-ဥသြ/People’s Spring
“ Everything will be OK”
အားလုံးအဆင်ပြေသွားမှာပါ လို့အဓိပ္ပါယ်ရတဲ့အဂ်လိပ်စာတန်းလေးကနွေဦးတော်လှန်ရေး အစောပိုင်းရက်တွေမှာ ပြည်သူတွေရင်ထဲ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့စာသားလေးဖြစ်ပါတယ်။
ဒီစာသားလေးနွေဦးတော်လှန်ရေးမှာ ပြည်သူတွေရင်ထဲရောက်ခဲ့တာအခုဆိုရင် ၅နှစ်ရှိခဲ့ပါပြီ။ ဒီစာသားနဲ့အတူ ချစ်စဖွယ်ကောင်းပြီး သတ္တိကောင်းလှတဲ့ ကြယ်စင်ဆိုတဲ့ မိန်းကလေးငယ်ကိုတွဲပြီး မြင်လာကြမယ်ထင်ပါတယ် ။

Public Service Announcement
ကြယ်စင်ဆိုတဲ့နာမည်ကိုကြားလိုက်ရင် မန္တလေးမြို့ကသာမကမြန်မာနိုင်ငံတစ်ဝန်းပြည်သူအများစုက နွေဦးတော်လှန်ရေးအစောပိုင်းရက်တွေက စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာဆန္ဒပြရင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ သူ့ကိုအမှတ်ရကြဦးမယ်ထင်ပါတယ် ။
သီချင်းဆိုရတာကတာကိုဝါသနာပါပြီး အနုပညာကိုချစ်မြတ်နိုးတဲ့ အသက် ၁၈ နှစ်အရွယ်မိန်းကလေးငယ် ရဲ့သတ္တိ နဲ့ ပေးဆပ်မှုတွေဟာ စစ်အာဏာရှင်တွေရဲ့မျက်နှာဖုံးတွေကို ဆွဲဖြုတ်ချ ပေးခဲ့ပါတယ် ။
လွန်ခဲ့တဲ့ ၅နှစ်ကိုပြန်သွားကြရအောင်ပါ။ မိမိအာဏာရဖို့တစ်ခုတည်း နိုင်ငံ နဲ့ ပြည်သူတွေရဲ့ဘဝကို ဖျက်ဆီးဖို့ ဝန်မလေးတဲ့ စစ်ခေါင်းဆောင်တွေက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ လက်
နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းတာကို လက်မခံပဲ နိုင်ငံတစ်ဝန်းငြိမ်းချမ်းစွာဆန္ဒပြတဲ့ သန်းပေါင်းများစွာသောပြည်သူတွေရဲ့ ဆန္ဒကို စစ်တပ်ကလိုက်လျောမပေးပဲ ကျည်အစစ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်အကြမ်းဖက်ခဲ့ပါတယ် ။
ဖေဖော်ဝါရီ ၉ ရက်ကနေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင်ကစပြီး မန္တလေးကမ်းနားလမ်း ရတနာပုံသင်္ဘောကျင်းရှေ့မှာ ဆန္ဒပြရင်းကျဆုံးခဲ့တဲ့ကိုဝေယံထွန်း အပါအဝင် လမ်းမထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို တစ်ယောက်ပြီးတစ်ယောက် အာဏာသိမ်းစစ်တပ်ကတိုက်ပွဲသုံးလက်နက်တွေအသုံးပြုပစ်ခတ်အကြမ်းဖက်သတ်ဖြတ်ပါတော့တယ်။
မတ်လ ၃ရက်မနက်ခင်းမှာတော့ မန္တလေးမြို့မှာ အရင်နေ့တွေလိုပဲ လူငယ်သပိတ်စစ်ကြောင်းတွေစစ်တပ်အာဏာသိမ်းမှုကို ဆန္ဒပြဖို့ လမ်းပေါ်ထွက်လာကြပါတယ်။ မန္တလေးမြို့၊၈၄လမ်း၊လမ်း၃၀ အနီးမှာ အင်အားရာနဲ့ချီတဲ့ စစ်အုပ်စုကလည်း မြောက်ဘက်တကျောလမ်းကြားတွေအထိပိတ်ဆို့ထားပါတယ်။
တဖက်မှာလည်းလူငယ်တွေဦးဆောင်တဲ့ သပိတ်အဖွဲ့ တွေ မျက်နှာချင်းဆိုင်မှာလည်း စစ်အင်အားက အလုံးအရင်းပါ။ ပျောက်ကြားစစ်ယူနီ ဖောင်းနောက်မှာစစ်သားတွေဟာသေနတ်မောင်းတင်ပြီး လက်နက်မဲ့ပြည်သူကိုပစ်ခတ်ဖို့အသင့်ဖြစ်နေခဲ့ပါတယ်။
မနက်၉နာရီခန့်မှာတော့ ဆန္ဒပြလုအုပ်ထဲကိုကျည်အစစ်တွေနဲ့စတင်ပစ်ခတ်ပါတော့တယ်။လက်နက်မဲ့ပြည်သူတွေကို စစ်မြေပြင်အလားပစ်ခတ်တာကြောင့် ယမ်းငွေ့တွေကြားသပိတ်အဖွဲ့ တွေတဖြည်းဖြည်းနောက်ဆုတ်လာပါတယ်။
ခက်ထန်မာကျော ၊သုံမှုံနေတဲ့မျက်နှာတွေနဲ့စစ်သားတွေက သေနတ်တွေထိုးချိန်ရင်းရှေ့ကိုဆက်တိုက်တိုးလာပါတယ်။
ပြည်သူတွေကိုတော့ မပစ်လောက်တော့ပါဘူးလို့မရဲတရဲမျှော်လင့်ချက် နဲ့ ဆန္ဒပြလူငယ်တွေဟာစိတ်ရိုင်းဝင်နေတဲ့စစ်သားတွေကို ဖျောင်းဖြဖို့ကြိုးစားခဲ့ကြပါသေးတယ် ။ ပြည်သူ့အခွန်ဘဏ္ဍာငွေတွေနဲ့ဝယ်ထားတဲ့ကျည်နဲ့ ပြည်သူကို ပြန်မပစ်ဖို့စစ်အုပ်စုကိုလှမ်း အော်နေကြတဲ့ လူငယ် တွေ၊အာဏာရှင်ကိုသာ ဆန့်ကျင်နေတာမို့ စစ်သား တွေပြည်သူနဲ့ ပူး ပေါင်းဖို့ တောင်းပန် နေကြတဲ့ အသံ တွေ ပသ်ခတ်သံတွေကြား ဆူနေပါတယ်။
အဲဒီသပိတ်ရဲ့ ထိပ်ဆုံးမှာ ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်၊ဆေးတက္ကသိုလ်ကျောင်းသား၊အပေါ် အင်ဂျင်နီယာဝတ်ရောင်ပြန်ကိုထပ်ဝတ်ထားတဲ့ အင်ဂျင်နီယာတွေနဲ့ အင်ဂျင်နီယာ ကျောင်းသားတွေပါ။သူတို့နောက်မှာလူငယ်တွေရှိပြီးအဲဒီအထဲမှာ Eveerything will be OK ဆိုတဲ့စာတမ်းပါတဲ့ တီရှပ်အနက်နဲ့ အပြာရောင်ဂျင်းဘောင်ဘီရှည်ဝတ်ထားတဲ့အသက်၁၈နှစ်အရွယ် မကြယ်စင်လည်း ပါပါတယ်။
“ ပစ်ပြီ နောက်ဆုတ် “ လို့ ဘေးကလူတွေကိုအော် သတိပေးပြီး ကြယ်စင်တစ်ယောက် နောက်ပြန်ဆုတ်ရင်း မြေကြီးပေါ် ဝတ်လိုက်ပါတယ်။စစ်သားတွေရဲ့ အညှာအတာမဲ့ ဆက်တိုက်ပစ်ခတ်မှုတွေကြားမှာ ကြယ်စင်အနောက်ကိုပဲထပြေးလိုက်ပါတယ်။ ကံဆိုးစွာနဲ့ပဲ ကျည်ဆံတထောင့် ကြယ်စင်ရဲ့ ဦးခေါင်းကို ထိမှန်သွားပါတယ်။
ရုတ်တရက်လဲကျသွားတဲ့ ကြယ်စင်ကို ဘေးနားမှာရှိတဲ့ ရွယ်တူလူငယ်တဦးကပွေ့ချီပြေးပါတယ်။ တခြားသပိတ်လူငယ်တယောက်ရဲ့အကူအညီနဲ့ ဆိုင်ကယ်ပေါ်တင်ပြီး လူမှုကူညီရေး အသင်း ကားတွေရပ်ထားရာဘက်ကို အမြန်မောင်းထွက်ခဲ့ကြပါတယ်။
“ အဲဒီအချိန်က ကျည်မှန် လိုက်မှန်းကျွန်တော်မသိလိုက်ဘူး။မူးလဲတယ်ထင်ပြီးဆေးခန်းပို့ဖို့လုပ်လိုက်တာ။ဆိုင်ကယ်ပေါ်ရောက်မှ ခေါင်းက သွေး
နည်းနည်းကျလာတော့ စိတ်ပူသွားတာ” လို့ ကြယ်စင်ကို လိုက်ပို့ခဲ့တဲ့ လူငယ်က People’s Spring ကိုပြောပါတယ်။
အဲဒီနောက် လူမှုကူညီရေးအသင်းတခုက အဲဒီအချိန်က ဆေးကုသမှု ပေး နေတဲ့ ဗြမ္မစိုရ် ဆေးကုခန်းကို ခေါ်သွားပါတယ်။ဆေးခန်းကို ရောက်တဲ့အချိန်မှာ ကြယ်စင်တစ်ယောက် ကွယ်လွန်သွားပါပြီ။
တရုတ်နွယ်ဖွား ကြယ်စင်သေဆုံးမှုဟာ တနိုင်ငံလုံးက ပြည်သူတွေကို ဝမ်းနည်းကြေကွဲစေခဲ့ပါတယ်။နေအိမ်က ထွက်မသွားခင် သမီးဖြစ်သူကို လက်ပတ်အနီကိုယ်တိုင်စည်းပေးခဲ့တဲ့ ဖခင်လည်း ဒါဟာသမီးငယ်လေးကို အသက်ရှင်လျက်နောက်ဆုံးမြင်တွေ့ ခွင့်လို့ မသိခဲ့ပါဘူး။
နေအိမ်ပြန်ရောက်လာတဲ့ အသက်မဲ့နေတဲ့သမီးဖြစ်သူရုပ်အလောင်းဘေးမှာ ရင်ကွဲပက်လက်နဲ့ တွေတွေကြီးထိုင်နေပါတော့တယ်။ဒါပေမယ့်စစ်အာဏာရှင်ရဲ့ ယုတ်မာမှုက ဒီမှာတင်မပြီးသေးပါဘူး။
ကြယ်စင်ရုပ်အလောင်းရှိရာ နေအိမ်ကိုအရပ်ဝတ်တွေနဲ့ မကြာခဏလာပြီးဖိအားပေးနေတာမို့ နာရေးကို လမ်း၈၀ က တရုတ်ဘုံ ကျောင်းကို ပြောင်းရွေ့လိုက်ရပါတယ်။ ကြယ်စင်ဟာ ကွယ်လွန်ပြီးရုပ်ကလပ်အဖြစ်နဲ့တောင်နေအိမ်မှာကြာကြာနေခွင့် မရခဲ့ပါဘူး။မတ်လ၄ရက်မှာ ကြယ်စင့်နာ ရေးကို ဘုံကျောင်းကနေပဲကျင်းပခဲ့ပါတယ်။
“ သမီးရေ အမေ့ကိုပါခေါ်သွားပါ” လို့ မိခင်ဖြစ်သူရဲ့ ငိုကြွေးသံဟာဘုံကျောင်းတခုလုံးလွှမ်းနေခဲ့ပါတယ်။ သွေးသစ္စာ သီချင်းသံဟာလည်းမန္တလေးတမြို့လုံး လွှမ်းခဲ့ပါတယ်။ကြယ်စင့်နာ ရေးဟာ မန္တလေးမြို့မှာ လူအစည်ကားဆုံး နာရေးတစ်ခုဖြစ်ခဲ့ပါတယ်။
ကားနှစ်စီးလုံး ပြည့်လျှံ နေတဲ့လွမ်းသူ့ပန်း တွေ၊အစီးရေထောင်ချီနေတဲ့ဆိုင်ကယ်တွေ လမ်းတလျှောက်အလေးထွက်ပြုကြတဲ့ပြည်သူတွေ သောင်းနဲ့ချီခဲ့ပါတယ်။ ကြာနီကန်နဲ့ မန္တလေးဆက်သွားတဲ့ အထိနာရေးပို့ပြည်သူတွေ များခဲ့ပါတယ်။
“ My Hero” ဆိုတဲ့ ကြယ်စင် ဗီနိုင်း တွေထွက်လာပြီး သရဲဘောကြောင်တဲ့ စစ်အုပ်စုလည်း ကြယ်စင်ကိုသူတို့ပစ်သတ်တာမဟုတ်ဘူးလို့ အသည်းသန်ထငြင်းပါတော့တယ်။
ကြယ်စင်အုတ်ဂူမခြောက်သေးခင်မှာပဲ စစ်အုပ်စုက အုတ်ဂူကိုရိုက်ဖွင့်ပြီး ကြယ်စင် ခန္ဓာကိုယ်ကို ထုတ်ယူခွဲစိတ်ပါတယ်။
ရုပ်အလောင်းကို ပြန်ဖော်တဲ့အချိန်မှာ စစ်ယူနီ ဖောင်းဝတ်ဗိုလ်မှူးတဦး၊ရှေ့နေတဦး၊မှုခင်းဆရာဝန် မဟုတ်ပဲ စစ်ဆေးဆရာဝန်ဆိုသူတဦးတို့ပဲပါဝင်ပါတယ်။ သုသာန်မှာ နေထိုင်သူတွေရဲ့ ဖုန်းအားလုံးကိုသိမ်းပြီး ညအချိန်မတော်မှာခွဲစိတ်မှုကို လုပ်ခဲ့တာပါ။
သင်္ချိုင်းတခုလုံးကို အဝင်အထွက်ပိတ် မီးပိတ်ပြီး မတ္တရာ- မန္တလေးလမ်းအထိ လုံခြုံရေးချခဲ့ပါတယ်။ည၈နာရီ ကျော်ကနေ မနက်၃နာရီလောက်အထိ စစ်အုပ်စုကသုသာန်အတွင်းရှိနေခဲ့တာပါ။
အုတ်ဂူဖွင့် အလောင်းကို ပြန်ခွဲစိတ်ပြီး ၂ရက်အကြာမှာ ကြယ်စင်ဟာ ကျည်မှန်သေဆုံးတာ မဟုတ်ဘူးလို့ စစ်တပ်ကလိမ်ညာထုတ်ပြန်ပါတယ်။ ဦးနှောက်ထဲမှာ မာကြောတဲ့အရာတခု တွေ့ခဲ့ပြီး အချင်းချင်းလုပ်ကြံခဲ့တာလို့ စစ်တပ်ပိုင်မီဒီယာ တွေကနေ တဆင့် စစ်အာဏာရှင်တွေက တလိမ်ညာဝါဒဖြန့်ခဲ့ပါတယ်။
ဒါ့အပြင် ဆိုင်ကယ်နဲ့ လိုက်ပို့ပေးခဲ့တဲ့ကြယ်စင်ကူကူညီခဲ့တဲ့လူငယ်လေးကိုပါလူသတ်မှုနဲ့စွပ်စွဲ သတင်းစာမှာထည့်ပြီး အမှုဖွင့်ခဲ့ပါသေးတယ်။
ဒီဖြစ်ရပ်တွေအခုဆို ၅နှစ်ပြည့်ခဲ့ပါပြီ။ အာဏာလုစစ်တပ်က မမြသွဲ့သွဲ့ခိုင် ၊ကြယ်စင် တို့ကစပြီး သောင်းနဲ့ချီတဲ့ပြည်သူတွေကို ဒီနေ့အထိသတ်ဖြတ်နေဆဲဖြစ်ပါတယ် ။ သေနတ်နဲ့ပစ်သတ်တာကနေ ဗုံးကြဲသတ်တာ ၊ အဓမ္မစစ်မှုထမ်းခိုင်းပြီးမူးယစ်ဆေးကြွေးအသေခံစစ်တိုက်ခိုင်းပြီးသတ်တာ စတဲ့ သတ်နည်းအစုံနဲ့သတ်ဖြတ်နေဆဲဖြစ်ပါတယ် ။ပြည်သူတွေလအထူးသဖြင့် ကြယ်စင်တို့လို လူငယ်တွေကလည်း မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှမရှိတဲ့ စုစည်းမှု ၊ရဲရင်မှုတွေ နဲ့ စစ်ကျွန်ဘဝက လွတ်ဖို့တိုက်ပွဲဝင်နေကြပါတယ် ။
“ အခုထိအမှတ်ရနေဆဲပါ။ကြယ်စင်ကအမြဲတမ်းကျွန်တော်တို့ရင်ထဲမှာရှိနေမယ့် ကျွန် တော်တို့သူရဲ ကောင်း လေးပါ။ဒီအပြစ်တွေအတွက် စစ်ကောင်စီကအပြစ်ခံကို ခံယူရမယ်။ကျွန်တော်တို့နိုင်မှာပါ” လို့ အဲဒီတုန်းက ကြယ်စင့်နာ ရေးကိုလည်းလိုက်ပို့ခဲ့ပြီး အခုထိ တော်လှန်ရေးမှာ ပါဝင်နေသူ တဦးကပြောလိုက်ပါတယ်။ ။



















































