close
Connect with us

Hi, what are you looking for?

သတင်း

ဗန်း​မော်​လေယာဥ်ကွင်းတွင် ​ပေါက်ကွဲမှုဖြစ်ပြီး ​လေယာဥ်ခရီးစဥ်များယာယီဖျက်သိမ်း

ပေါက်ကွဲမှုသည် နံနက်၁၁နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟု ဒေသခံ အချို့ကပြောသည်။ စစ်ကောင်စီနှင့်ရဲကား ငါးစီးသည် မြို့ထဲတွင်ကင်းလှည့်နေသည်ဟု သိရသည်။

(ဗန်​မော်​လေယာဥ်ကွင်းကို​ ၂၀၂၄ မတ်လ ၇ ရက်တွင်တိုက်ခိုက်ခံရပြီး​နောက်တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဗန်​မော်​လေယာဥ်ကွင်းကို​ ၂၀၂၄ မတ်လ ၇ ရက်တွင်တိုက်ခိုက်ခံရပြီး​နောက်တွေ့ရစဥ်။ဓါတ်ပုံ-CJ)

အိမ်သွင်၊ထားမြတ် /People’s Spring

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ဗန်းမော်လေယာဉ်ကွင်းအတွင်း ယ‌နေ့ (နိုဝင်ဘာ ၂၆) နံနက်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်ခရီးစဉ်များ ယာယီဖျက်သိမ်းလိုက်ကြောင်း ​ဒေသခံများကပြောသည်။

“ပေါက်ကွဲသံကြီးကြားလိုက်တယ်။ လက်နက်ကြီးကျတယ်လို့လည်းပြောတယ်။ လေယာဉ်ကွင်းထဲမှာ ဗုံးပေါက်တယ်လို့လည်းပြောတယ်။ ဘာမှန်းတော့သေချာမသိသေးဘူး။ အခုကတော့ လေယာဉ်ခရီးစဉ်တွေအကုန်ပိတ်လိုက်တာဟုတ်တယ်” ဟု ဗန်းမော်မြို့ခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုသည် နံနက်၁၁နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟု ဒေသခံ အချို့ကပြောသည်။ စစ်ကောင်စီနှင့်ရဲကား ငါးစီးသည် မြို့ထဲတွင်ကင်းလှည့်နေသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“ဘယ်အဖွဲ့လည်းဆိုတာတော့ သေချာမသိသေးပါဘူး။KIA ဘက်ကလည်း ဘာမှပြောဆိုထားတာမရှိသေးပါဘူး”ဟု သတင်းရင်းမြစ် တစ်ဦးက ဗန်းမော်လေဆိပ် တိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီးပြောသည်။

ဗန်းမော်မြို့နှင့် ကိုးမိုင်ခန့်ဝေးသောမိုးမောက်မြို့နယ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲများဖြစ်ပွားနေသည်။ စစ်ကောင်စီသည် ဗန်းမော်လေဆိပ်ကိုအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသလို လက်နက်၊ရိက္ခာနှင့်လူရင်အားလည်း ဖြည့်တင်းနေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

ပေါက်ကွဲမှုကြောင့်ထိခိုက်ပျက်စီးမှုမှုအခြေအနေကိုမသိရှိရသေးပေ။ KIA​၏ ၀၇၀၃ စစ်ဆင်​ရေးစတင်သည့် ၂၀၂၄ မတ် လ ၇ ရက်ကလည်း ဗန်းမော်လေယာဥ်ကွင်းအတွင်းရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့၍ လေယာဉ်‌‌​ပြေးလမ်းပျက်စီးခဲ့ပြီး လေဆိပ်အား စစ်ကောင်စီက ယာယီပိတ်ပစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့​ပေါ်တွင် စစ်ကောင်စီတ​ပ်စွဲရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင်နေရာအချို့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်တပ်ဆီသယ်ယာဥ် မီးလောင်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိ

သတင်း

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် သန်းခေါင်စာရင်း‌ ကောက်ယူရန် အစည်းအဝေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါ အစည်းအဝေးပြုလုပ်နေသူ ကိုးဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

Facebook