close
Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တွင် ဖမ်းဆီးခံရသောပြည်သူ ၂၀၀ခန့်အနက် အမျိုးသားများကို စစ်တပ်က ဆက်လက်ဖမ်းဆီးထား

စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသားများသည် ဖယ်ခုံမြို့နယ်ပူချယ်၊ကုန်းဆောင်၊​ရွှေပြည်အေးနှင့် ကဘဲကျေးရွာမှ ဖြစ်ကြောင်းသိရသည်။

(၂၀၂၁က ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုရန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - CJ)
(၂၀၂၁က ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုရန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်အစပ်ရှိ ဖယ်ခုံမြို့နယ်တွင် ဖမ်းဆီးခံရသော ဒေသခံပြည်သူ ၂၀၀ခန့်အနက် အမျိုးသားများကို စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

နိုဝင်ဘာ ၁၁ ရက်က ဖယ်ခုံမြို့နယ်၊ ပူချယ် ကျေးရွာမှ ကောက်ရိတ်ပြန်လာစဥ် ဖမ်းဆီးခံရသူ ၂၀၀ ခန့်တွင် အသက်ကြီးပိုင်းနှင့် အမျိုးသမီးများကိုသာ စစ်ဆေးမေးမြန်း၍ ပြန်လွှတ်ခဲ့ခြင်းဟု ဆိုသည်။

“အမျိုးသားတွေကိုတော့ စစ်ကောင်စီက ဖမ်းဆီးထားတုန်းပဲ။ရေခပ်၊ထမင်းချက်တာတွေလုပ်နေရတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ကနဦးဖမ်းဆီးခံရသည့် ပြည်သူ ၂၀၀ ခန့်တွင် အမျိုးသား ၈၀ကျော်ပါရှိပြီး ထက်ဝက်ခန့်မှာ မိသားစုနှင့်အဆက်အသွယ်ပြတ်တောက်နေကြောင်းလည်း ဖယ်ခုံစစ်ရှောင်အရေးကူညီနေသူတစ်ဦးက အသိပေး သည်။

“ပင်လောင်းမှာ ဖမ်းခံထားရတဲ့ ယောက်ကျားလေး၈၀ ကျော်ထဲက ၄၀ကို တခြားတနေရာပြောင်းရွှေ့လိုက်တယ်လို့ သိရတယ်။ပြောင်းရွေ့ခံရတဲ့ယောက်ကျားလေး အယောက်၄၀နဲ့မိသားစုဝင်တွေ အဆက်သွယ်မရတာလည်း ၄ရက်ရှိပြီလို့ သိရပါတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသားများသည် ဖယ်ခုံမြို့နယ်ပူချယ်၊ကုန်းဆောင်၊​ရွှေပြည်အေးနှင့် ကဘဲကျေးရွာမှ ဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီက လမ်းပြနှင့် လူသားဒိုင်းအဖြစ် အသုံးပြုလာနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

ပင်လောင်းမြို့နယ်မှတဆင့် ဖယ်ခုံနှင့် မိုးဗြဲမြို့ ကို စစ်ကောင်စီတပ်နှင့် PNO ပအိုဝ်းပြည်သူ့စစ် က ယခုနှစ် စက်တင်ဘာလကစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နန့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ကျေးရွာများနှင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များအား ဖောက်ထွင်း လုယက်ခြင်း၊ မီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း KNDFက ဆိုသည်။

ထို့အပြင် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်များနှင့် ဒေသခံပြည်သူ ၁၀ဦးကျော် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

PSLF/TNLA သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာထုတ် စာစောင်၏အယ်ဒီတာ့အာဘော်တွင် ယခုကဲ့သို့ ထည့်သွင်းဖော်ပြ အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီက မန္တလေးနဲ့ကျောက်ဆည်မြို့မှာရှိတဲ့ သံချပ်ကာတပ်နဲ့ တင့်ကာတပ်​တွေကိုပါခေါ်ယူပြီး လုံခြုံရေး စောင်ရွက်​နေတယ်လို့မြို့ခံအချို့က​ပြောပါတယ်။

သတင်း

ဆီဆုံကုန်းရွာခံ အမျိုးသမီးအချို့နှင့် ကလေးငယ်များအပါအဝင် ဒေသခံကိုးဦး လက်နက်ကြီးဆများထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ရှင်းပြသည်။

သတင်း

စစ်ကောင်စီကလည်း ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့မှတဆင့် ဖယ်ခုံနှင့် မိုးဗြဲမြို့များကို ထိုးစစ်ဆင်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

Trending

Facebook