ဧပြီ ၂၂ ၊၂၀၂၅။နေ့သစ်၊People’s Spring
MNDAA နဲ့ မဟာမိတ်တပ်တွေ ၂၀၂၄ သြဂုတ်လ ၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှိရာလားရှိုး မြို့ကို တရုတ်အစိုးရရဲ့စွက်ဖက်မှုကြောင့်MNDAA ကစစ်ကောင်စီကို ပြန်လွှဲပေးရပြီး ဧပြီ ၂၂ ရက်မှာ လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ယာဥ်တန်းတွေပြန်လည်ဝင်ရောက်နိုင်ခဲ့ပါတယ်။
တရုတ်အစိုးရ ၊MNDAA ၊ စစ်ကောင်စီတို့ကြားသဘောတူညီချက်ကို မသိရသေးပေမယ့် တရုတ်အစိုးရရဲ့ဖိအားပေးမှုကြာင့် MNDAA ဟာကျည်တစ်ချက်မဖောက်ရပဲ မြို့ကိုပြန်လွှဲပေးနေရတာဖြစ်ပါတယ်။၁၀၂၇စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းမှာပဲ မြို့ပေါင်း ၂၄ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့တာမှာ စစ်ကောင်စီတပ်က တစ်မြို့မှတိုက်ပြီး ပြန်မသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုလာရှိုးမြို့ကိုတော့တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ဝင်နိုင်ခဲ့တာဖြစ်ပါတယ် ။
ဒါကြောင့်နွေဦးတော်လှန်ရေးမှာတော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်းအနည်းဆုံး ၉၆ မြို့ရှိတာမှာလားရှိုးမြို့ကိုစစ်ကောင်စီတပ်တွေ ပြန်ဝင်လာနိုင်တာကြောင့်အခုစာရင်းကနေဖယ်ထုတ်လိုက်ပြီး၉၅မြို့ဖြစ်သွားပါတယ်။

Public Service Announcement
People’s Spring ရဲ့အင်ဖိုဂရပ်မှာ လားရှိူးမြို့ကို အနီရောင်ကနေ အဝါရောင်ပြောင်းလည်းပြသဖားပြီးစောင့်ကြည့်ရမယ့်မြို့အဖြစ်သတ်မှတ်ထားပါတယ်။
လတ်တေလာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ကရင်ပြည်နယ် ၊ တနင်္သာရီတိုင်း ၊ကရင်နီပြည် ၊ဧရာဝတီတိုင်း ၊ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ရှမ်းမြောက် ၊မန္တလေးတိုင်း စတဲ့ဒေသတွေမှာတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
