close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့က အငြိမ်းစားပါမောက္ခတစ်ဦး အသတ်ခံရ

မန္တလေးမြို့၊ပုသိမ်ကြီးမြို့မှာနေထိုင်တဲ့ သတ္တဗေဒဌာနက အငြိမ်းစားပါမောက္ခဒေါက်တာ ထွေးထွေး ‌‌‌‌အသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဧပြီ၂၉၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးမြို့၊ပုသိမ်ကြီးမြို့မှာနေထိုင်တဲ့ သတ္တဗေဒဌာနက အငြိမ်းစားပါမောက္ခဒေါက်တာ ထွေးထွေး ‌‌‌‌အသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသက်(၆၆)နှစ်အရွယ် ဒေါက်တာထွေးထွေးဟာတစ်ဦးတည်း နေထိုင်သူဖြစ်ပြီး ငလျင်ကြောင့်မင်္ဂလာရန်ကင်းအိမ်ယာကနေ ပုသိမ်ကြီးမြို့အတွင်းကို ပြောင်းရွှေ့နေထိုင်နေသူလို့ သိရပါတယ်။

ဧပြီ ၂၅ရက်က အသတ်ခံရတာဖြစ်ပြီး လူထုနွေဦးရဲ့ စုံစမ်းမှုအရ လုယက်အသတ်ခံရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အသိအိမ်ခြံ မြေပွဲစားက လုပ်သွားတာ။ပုသိမ်ကြီးဘက်ကို အိမ်ပြရင်းမျှား ခေါ်သွားတာ။ပိုင်ဆိုင်သမျှတွေ ရိုက်သတ်ယူသွားတာ”လို့ ဒေါက်တာထွေးထွေးရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါပေမယ့် အဲဒီစွပ်စွဲချက်အပေါ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။

အသတ်ခံရသူဟာ ပါမောက္ခဟာ အိမ်ခြံမြေရောင်းဝယ်တဲ့အလုပ်ကိုလည်း လုပ်ကိုင်လေ့ရှိပြီး အိမ်နှင့် မြေကွက်များစွာလည်းပိုင်ဆိုင်တယ်လို့သိရပါတယ်။

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မနော်ဟရီရပ်ကွက်မှာ ၎င်းပိုင်ဆိုင်တဲ့ လုံးချင်းတိုက် တွေရှိပြီး အိမ်ငှားတင်ထားတယ်လို့လည်း သိရပါတယ်။

သေဆုံးသူရဲ့ နာရေးကိုတော့ ဒီကနေ့ တောင်အင်းမြောက်အင်းသုဿန်မှာ သင်္ဂြိုလ်မှာလို့ သိရပါတယ်။

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်မှာ လုယက်မှုတွေ မကြာခဏဖြစ်နေပြီး မန္တလေးမြို့ကနေ ကားသမားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ အယောင်ဆောင် လုယက်မှုနဲ့ ရွှေဆိုင်ပိုင်ရှင်မိသားစုတွေ နေအိမ်အပြန်မှာ ရိုက်နှက်လုယက်မှုတွေလည်းဖြစ်ထားပြီး ယနေ့အထိတရားခံတွေကို ဖမ်းဆီးနိုင်ခြင်းမရှိ သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဇာမဏီ ရွှေဆိုင်ကို မနေ့ ဧပြီ ၂၈ ရက်ညနေ၃နာရီ ခန့်က သေနတ်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်သွားတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

လူ့အသက်ပေါင်းများစွာ ခေါ်ဆောင်သွားတဲ့၊ အဆောက်အအုံပေါင်းများစွာ လဲပြိုစေခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး တစ်လပြည့်ခဲ့ပါပြီ။ တစ်လပြည့်သွားတဲ့အခါ ငလျင်ဘေးဒဏ်သင့် မန္တလေးမြို့မှာ ဘယ်လိုအခြေအနေတွေ ရှိနေပြီလဲဆိုတာ​ကို ပြောပြပေးမှာပါ။

သတင်း

ငလျင်ဘေးဒဏ်သင့် မန္တလေးတိုင်းက မြို့နယ်အချို့မှာ နေ့အပူချိန်မြင့်တက်နေပြီး Heat Stroke(အပူရှပ်)ဖြစ်လို့ လူသေဆုံးမှုတွေ ရှိလာသလို ဆေးရုံတက်လူနာတွေလည်းများပြား လာပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးတစ်လပြည့်ရန်နာရီပိုင်းအလိုတွင် မန္တ​လေးမြို့အနီး ယ​နေ့ (ဧပြီ ၂၇)ည ၁၀ နာရီ ၂၅ မိနစ်တွင် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်သွား​ကြောင်း​ဒေသခံများက​ပြောသည်။

Facebook