close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အစိုးရ ဝန်ကြီးတစ်ဦးရဲ့ လက်ကိုင်အိတ် အလစ်သုတ် ခိုးယူခံရ

အမေရိကန် အစိုးရ ဝန်ကြီးတစ်ဦးရဲ့ လက်ကိုင်အိတ်ဟာ အလစ်သုတ် ခိုးယူတာ ခံခဲ့ရကြောင်း သိရှိရပါတယ်။

AP

အမေရိကန် အစိုးရ ဝန်ကြီးတစ်ဦးရဲ့ လက်ကိုင်အိတ်ဟာ အလစ်သုတ် ခိုးယူတာ ခံခဲ့ရကြောင်း သိရှိရပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြည်တွင်းလုံခြုံရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ခရစ္စတီ နိုအမ်က ဝါရှင်တန်ဒီစီ မြို့တော် စားသောက်ဆိုင် တစ်ခုမှာ သူ့ရဲ့ လက်ကိုင်အိတ် ခိုးယူတာ ခံခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။

ဧပြီ ၂၀ ရက်နေ့ ညပိုင်းက စားသောက်ဆိုင် တစ်ခုထဲမှာ လက်ကိုင်အိတ် အလစ်သုတ်တာ ခံခဲ့ရကြောင်း နောက်တစ်နေ့၊ အိမ်ဖြူတော်မှာ နိုအမ်က သတင်းထောက်တွေကို ပြောပြခဲ့တာပါ။ အဲဒီကိစ္စကို မဖြေရှင်းနိုင်သေးဘူးလို့လည်း ဝန်ကြီးက ဝန်ခံခဲ့ပါတယ်။

ဝန်ကြီးရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး အေးဂျင့်တွေက လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်စစ်ပြီး အလစ်သုတ်သူကို စုံစမ်းရှာဖွေနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Capital Burger စားသောက်ဆိုင်မှာ နှာခေါင်းစည်း မျက်နှာဖုံး ဝတ်ထားတဲ့ လူဖြူ အမျိုးသား တစ်ယောက်ဟာ ဝန်ကြီးရဲ့ လက်ကိုင်အိတ်ကို ခိုးယူပြီး စားသောက်ဆိုင်ကနေ ထွက်ခွာသွားတာကို စစ်ဆေး တွေ့ရှိထားကြောင်း စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

အိတ်ထဲမှာတော့ နိုအမ်ရဲ့ ယာဉ်မောင်းလိုင်စင်၊ အိမ်သော့၊ ဆေးဝါးတချို့၊ ပတ်စ်ပို့တ်၊ ဝန်ကြီးဌာန တံဆိပ်၊ မိတ်ကပ်အိတ်၊ ချက်လက်မှတ် အလွတ်တွေအပြင် ငွေသား ဒေါ်လာ ၃၀၀၀ လောက် ပါသွားကြောင်း သိရပါတယ်။ အခုအခါမှာတော့ ရဲတွေက နိုအမ်ရဲ့ ငွေစာရင်းတွေကနေ မူမမှန်တဲ့ ထုတ်ယူသုံးစွဲမှုတွေ ရှိနေသလား ဆိုတာကိုလည်း လိုက်လံ စစ်ဆေးနေပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ယောက်နဲ့ နီးနီးကပ်ကပ် လှုပ်ရှားပြီး အလစ်သုတ်မှု ကျူးလွန်နိုင်ခဲ့တယ် ဆိုတာဟာ လုံခြုံရေး ရှူထောင့်အရ ကြီးကြီးမားမား စိုးရိမ်စရာ ဖြစ်နေကြောင်း ထောက်ပြမှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

Facebook