close
Connect with us

Hi, what are you looking for?

သတင်း

ချင်းမြောက်ပိုင်းတိုက်ပွဲ ၈ရက်အတွင်း ချင်းပူးပေါင်းတပ်က စစ်ကောင်စီတပ် ၃၀ခန့် ဖမ်းမိပြီး လက်နက် ၆၀ကျော် သိမ်းရ

ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ ၂၀၂၅ ဒီဇင်ဘာလကုန်ပိုင်းကနေ ဇန်နဝါရီလဆန်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် အရာရှိ အပါအဝင် သုံ့ပန်း ၃၀ ခန့်နဲ့ လက်နက်မျိုးစုံ အလက် ၆၀ ကျော်သိမ်းရခဲ့ကြောင်း ချင်းညီနောင်တပ်ဖွဲ့ တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

ချင်းပူးပေါင်းတပ် ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - VOC

ဇန်န၀ါရီ-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ ၂၀၂၅ ဒီဇင်ဘာလကုန်ပိုင်းကနေ ဇန်နဝါရီလဆန်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် အရာရှိ အပါအဝင် သုံ့ပန်း ၃၀ ခန့်နဲ့ လက်နက်မျိုးစုံ အလက် ၆၀ ကျော်သိမ်းရခဲ့ကြောင်း ချင်းညီနောင်တပ်ဖွဲ့ တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၂၉ရက်ကနေ ဇန်နဝါရီ ၅ရက်အထိ ၈ရက်တာအတွင်း ဖလမ်းမြို့နယ် ခွန်လီကျေးရွာအနီး တိုက်ပွဲ၊ တီးတိန်မြို့နယ် ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲအတွင်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းအရေအတွက်ကို အခုလို အတည်ပြုပေးတာဖြစ်ပါတယ်။

“ စစ်သုံံ့ပမ်းကတော့ ကနေဒီဖက် ပိုများမယ်။ လက်နက်ကတော့ ဖလမ်းဖျက်များမယ်” လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက တိုက်ပွဲ ၈ရက်အတွင်း စစ်သုံ့ပန်း ၃၀ ခန့်နဲ့ လက်နက် ၆၅ လက်ထက်မနည်း ရရှိခဲ့မှု အခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်ကလည်း “ ကနေဒီမှာတော့ လက်နက်ငယ် ၃၀ ကျော် နဲ့ ခလရ(၈၇)က ဗိုလ်မှူးအပါအဝင် သုံ့ပန်းက ၂၀ ဝန်းကျင် အဲဒါ ဖမ်းဆီးရမိတယ်။ ချင်းညီနောင် ဦးဆောင်ပြီးမှ စစ်ကူအနေနဲ့ ပူးပေါင်းတပ်က CDM စီးယင်းဟုတ်တယ်”လို့ ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲ အခြေအနေကို ပြောပါတယ်။

ကနေဒီတောင်ကို စစ်ကောင်စီက အင်အား ၆၀ကျော်နဲ့ တပ်စွဲထားလို့ ချင်းပူးပေါင်းက ၂၀၂၅ ဒီဇင်ဘာ ၂၆ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၀ရက်မြောက် ၂၀၂၆ ဇန်နဝါရီ ၄ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် နိုဝင်ဘာ ၁၉ရက်က ချင်းညီနောင်က ကနေဒီတောင်ကို ပထမအကြိမ် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီတပ်က တပ်စွဲနေရာယူခဲ့လို့ ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ဒါ့အပြင် ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်ထိုးစစ်ကို အတူပူးပေါင်း ခုခံခဲ့ရာ ဒီဇင်ဘာလကုန်ပိုင်းနဲ့ ဇန်နဝါရီလဆန်းမှာ တန်ပြန်ထိုးစစ်တွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၉ရက် ဖလမ်းမြို့နယ် ခွန်လီရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၄ဦး အရှင်မိပြီး လက်နက် ၁၀လက်နဲ့ ခဲယမ်းတွေ သိမ်းရခဲ့ပါတယ်။ခွန်လီရွာအနီးမှာပဲ ဇန်နဝါရီ ၃ရက်မှာ တိုက်ပွဲ ဆက်ရှိခဲ့ရာ စစ်သုံ့ပန်း၂ဦးနဲ့ လက်နက် ၉လက်ကိုချင်းပူးပေါင်းတပ်က ထပ်မံ သိမ်းရခဲ့သလို ဇန်နဝါရီ ၅ရက်မှာတော့ ခွန်လီရွာအနီးတောင်ကုန်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နေရာတွေကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ရာ က်နက် ၁၅လက်နဲ့ စစ်သုံ့ပန်း၂ဦးထပ်ရခဲ့ပါတယ်။ ဒါကြောင့် ခွန်လီရွာအနီး တိုက်ပွဲ ၈ရက်အတွင်း စစ်ကောင်စီသုံ့ပန်း ၈ဦးနဲ့ လက်နက်မျိုးစုံ ၃၄ လက်ကို ချင်းပူးပေါင်းတပ်က သိမ်းရခဲ့တာပါ။

လက်ရှိမှာ ဖလမ်းမြို့နယ် ခွန်လီရွာနားက စစ်ကောင်စီတပ်တွေ တပ်ဆုတ်ထားလို့ ဇန်နဝါရီ ၇ရက်နဲ့ ဒီကနေ့ ဇန်နဝါရီ ၈ရက်မနက်အထိ တိုက်ပွဲတွေ ငြိမ်နေသေးတယ်လို့ ချင်းညီနောင် တာဝန်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တီးတိန်၊ ဖလမ်း စတဲ့ ချင်းမြောက်ပိုင်းက နယ်မြေတွေ ပြန်ရဖို့ ၂၀၂၅ နှစ်လည်ပိုင်းက စတင် ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၅ အောက်တိုဘာလကုန်မှာ စစ်အင်အား ထပ်မံဖြည့်တင်းကာ စစ်ကြောင်းထိုးလာလို့ တီးတိန်၊ ဖလမ်းနဲ့ ဆက်စပ်နယ်မြေတွေ ဖြစ်တဲ့ ကလေး၊ ဂန့်ဂေါ မြို့နယ်တွေမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ