close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မူးယစ်ရာဇာတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး ရှင်းလင်းပေးမယ်လို့ လက်တင်အမေရိက နိုင်ငံတွေကို ထရမ့်ကမ်းလှမ်း

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

မတ်လ ၇ ရက်နေ့တုန်းက ထရမ့်ဟာ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့မှာ ကျင်းပတဲ့ Shield of the Americas ဆွေးနွေးပွဲမှာ လက်တင်အမေရိက ဒေသတွင်း နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ ထရမ့်က မူးယစ်မှောင်ခို ဂိုဏ်းတွေကို တန်ပြန်ဖို့ နိုင်ငံ ၁၇ ခု ပူးပေါင်းကြမယ့် Counter cartel တပ်ပေါင်းစု ဖွဲ့စည်းရေးကိုလည်း ထရမ့်က တိုက်တွန်း အဆိုပြုခဲ့ပါတယ်။

ထရမ့်က မူးယစ်မှောင်ခို ဂိုဏ်းတွေဟာ လက်တင် အမေရိက ဒေသတွင်းမှာ ကင်ဆာဆဲလ်တွေလို ပျံ့နှံ့ပြီး ဒုက္ခပေးနေကြောင်း၊ အဲဒီ ရာဇဝတ် အစုအဖွဲ့တွေကို နှိမ်နင်းရာမှာ မဖြစ်မနေ အင်အားသုံးဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။

ထရမ့်ဟာ လောလောဆယ် အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်မှာ စစ်ခင်းတိုက်ခိုက်နေပါတယ်။ သူက အနောက်ကမ္ဘာခြမ်း တစ်ခုလုံးမှာ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို ဖြန့်ကျက်ဖို့ လိုလားကြောင်း အတိအလင်း ပြောဆိုထားသလို ကွန်မြူနစ် အစိုးရ ဦးဆောင်တဲ့ ကျူးဘားဟာ နောက်ဆုံးထွက်သက်နား နီးကပ်နေပြီလို့ ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

အစည်းအဝေးမှာတော့ ဒေသတွင်းက အမေရိကန်ရဲ့ မိတ်ဖက် နိုင်ငံတွေ အနေနဲ့ ရာဇဝတ်သား အစုအဖွဲ့တွေအပေါ် မာမာထန်ထန် အရေးယူဖို့ လိုအပ်ပြီး အမေရိကန်ကလည်း မဟာဗျူဟာမြောက် စစ်ဆင်ရေး အကူအညီတွေပေးဖို့ အသင့်ရှိကြောင်း ထရမ့်က ပြောခဲ့ပါတယ်။

အမေရိကန်ဟာ လုပ်စရာရှိတဲ့ ကိစ္စတွေကို အဲဒီနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ အမေရိကန်မှာ အသုံးပြုဖို့ ဒုံးကျည်တွေ ရှိကြောင်း၊ မိတ်ဖက် နိုင်ငံတွေ အနေနဲ့ အဲဒီဒုံးကျည်တွေကို အမေရိကန်က အသုံးပြုစေချင်ရင်လည်း တောင်းဆိုလို့ ရကြောင်း၊ ဒုံးကျည်တွေက ပစ်မှတ်ကို အရမ်း ထိထိရောက်ရောက် ချေမှုန်းနိုင်စွမ်းရှိကြောင်း လက်တင်အမေရိကနဲ့ ကာရေဘီယန် ဒေသတွင်း နိုင်ငံတွေရဲ့ လက်ယာယိမ်း ခေါင်းဆောင်တွေကို မီယာမီမှာရှိတဲ့ သူ့ရဲ့ Doral ဂေါက်ကလပ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ထရမ့်က ကမ်းလှမ်းခဲ့ပါတယ်။

ဒုံးကျည်တစ်စီးက ဖျူးဆိုပြီး ပျံလာရင်း ဧည့်ခန်းထဲမှာ ရှိနေမယ့် မူးယစ်ရာဇာကို အဆုံးသတ်ပေးလိုက်မှာ ဖြစ်ကြောင်း၊ အမေရိကန်က မိတ်ဖက်နိုင်ငံတွေ လိုအပ်တာတွေကို ကူညီပေးသွားမှာဖြစ်ကြောင်းလည်း ထရမ့်က ပြောပါတယ်။

ဖလော်ရီဒါမှာ ကျင်းပတဲ့ အစည်းအဝေးကို အာဂျင်တီးနား သမ္မတ ဂျာဗီးယား မီလီ၊ အီကွေဒေါနဲ့ အယ်လ်ဆာဗေးဒိုး ခေါင်းဆောင်တွေဖြစ်တဲ့ ဒန်နီရယ်လ် နိုဘိုအာနဲ့ နာယစ်ဘ် ဘူကီလီတို့လည်း တက်ရောက်ခဲ့ပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆိုက်ဘာ ရာဇဝတ်မှုတွေနဲ့ ဆိုက်ဘာ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေကို တိုက်ဖျက်မယ့် အမျိုးသား ဆိုက်ဘာ မဟာဗျူဟာ အသစ်နဲ့ အထူးအမိန့်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တိုက်ခိုက်နိုင်မယ့် ဒုံးကျည်တွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစား တီထွင်နေတယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲချက်ကို အီရန်က ပယ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင်တစ်ဦး သေဆုံးမှုအပြီး ဖြစ်ပေါ်လာတဲ့ လက်စားချေ တိုက်ခိုက်မှုတွေကို နှိမ်နင်းဖို့ မက္ကဆီကို အစိုးရဟာ စစ်တပ်အင်အား ထောင်နဲ့ချီ ဖြန့်ကျက် အသုံးပြုထားကြောင်း သိရပါတယ်။