မတ် – ၈ ၊၂၀၂၆ /People’s Spring
မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှုးကား မိုင်းထိသွားတာကြောင့် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ မြို့ပြစစ်ဆင်ရေးစစ်ကြောင်း(U.O.C)က ဒီနေ့ မတ်လ ၈ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ ၄ ရက် ၊ မနက် ၈ နာရီ ၄၆ မိနစ် ခန့်က က KNU ၊ ABSDF နဲ့ U.O.C ပူးပေါင်းအင်းအားစုတွေက သိမ်ဇရမ်မြို့နယ် ၊ ကျောက်ရေတွင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်စစ်ကြောင်းရဲ့ ဗျူဟာမှုး ဒါမှမဟုတ်စစ်ကြောင်းမှုး အဆင့်ရှိသူ လိုက်ပါလာတဲ့ကားကို တိုက်ခိုက်နိုင်ခဲ့တာလို့ အသိပေးပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်စစ်ကြောင်းပြန်လည် ဆုတ်ခွာသွားတာလို့လည်း ဖော်ပြပါတယ်။

Public Service Announcement

“ သိမ်ဇရပ်က အခြေစိုက်တပ်တွေကို ပြန်ဆုတ်သွားတယ်၊လောလောဆယ် အဲဒီစစ်ကြောင်း ပြန်ထွက်တာ မရှိသေးဘူး” လို့ ကျိုက်ထိုအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကစပြီး ခမရ-၂ နဲ့ ခလရ-၈ ပူးပေါင်းစစ်ကြောင်းဟာ သိမ်ဇရပ်-ရွှေကျင်ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။ အဲဒီစစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုလည်းရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် အသက် ၆၀နဲ့အထက် အရပ်သားသုံးဦးသေဆုံးခဲ့တာ ရှိသလို နေအိမ်တွေလည်း ပျက်စီးခဲ့တာရှိပါတယ်။ သိမ်ဇရပ်မြို့မှာ စစ်တပ်ရဲ့ ခမရ(၂၀၇)တပ်ရင်းနဲ့အမြှောက် တပ်(၃၁၀) တပ်ရင်းတို့ အခြေစိုက်ထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

















































