Connect with us
close

Hi, what are you looking for?

LuduNwayOo

Infographics

ထိုင်းသွားမည့်မြန်မာများ ဆောင်ရန်၊ ရှောင်ရန် အချက်များ

◉ တရားဝင်နည်းလမ်းဖြင့် သွားရောက်ရန်။

◉ မဲဆောက်မြို့၌ နေထိုင်မည်ဆိုပါက အပြင်ထွက်ရာတွင် ဂရုစိုက်ရန်။

Public Service Announcement

Public Service Announcement

◉ သက်ဆိုင်ရာနယ်မြေရှိ ‌ရွှေ့ပြောင်းလုပ်သားအရေးကူညီသူများ၏ ဖုန်းနံပါတ်နှင့် Line ID များ မှတ်သားထားရန်။

◉ ထိုင်းအစိုးရ ထုတ်ပြန်ချက်များအား အဆက်မပြတ်သိရှိ​အောင် သတင်းဖတ်ရှု၊ နားစွင့်နေရန်။

◉ ထိုင်းဘာသာစကားနှင့် ယဥ်ကျေးမှု၊ ဥပဒေအကြောင်း လေ့လာထားရန်။

◉ အဝတ်အစားများ သပ်ရပ်စွာဝတ်ဆင်ရန်။

Public Service Announcement

Public Service Announcement

◉ တရားဝင်သွား​ရန်နည်းလမ်း လုံးဝမရှိပါမှ တရားမဝင်သွားရန် စဥ်စားသင့်ပြီး ထိုသို့သွားမည်ဆိုပါက ယုံကြည်စိတ်ချရသည့် သူများဖြင့် ချိတ်ဆက်ရန်။

◉ ပတ်စ်ပို့အပါအဝင် စာရွက်စာတမ်းအထောက်အထားများ အမြဲတမ်းယူဆောင်ရန်။

◉ ထိုင်းအစိုးရက မြန်မာနိုင်ငံသားများဝင်​ရောက်မှု၊ အထူးသဖြင့် တရားမဝင် လာ​ရောက်မှုကို ပိုမိုတင်းကြပ်လာ၍ ထိုင်း​ရောက်သည်နှင့် အားလုံးအဆင်​ပြေသွားမည်ဟု​ မျှော်လင့်မထားဘဲ ယုံကြည်ရ​သောမိတ်​ဆွေများဖြင့်ချိတ်ဆက်၍ ကြုံလာနိုင်​သော အခက်အခဲများအတွက်အသင့်ပြင်ထားရန်။

◉ နိုင်ငံတွင်းမှ လူငယ်များ ပြည်ပထွက်​ပြေးရန်ကြိုးစား​နေမှုကို အသုံးချ၍ လူကုန်ကူးရန် ကြိုးစားသူများရှိနိုင်၍ လူကုန်ကူးခြင်းနှင့်ပတ်သက်၍ ပညာ​ပေးအစီအစဥ်​တွေကို​လေ့လာရန်။