ဇန်နဝါရီ ၆၊၂၀၂၆။ သုည/People’s Spring
စစ်တိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၆) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ ရဲဘော်တွေက စစ်ကောင်စီက ပြု
လုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်မဲမပေးကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

Public Service Announcement
တော်လှန်ပြည်သူတွေဟာ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး “ သင့်မဲဖြင့် တရားဝင်လူ
သတ်ခွင့် မပေးနဲ့” ၊ “ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” စာသားကိုင်ဆောင် ဆန္ဒပြခဲ့ပါတယ်။
အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်စစ်ရွေးကောက်သပိတ်မှောက် တော်
လှန်ရေးကိုရဲရဲလျှောက်” စာသားတို့နဲ့ စစ်တပ်ရွေး
ကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျဆုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ-ရွာပေါင်းစုံသပိတ်၊ GSCB




















































