close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟစ်ဇ်ဘိုလာနဲ့ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ရင် နောက်ဆက်တွဲ ပဋိပက္ခ ပိုကျယ်ပြန့်လာမယ်လို့ အစ္စရေး သတိပေး

တကယ်လို့ ဟစ်ဇ်ဘိုလာတွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားမှု ပျက်ပြယ်သွားမယ်ဆိုရင် နောက်ပိုင်းမှာ စစ်ရေး ပဋိပက္ခဟာ ပိုမို ကျယ်ပြန့်သွားလိမ့်မယ်လို့ အစ္စရေး စစ်တပ်က သတိပေးခဲ့ပါတယ်။

တကယ်လို့ ဟစ်ဇ်ဘိုလာတွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားမှု ပျက်ပြယ်သွားမယ်ဆိုရင် နောက်ပိုင်းမှာ စစ်ရေး ပဋိပက္ခဟာ ပိုမို ကျယ်ပြန့်သွားလိမ့်မယ်လို့ အစ္စရေး စစ်တပ်က သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက အမေရိကန်နဲ့ ပြင်သစ် အစိုးရတွေရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ လက်ဘနွန် တောင်ပိုင်းနဲ့ အစ္စရေး မြောက်ပိုင်းက စစ်ရေး ပဋိပက္ခတွေကို ရပ်ဆိုင်းထားဖို့ နှစ်ဖက် သဘောတူခဲ့ပါတယ်။ ဒါပေမဲ့လည်း အစ္စရေး စစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ပြောက်ကျားတပ်ကြားမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အချိန်မရွေး ပျက်ပြယ်သွားနိုင်ခြေကို စိုးရိမ်နေရပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ တကယ်လို့သာ ဟစ်ဇ်ဘိုလာတွေက အဆင်အခြင်မဲ့လို့ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်သွားမယ်ဆိုရင် တကျော့ပြန် စတင်လာမယ့် စစ်ရေး ပဋိပက္ခတွေဟာ မူလကထက် ဘောင်ကျယ်လာလိမ့်မယ်လို့ အစ္စရေးက ခြိမ်းခြောက် သတိပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲဆီ ပြန်ရောက်လာမယ်ဆိုရင် အစ္စရေးဟာ ပိုပြီး အားကောင်းစွာနဲ့၊ လက်ဘနွန် ပိုင်နက်ထဲကိုလည်း ပိုပြီး နက်ရှိုင်းစွာနဲ့ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း၊ အစ္စရေးရဲ့ ပစ်မှတ်ဟာ ဟစ်ဇ်ဘိုလာတွေ ဖြစ်မယ် ဆိုပေမယ့် လက်ဘနွန်လည်း လွတ်ကင်းတော့မှာ မဟုတ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်ထိ အစ္စရေးဟာ ဟစ်ဇ်ဘိုလာနဲ့ လက်ဘနွန်ကို ကွဲကွဲပြားပြား ရှုမြင်ထားကြောင်း၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြိုပျက်သွားပြီးရင်တော့ အဲဒီ ခြားထားတဲ့စည်းလည်း ပျောက်ကွယ်သွားမှာ ဖြစ်တယ်လို့ ကတ်ဇ်က ဆိုပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့မှာ ဟစ်ဇ်ဘိုလာတွေက အစ္စရေးရဲ့ နယ်စပ် ကင်းမျှော်စင် တစ်ခုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလိုပဲ အစ္စရေးရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူတစ်ဒါဇင်ကျော် သေဆုံးခဲ့တယ်လို့ လက်ဘနွန် အာဏာပိုင်တွေက ဆိုပါတယ်။

အစ္စရေးရဲ့ မဟာမိတ် အမေရိကန် အစိုးရကတော့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင်တဲ့ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်အောင် နှစ်ဖက်စလုံးက ထိန်းသိမ်းဆောင်ရွက်ဖို့လိုကြောင်း သတိပေးထားပါတယ်။

အဲဒီ သဘောတူညီချက်အရ လက်ဘနွန် အစိုးရဟာ နိုင်ငံပိုင်နက်ကို အခြေပြုပြီး ဟစ်ဇ်ဘိုလာ အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေက အစ္စရေးကို တိုက်ခိုက်တာမျိုး မလုပ်အောင် တားဆီး ကာကွယ် ပေးရမှာ ဖြစ်သလို အစ္စရေးကလည်း လက်ဘနွန် တောင်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို နှစ်လအတွင်း ဆုတ်ခွာပေးရမယ်လို့ သိရှိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေး စစ်တပ်နဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့အတူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြားက ၁၃ လကြာ စစ်ရေး ပဋိပက္ခကို အဆုံးသတ်စေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိဖို့ နီးစပ်လာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်ခဲ့တဲ့အပေါ် အစ္စရေး အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။