close
Connect with us

Hi, what are you looking for?

သတင်း

နတ်​ရေကန်တိုက်ပွဲပို့တဲ့စစ်သားသစ် ၂ဦး ​တော်လှန်​​ရေးတပ်​တွေထံအလင်းဝင်

နတ်ရေကန်ဗျူဟာအနီးမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်စစ်ကြောင်းထဲက စစ်သားသစ်နှစ်ဦး ထွက်ပြေးလာပြီး အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေထံလက်နက်ချအလင်းဝင်လာပါတယ်။

၂၀၂၅ နိုဝင်ဘာလမှာ နတ်​ရေကန်ဗျူဟာရှိစစ်စခန်းက AAထံအလင်းဝင်ခဲ့တဲ့စစ်သား။ဓါတ်ပုံ-AA Info Desk

ဇန်နဝါရီ-၇၊၂၀၂၆။အိမ်သွင်/People’s Spring

နတ်ရေကန်ဗျူဟာအနီးမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်စစ်ကြောင်းထဲက စစ်သားသစ်နှစ်ဦး ထွက်ပြေးလာပြီး အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေထံလက်နက်ချအလင်းဝင်လာပါတယ်။

နတ်ရေကန်ဗျူဟာအနီးကပဇီရွာမှာတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းထဲကနေ ဇန်နဝါရီလ ၅ရက်နေ့မှာ ထွက်ပြေးလာတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

၎င်းက ” ထွက်ပြေးတာတွေလည်း ရှိတယ်။ကျတော်တို့ဘက်ကိုဒီရက်ထဲပြေးလာတာက၂ယောက်ထပ်ရှိတယ်။အရင်လူတွေနဲ့ဆိုတော်တော်များနေပြီ” လို့ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငဖဲမြို့နယ် နတ်ရေကန်လမ်းဟောင်းက ပဇီရွာဟာ နတ်ရေကန်ဗျုဟာနဲ့ ၂မိုင်ခန့်အကွာမှာရှိပါတယ်။ နတ်ရေကန်ဗျုဟာနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဖြတ်တောက်ထားတဲ့ AAနဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့အခါ စစ်တပ်က ပဇီရွာမှာ တပ်စွဲပြီး စစ်ရေးပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ခုနှစ် ဒီဇင်ဘာလ၁၄ ရက်နဲ့ ၁၉ ရက်မှာလည်း နတ်​ရေကန်ဗျူဟာအနီးတိုက်ပွဲထဲက စစ်မှုထမ်းသင်တန်းဆင်းသုံးဦးချင်းကာကွယ်ရေးတပ်-အရှို (CDF – Asho )ထံလက်နက်တွေနဲ့ အလင်းဝင်လာခဲ့ပါ‌သေးတယ်။

စစ်သင်တန်းဆင်းတွေဟာ ရှေ့တန်းစစ်မြေပြင်မှာအထက်တပ်မှူးတွေကဗိုလ်ကျအနိုင်ကျင့်မှု၊ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ တပ်မှထွက်ပြေးဖို့ ကြိုးစားလျှက်ရှိနေကြတယ်လို့CDF – Asho ကထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဆန်းပိုင်းကစပြီးရခိုင်နဲ့ မ​ကွေးအစပ် အမ်း-ပဒါန်းလမ်းတိုက်ပွဲ​တွေမှာCDF Asho အပါအဝင် AAနဲ့ မဟာမိတ်‌တွေထံ အလင်းဝင်တဲ့စစ်သား၃၀၀ ခန့်ရှိ​နေပြီလို့သိရပါတယ်။ လက်နက်နဲ့အလင်းဝင်လာသူတွေကို ဆုငွေပေးသလို ကျန်သူတွေကိုလည်း နေရပ်ထံပြန်ပို့ပေးတာတွေလည်း ရှိနေပါတယ်။

နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်နေပြီးစစ်တပ်က တပ်မ(၈၈)၊ စကခ(၁၇)တို့ကို သုံးပြီး ခုခံနေပါတယ်။ အခု​နောက်ဆုံး မ​ကွေးအ​ခြေစိုက် တပ်မ (၉၉)ကိုပါ စစ်ကူထပ်မံ​စေလွှတ်ပြီး နတ်​ရေကန်မကျဖို့ခုခံ​နေပါတယ် ။

စစ်တပ်က အတင်းအဓမ္မစစ်သားစုဆောင်းထားတဲ့ လူငယ်တွေ အနေနဲ့ အချိန်မရွေးအလင်းဝင်ဘက်ပြောင်းလာနိုင်ပြီး အသက်နှင့်လုံခြုံမှု ရရှိစေရေးကို အာမခံတယ်လို့AA နဲ့ မဟာမိတ်တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ