ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အမျိုးသမီးတစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၄ ဦးအား PDFဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၁၉ ရက် နေ့လည်ပိုင်းက မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာ ရွှေမြင်တင်တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာပြီး အဆိုပါကျောင်း၌ ခိုလှုံနေသော စစ်ဘေးရှာင်ပြည်သူ မချောစု၊ ကိုဝင်းဇော်၊ ပန်းရံလုပ်သားတစ်ဦးနှင့် တောင်ယာလုပ်သားတစ်ဦး စုစုပေါင်း စစ်ရှောင်ပြည်သူ ၄ ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
“သူတို့က ကြေးမုံရွာအဝင်မှာနေတာဆိုတော့ ခဏခဏ ရွာမှာ စစ်ကြောင်း ထိုးခံနေရတော့

Public Service Announcement
ဘေးလွတ်ရာ ရွှေမြင်တင်တောင်ပေါ်ကိုသွားနေကြတာ။ အဲ့ဒါကို လက်နက်ကိုင်ဆိုပြီး အမည်တပ် ဖမ်းသွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပြည်သူ ၄ ဦးအား PDFဟုစွပ်စွဲပြီး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ရေးသားကြသည်။
စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၇ရွာခန့်မှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။
