Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းလေကြောင်းတိုက်ခိုက်မှု သံဃာနှစ်ပါးနှင့် ရဲဘော်များအပါအဝင် ရှစ်ဦးခန့်သေဆုံး

တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းရှိ သံဃာနှစ်ပါး ပျံလွန်တော်မူပြီး ရဲဘော်နှင့် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်း၌ ပသုံးလုံး အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာနှစ်ပါး အပါအဝင် ရှစ်ဦးခန့် သေဆုံးကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။

ယနေ့(ဇွန်လ ၈ရက်)နံနက် ၁၁ နာရီဝန်းကျင်က သပြေသာကျေးရွာဘုန်းကြီးကျောင်းတွင် ပသုံးလုံးဟုခေါ်သည့် စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)နှင့် ပြည်သူများ အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောသည်။

တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းရှိ သံဃာနှစ်ပါး ပျံလွန်တော်မူပြီး ရဲဘော်နှင့် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“အစည်းအဝေးဆိုတော့ တော်တော်များတယ်ဗျ။ ရဲဘော်က လေးဦး ကျွန်တော်တို့သိရသလောက်ပေါ့။ စာရင်းကတော့ ခုမှကောက်နေတုန်းရှိသေးတယ်။ ဘုန်းကြီးနှစ်ပါးပါတယ်။”ဟု Wetlet Informational Network အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူများအနက် ငါန်းဇွန်မြို့နယ်မှ တော်လှန်ရေးလုပ်ငန်းများ တက်ကြွစွာလုပ်ကိုင်ခဲ့သည့် ဇနီးမောင်နှံဖြစ်သူ ဦးသန်းဆွေ၊ ဒေါ်ရွှေဇင်နှင့် ၎င်းတို့သား ရဟန်းဝတ်နေသူတို့ပါဝင်ပြီး မိသားစုဝင် သုံးဦးလုံး ကျဆုံးခဲ့သည်ဟု ဆိုသည်။

“အခုတော့ ဆွမ်းကပ်နေတဲ့ အဖေနဲ့ အမေရယ် ဆွမ်းစားဖို့ ပြင်နေတဲ့ ဦ်းဇင်းသားငယ်ရယ် တနေ့ထဲတချိန်ထဲ‌ တနေရာထဲမှာ စစ်ကောင်စီမှ ချခဲ့သော ဗုံးများအနက် ဗုံး နှစ်လုံး ဘေးကပ်လျက်ကျ၍ နိုင်ငံအတွက်(ငါန်းဇွန်မြို့အတွက်)မြင့်မြတ်စွာ အသက်ပေးစတေးခဲ့ရလေပြီ။”ဟု ဘဏ္ဍာရှာဖွေရေးနှင့် အောင်ပန်းဝေဝေ ငါန်းဇွန်မြေတာဝန်ခံ Haru Nakakima က ရေးသားထားသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသည့် ရဲဘော်နှင့် ပြည်သူများလည်းရှိနေပြီး ဆေးကုသမှုပေးနေကြောင်း သိရသည်။

သေဆုံးစာရင်းပတ်သက်၍ စစ်ကိုင်းပသုံးလုံးအဖွဲ့များထံ ဆက်သွယ်မေးမြန်းအတည်ပြုရန် ကြိုးပမ်းနေပြီး လက်တလောဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ပြည်သူများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ ခပ်စိတ်စိတ်ပြုလုပ်နေသည်။

ဇွန်လ ၃ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မတောရွာကျေးရှိ မင်္ဂလာဆောင် အခမ်းအနားတစ်ခုကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ခုနစ်ဦးအပါအဝင် ပြည်သူ ၃၀ခန့် သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများ၏အဆိုအရ AAသည် သံတွဲမြို့ကို သိမ်းပိုက်ရန် နီးစပ်နေပြီဟု ရေးသားဖော်ပြနေကြသည်။ စစ်ကောင်စီက လေကြောင်းနှင့် ရေတပ်မှ လက်နက်ကြီးများအဆမတန်ပစ်ခတ်၍ AAကိုခုခံတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောသည်။

နိုင်ငံတကာ

အစ္စရေးဟာ ဂါဇာစစ်ပွဲတလျှောက် အရပ်သားထူထပ်ရာ ဧရိယာတွေမှာ အရင်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အမေရိကန်က အခုလိုမျိုး ကြားဝင်ပြီး အကြံပြု တိုက်တွန်းတာမျိုး ဖြစ်လေ့မရှိပါဘူး။

ဆောင်းပါး

ရာချီသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအနက် စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သောဖြစ်စဥ် အများအပြား ရှိခဲ့ပါသည်။

သတင်း

ပျဉ်းကိုင်းရွာကို ယနေ့(ဇွန်လ ၆ရက်) နံနက်က လေကြောင်းမှပစ်ခတ်ခြင်းဖြစ်ပြီး သာစည်ရွာကို နေ့လည်၁၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်။