ဧပြီ၂၉၊၂၀၂၅။ဆိုင်းမင်း၊ရှိန်း/People’s Spring
မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဇာမဏီ ရွှေဆိုင်ကို မနေ့ ဧပြီ ၂၈ ရက်ညနေ၃နာရီ ခန့်က သေနတ်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်သွားတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။
အောင်ပင်လယ်ရပ်ကွက် ၅၅လမ်း ၊ ၁၀၃ လမ်းနဲ့ ၁၀၄ လမ်းကြားမှာရှိတဲ့ ရွှေဆိုင်ကို ညနေ ၃ နာရီဝန်းကျင်မှာ Honda Insight အမျိုးအစား အနက်ရောင် 9/4799 နံမှတ်ပါကားနဲ့ရောက်လာတဲ့ လူ တစ်စုဓားပြတိုက်သွားတာလို့သိရပါတယ်။
စစ်တပ်အားပေး ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေလာတဲ့ CCTV မှတ်တမ်း အရ ရွှေဆိုင်အတွင်း ဝင်ရောက်ဓားပြတိုက်တဲ့ အမျိုးသား ၄ဦးကိုတွေ့ရပါတယ်။

Public Service Announcement
အမျိုးသား ၄ ဦးအနက် ၂ ဦးက ပြောက်ကျားယူနီဖောင်းဝတ် လျှာထိုးဦးထုပ်ဆောင်း ထားပြီး သေနတ်အတိုကိုယ်စီကိုင်ဆောင်ထားကြပါတယ်။ သူတို့ ၂ဦးဟာ စစ်ကောင်စီက ပြည်သူ့စစ်တွေကိုချထား ပေးတဲ့ အစိမ်းရင့်ရောင် ပျောက်ကြားယူနီ ဖောင်းကိုဝတ်ဆင်ထားပြီး လက်နက်အတို တွေကိုင်ဆောင်ထားတာကိုCCTV(လုံခြုံရေးကင်မရာ)မှာတွေ့မြင်ရပါတယ်။
“ဒီဦးထုပ်နဲ့ ယူနီဖောင်းက မန္တလေးမှာ ပြည်သူ့စစ်နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ တွေကိုချ ပေးထားတာ။လက်နက်အတိုရောပဲ။နယ်မြေကလည်း အောင်ပင်လယ်ကလည်း ဒီကောင် တွေစိုးမိုးနယ် မြေပဲ။ဒီ ကောင် တွေပဲဖြစ်မှာပေါ့ “လို့မြို့ခံတဦးကပြောပါတယ်။
ဓါးပြတိုက်ခံရချိန်မှာ ဆိုင်အတွင်းအမျိုးသား ၂ ဦး၊အမျိုးသမီး ၁ ဦးရှိနေပါတယ်။ပြောက်ကျားဝတ်စုံဝတ်ထားသူ ၂ ဦးက အမျိုးသား ၂ ဦးရဲ့ဦးခေါင်းတွေကို သေနတ်နဲ့ ချိန်ပြီးဓါးပြတိုက်ခဲ့တာပါ။
ကျန်အမျိုးသား ၂ ဦးကတော့ ဆိုင်ကောင်တာကရွှေထည်တွေကိုယူဆောင်သွားကြတာ တွေ့ရပါတယ်။ရွှေချိန် ၂၃ ကျပ်သားဓါးပြတိုက်ခံလိုက်ရတယ်လို့စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာရေးသားထားပါတယ်။
လက်ရှိအချိန်အထိတော့ တရားခံ တွေဖမ်းဆီးနိုင်ခြင်းမရှိ သေးဘူးလို့သိရပါတယ်။
