနဲ့။

☢️ စစ်ကျန်လက်နက်ပစ္စည်းတွေက မြေပေါ်တစ်ပိုင်းတစ်စထွက်နေတာ၊ အမှိုက်တွေ ရွံ့တွေနဲ့ဖုံးအုပ်နေတာမျိုးတွေ့နိုင်ပြီးတော့ သံချေးတက် ဆေးအရောင်တွေပြောင်းနေနိုင်ပါတယ်။

☢️ အရောင်အသွေးတွေပြောင်းပြီး မြေပေါ်မြေအောက်မှာ နှစ်များစွာကြာတည်ရှိနေပေမယ့်လည်း အချိန်မရွေးပေါက်ကွဲနိုင်စေတယ်ဆိုတာကိုလည်း မမေ့ပါနဲ့။

Public Service Announcement

Public Service Announcement