close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်

ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ် ခံထားရသူ ဗြိတိန်နိုင်ငံသား ဂျွန်အဲလ်ဖရက်ဒ် တင်းနစ်ဝုဒ်ဟာ အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ် ခံထားရသူ ဗြိတိန်နိုင်ငံသား ဂျွန်အဲလ်ဖရက်ဒ် တင်းနစ်ဝုဒ်ဟာ အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့တုန်းက တင်းနစ်ဝုဒ်ဟာ ဆောက်သ်ပို့ထ်မြို့က သက်ကြီးစောင့်ရှောက်ရေး ဂေဟာတစ်ခုမှာ ကွယ်လွန်သွားတယ် ဆိုတာကို မိသားစုက အတည်ပြု ကြေညာခဲ့ပါတယ်။ လီဗာပူး ဘောလုံးအသင်းကို ဘဝတလျှောက်လုံး စွဲစွဲမြဲမြဲ အားပေးခဲ့သူ တစ်ယောက်အဖြစ် ဂုဏ်ယူလေ့ရှိသူ တင်းနစ်ဝုဒ်ဟာ အခုနှစ် ဧပြီလတုန်းက အသက် ၁၁၄ နှစ်အရွယ် ဗင်နီဇွဲလား ဖိုးသက်ရှည် ဟွမ်ဗင်းဆင့်တေး ပီရက်ဇ်မိုရာ ကွယ်လွန်ချိန်မှာ ကမ္ဘာ့ အသက်အရှည်ဆုံး အမျိုးသားဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှဲ ရရှိခဲ့ပါတယ်။

တင်းနစ်ဝုဒ်ရဲ့ နောက်ဆုံးအချိန်မှာ သူ့ကိုချစ်ခင်တဲ့ မိသားစုတွေ စုံစုံလင်လင် ရှိခဲ့သလို သူသဘောကျတဲ့ ဂီတသံကိုလည်း နားစွင့်နေခွင့် ရခဲ့တယ်လို့ မိသားစုက ကြေညာပါတယ်။

တင်းနစ်ဝုဒ်ကို ၁၉၁၂ ခုနှစ်၊ ဩဂုတ် ၂၆ ရက်နေ့တုန်းက လီဗာပူးမြို့မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီနှစ်ဟာ ကမ္ဘာကျော် Titanic သင်္ဘောကြီး နစ်မြုပ်ခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ်မှာ ဗြိတိန်ရဲ့ အသက်အကြီးဆုံး အမျိုးသား ဖြစ်လာပြီး ၂၀၂၄ ဧပြီလမှာတော့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့ရဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် အသိအမှတ်ပြုမှုကို ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မုဆိုးဖို တစ်ဦးဖြစ်တဲ့ တင်းနစ်ဝုဒ်မှာ သမီး ၁ ဦး၊ မြေး ၄ ဦးနဲ့ မြစ် ၃ ဦး ကျန်ခဲ့ပါတယ်။ မိသားစုက အဖိုးအို တင်းနစ်ဝုဒ်ဟာ အရည်အသွေးကောင်းတွေ အများကြီး ပိုင်ဆိုင်ခဲ့တဲ့ ရှေ့ဆောင်လမ်းပြကောင်း တစ်ဦးလို့ ရည်ညွှန်းပြီး ထုတ်ပြန်ခဲ့ပါတယ်။

တင်းနစ်ဝုဒ်ဟာ ဒုတိယ ကမ္ဘာစစ်တုန်းက စစ်မှုထမ်းခဲ့ပြီး ၁၉၄၂ ခုနှစ်မှာတော့ လီဗာပူးက ကပွဲတစ်ခုမှာ ဘလော့ဒ်ဝမ်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီနှစ်မှာပဲ လက်ထပ်ခဲ့ကြပါတယ်။ သမီးဖြစ်သူ ဆူဆန်ကို နောက်တစ်နှစ် အကြာမှာ မွေးဖွားခဲ့ပြီး အိမ်ထောင်သက် ၄၄ နှစ်အကြာ ၁၉၈၆ ခုနှစ်မှာ ဘလော့ဒ်ဝမ် ကွယ်လွန်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း တင်းနစ်ဝုဒ်ဟာ တော်ဝင် စာတိုက်မှာ အလုပ်လုပ်ခဲ့ပြီး နောက်တော့ Shellနဲ့ BP ကုမ္ပဏီတွေမှာ စာရင်းစစ်အဖြစ် လုပ်ကိုင်ရင်း ၁၉၇၂ ခုနှစ်မှာ အငြိမ်းစား ယူခဲ့ပါတယ်။

သူ့အသက် ၁၀၀ ပြည့်တဲ့ ၂၀၁၂ ကစလို့ ဗြိတိန် တော်ဝင်မိသားစုဟာ မွေးနေ့ရောက်တိုင်း တင်းနစ်ဝုဒ်အတွက် အမှတ်တရ လက်ဆောင် ပေးပို့လေ့ ရှိခဲ့ပါတယ်။ အဲဒီအတွက်လည်း အဖိုးအိုက အရမ်းဂုဏ်ယူလေ့ ရှိတယ်လို့ မိသားစုက ပြောပါတယ်။

ကမ္ဘာ့သမိုင်းမှာ အသက်အရှည်ဆုံး နေထိုင်သွားတဲ့ အမျိုးသားဟာ ဂျပန်သား ဂျီရိုမွန် ကီမူရာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်ချိန်က အသက် ၁၁၆ နှစ်နဲ့ ၅၄ ရက် ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အသက်အရှည်ဆုံး လူသားကလည်း ဂျပန်ကပဲဖြစ်ပြီး တိုမီကို အီတူကာဆိုတဲ့ အဖွားအိုဟာ လောလောဆယ် အသက် ၁၁၆ နှစ် ရှိနေပြီလို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးတွေက သေးကွေးကြုံလှီလွန်းတာကြောင့် အသက်ရှင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေက မိဘတွေဆီမှာရော၊ ဆရာဝန်တွေဆီမှာပါ ကိန်းအောင်းနေခဲ့ပါတယ်။ အခုတော့ မေလ ၄ ရက်က သူတို့ရဲ့ နေအိမ်မှာ ကလေးတွေအတွက် ၁ နှစ်ပြည့် မွေးနေ့ပွဲလေးတောင် ကျင်းပပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။

Facebook