ဩဂုတ်-၁၅၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။
အုပ်ချုပ်ရေးရုံးကို လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲမှု အပြီး လူနာတင်ကား ရောက်ရှိသွားခဲ့ကြောင့် အဖွဲ့ တာဝန်ရှိသူက ဆိုသည်။
“စခတစ်ကောင် ၊ ပျူနှစ်ကောင် မီးလောင်ဒဏ်ရာများဖြင့်အရေးပေါ်ကုသနေရ”ဟု မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
ဩဂုတ် ၁၄ ရက် ည ၁၀ နာရီခန့်တွင် အထက်ပါစစ်ဆင်ရေးကို မြို့ပြကြွက်နှင့် မြောက်ဥက္ကာပ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို အတည်မပြုနိုင်သော်လည်း စစ်ဆင်ရေးလုပ်ဆောင်သည့် အဖွဲ့သားအားလုံး ဘေးကင်းကြောင်း မြို့ပြကြွက်က အသိပေးထားသည်။
စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးအတွက် ပြည်သူကိုဖိနှိပ်ကာ အတုအယောင်ရွေးကောက်ပွဲကို လုပ်ဆောင်နေသူတိုင်းသည် မြို့ပြUGများ၏ ရန်သူဖြစ်ပြီး အဆိုပါရွေးကောက်ပွဲအတွက် ကူညီသူများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကိုရပ်တန့်ရန် နှင့် ဆက်လက်လုပ်ဆောင်နေပါက သုတ်သင်သွားမည်ဟု မြို့ပြကြွက်က သတိပေးထားသည်။












































