close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပူတင်ပြော

ယူကရိန်းနဲ့ ရေရှည် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ပေးထားကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

ယူကရိန်းနဲ့ ရေရှည် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ပေးထားကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရက ဖိအားပေးနေတဲ့ အခြေအနေမှာ ပူတင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တစ်ရက်ကျော်လောက် ကြာမြင့်ခဲ့တဲ့ အီစတာ အပစ်ရပ်ကာလ လွန်မြောက်ပြီး တိုက်ပွဲတွေ အတိအလင်း ပြန်စလာချိန်မှာ ပူတင်က သူဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်း မှတ်ချက်ပေးခဲ့တာပါ။

အစောပိုင်းက ပူတင်ဟာ အီစတာနေ့ဖြစ်တဲ့ ဧပြီ ၂၀ ရက်နေ့မှာ နာရီ ၃၀ ကြာ အပစ်ရပ်ထားမယ်လို့ ကြေညာပြီး ယူကရိန်းကလည်း အဲဒီ အချက်ကို သဘောတူ လေးစားလိုက်နာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အပစ်ရပ် ကာလကို သက်တမ်း မတိုးနိုင်ခဲ့သလို အဲဒီ နာရီ ၃၀ အတွင်း လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ဒရုန်းတိုက်ခိုက်မှုတွေ ရှိနေခဲ့တယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲခဲ့ပါတယ်။

စစ်ပွဲကို ရပ်တန့်နိုင်ရေးအတွက် ဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်း ပူတင်ရဲ့ စကားနဲ့ ပတ်သက်ပြီး ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က သမ္မတ အရပ်ဖက် ပစ်မှတ်တွေကို နှစ်ဖက်ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ မလုပ်ဖို့ အပါအဝင် ယူကရိန်းနဲ့ တိုက်ရိုက်ကျကျ ဆွေးနွေးမှုတွေရဲ့ အလားအလာကို အလေးအနက် စဉ်းစားထားကြောင်း Interfax သတင်းဌာနဆီ ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အခုသီတင်းပတ်ထဲမှာ အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တစ်ခု လန်ဒန်မြို့ဆီ သွားရောက်မယ်လို့ ကြေညာခဲ့ပြီး ပူတင်ဖက်က မှတ်ချက်ကိုတော့ သူ့ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်း ရည်ညွှန်းသွားတာ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထရမ့်နဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုတို့ဟာ ရုရှား-ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ကြားဝင် ညှိနှိုင်းပေးနေမှုတွေမှာ တိုးတက်မှု မရှိအောင်၊ ခက်ခဲအောင် သက်ဆိုင်ရာ နိုင်ငံတစ်ခုခုက လုပ်ဆောင်နေတယ်လို့ ယုံကြည်ရင် ဆွေးနွေးမှုတွေမှာ အမေရိကန်က ဆက်ပြီး မပါဝင်တော့ဘဲ ကျောခိုင်းသွားမှာ ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

ရုရှားက စစ်ပွဲ ရပ်ဆိုင်းဖို့ဆိုရင် ရုရှားသိမ်းယူထားတဲ့ နယ်မြေတွေကို ယူကရိန်းက အပြီးတိုင် စွန့်လွှတ်ပေးဖို့ အပါအဝင် ယူကရိန်း လိုက်လျောရမယ့် တောင်းဆိုချက်တွေကို အဆိုပြုထားပြီး ယူကရိန်းကတော့ ဒါဟာ စစ်ရှုံးတာနဲ့ ဘာမှ မခြားသလို ရုရှားက နောက်တစ်ကြိမ် စစ်ပွဲကို စတင်လာတဲ့အခါ ယူကရိန်း အကာအကွယ် မဲ့သွားမှာ ဖြစ်တယ်လို့ တုံ့ပြန် ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီစတာ ပွဲတော်ကာလမှာ ရုရှားနဲ့ ယူကရိန်းတို့ကြား ယာယီ အပစ်အခတ် ရပ်စဲထားမှု သက်တမ်း ဆက်မတိုးဖြစ်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုတ်တရက် အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ယူကရိန်း အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲရပ်ဆိုင်းရေး ကြားဝင် ဆွေးနွေးမှုတွေက အရမ်း လက်ပေါက်ကပ်လာမယ်ဆိုရင် လက်လွှတ်ပေးလိုက်မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

သတင်း

ယူကရိန်းရဲ့ သတ္တု သယံဇာတတွေကို အမေရိကန်က တူးဖော် ထုတ်ယူခွင့်ဆိုင်ရာ သဘောတူညီမှု ကနဦး မူကြမ်းကို လက်မှတ်ရေးထိုး သဘောတူညီခဲ့ပြီးဖြစ်ကြောင်း ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။