close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အတိတ်အတွက် နောင်တရမိကြောင်း ဒုတိယ ကမ္ဘာစစ် ပြီးဆုံးမှု နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ဂျပန်ဝန်ကြီးချုပ်ပြော

ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်နိုင်ငံရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ အတိတ်တွေအတွက် နောင်တရမိတယ်လို့ စစ်ပြီးဆုံးမှု နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ပြောကြားခဲ့ပါတယ်။

Yonhap

ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်နိုင်ငံရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ အတိတ်တွေအတွက် နောင်တရမိတယ်လို့ စစ်ပြီးဆုံးမှု နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ပြောကြားခဲ့ပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့က တိုကျိုမြို့မှာ ဒုတိယ ကမ္ဘာစစ်အတွင်း သေဆုံးခဲ့သူတွေအတွက် ရည်ရွယ် ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ချိန်မှာ အီရှီဘာက အခုလို ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ စစ်ကြီးအတွင်းမှာ ဂျပန်ရဲ့ ကိုလိုနီပြု သိမ်းပိုက်တာကို ခံခဲ့ရတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့တော့ အီရှီဘာက သူ့မိန့်ခွန်းထဲမှာ သီးခြား ထည့်သွင်း ရည်ညွှန်းသွားတာမျိုး မရှိခဲ့ပါဘူး။

အရင်တုန်းကဆိုရင် ဂျပန်ဝန်ကြီးချုပ်တွေဟာ အခုလို စစ်ပြီးဆုံးမှု နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းတွေမှာ ဂျပန်ကြောင့် အိမ်နီးချင်း နိုင်ငံတွေ ထိခိုက်နစ်နာခဲ့ရတဲ့ အခြေအနေတွေအပေါ် ထည့်သွင်း အသိအမှတ်ပြု ဝန်ခံပြောဆိုလေ့ ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၂ မှာတော့ ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အိမ်နီးချင်း နိုင်ငံတွေအကြောင်း ထည့်မပြောတော့ဘဲ ဂျပန်က စစ်ပွဲအတွက် နောင်တရမိတယ်ဆိုတဲ့ သဘောထားမျိုးကိုသာ ပြသပြီး အဲဒီအစဉ်အလာကို ပြောင်းပစ်ခဲ့ပါတယ်။

အီရှီဘာဟာ တိုကျိုမှာရှိတဲ့ နစ်ပွန် ဘူဒိုကန် ခန်းမဆောင်မှာ ကျင်းပခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးမှု နှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပြီး ဂျပန် အနေနဲ့ စစ်ပွဲရဲ့ ဆိုးယုတ်ကြမ်းတမ်းမှု အမှားတွေကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်ကျူးလွန်လို့ မဖြစ်ကြောင်း၊ စစ်ပွဲက ပေးခဲ့တဲ့ နောင်တနဲ့ သင်ခန်းစာတွေကို နှလုံးသားမှာ ထာဝရ ကမ္ဗည်းထိုးထားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အီရှီဘာနည်းတူ ဂျပန် ဧကရာဇ် နာရူဟီတိုကလည်း အတိတ်က ကိစ္စတွေအတွက် ဂျပန်ဟာ နောင်တရမိသလို အဲဒီဖြစ်ရပ်တွေက ပြက်ပြက်ထင်ထင် ဆက်ရှိနေဆဲ ဖြစ်ကြောင်း၊ ဂျပန်ဟာ စစ်ပွဲရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို ဖြစ်ပေါ်စေမယ့် နောက်ထပ် အမှားမျိုး မကျူးလွန်မိဖို့ အလေးအနက် မျှော်လင့်ကြောင်း မိန့်ခွန်းပြောသွားခဲ့ပါတယ်။

၁၉၃၉ နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ဟာ ၁၉၄၅ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ ဂျပန်က ခြွင်းချက်မရှိ လက်နက်ချကြောင်း ကြေညာမှုနဲ့အတူ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီနှစ် စက်တင်ဘာ ၂ ရက်နေ့မှာတော့ ဂျပန်ဟာ လက်နက်ချကြောင်း တရားဝင် ကြေညာစာတမ်းကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

ကိုးကား: JoonAng

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ရေတပ်ရဲ့ နောက်ထပ် F-35B တစ်စီးဟာ ဂျပန်နိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး အရပ်ဖက် လေကြောင်း ခရီးစဉ် တချို့ကိုပါ အနှောင့်အယှက်တွေ ဖြစ်စေခဲ့ပါတယ်။

သတင်း

ယနေ့ (သြဂုတ် ၈)ကျရောက်သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၃၇)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် သြစတြေးလျ၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု​တို့ကို ပြုလုပ်ခဲ့ကြသည်။

သတင်း

ယနေ့ (သြဂုတ် ၈) ကျရောက်သည့် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် ဂျပန်နှင့် စင်ကာပူနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ် ပြုလုပ်ခဲ့ကြသည်။

ထိုင်း - ကမ္ဘောဒီးယား

စစ်ရေး ပဋိပက္ခ ကာလအတွင်း ကမ္ဘောဒီးယားနဲ့ ထိုင်းတို့အတွက် စစ်သုံးဒရုန်းတွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ဂျပန်နဲ့ တရုတ်တို့က အသီးသီး ငြင်းဆိုခဲ့ပါတယ်။

Facebook