close
Connect with us

Hi, what are you looking for?

သတင်း

အုတ်တွင်းတိုက်ပွဲ စစ်တပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်ခဲ့ဟု PDF ဗျူဟာ(၂၂)ထုတ်ပြန်

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ပြောင်ချောင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၂)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အုတ်တွင်းမြို့နယ် ပြောင်ချောင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပဲခူးရိုးမ Pdf - ဗျူဟာ ၂၂

▪️စစ်ကောင်စီတပ် သေဆုံးမှုများ၊ လက်နက် ၇လက်ရ၊ တော်လှန်ရေး ရဲဘော် ၄ဦးကျဆုံး

ဇန်နဝါရီ-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ပြောင်ချောင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၂)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဇန်နဝါရီ ၂၈ရက် ညနေပိုင်းမှာ ပြည်မြို့နယ် ပေါက်ခေါင်းမြို့မှ နယ်မြေရှင်းလင်းရန်ထွက် လာတဲ့ အင်အား ၁၅၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို အုတ်တွင်းမြို့နယ် အုတ်တွင်း-ပေါက်ခေါင်းလမ်း ပြောင်းချောင်းကျေးရွာအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ကြောင်းဟာ အုတ်တွင်း -ပေါက်ခေါင်းလမ်းပိုင်းကို နယ်မြေရှင်းဖို့ ဇန်နဝါရီ ၂၀ရက်က စပြီး စစ်ကြောင်းထိုး ဝင်လာတာကို သတင်းရလို့ PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး တပ်ပျက် ထွက်ပြေးသွားလို့ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၄ဦး ကျဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။

စစ်ကောင်စီတပ်ထံက လက်နက် ၇လက်နဲ့ ကျည်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းရခဲ့ကြောင်းလည်း မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဖော်ပြပါတယ်။

သိမ်းရခဲ့တာတွေကတော့ MA-2 ၁လက်၊ MA-1 ၂လက်၊ MA-3 ၂လက်၊ RPG-7 ၁လက်၊ 60မမ ကွန်မန်ဒို – ၁လက်နဲ့ ကျည်တွေ ခဲယမ်းတွေ မိုင်းတွေ၊ အခြား စစ်သုံးပစ္စည်းတွေ သိမ်းရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အဲဒီ စစ်ဆင်ရေးကို ဗျူဟာ(၂၁)ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ-၄၊ ဗျူဟာ-၂၂ ကွပ်ကဲမှုအောက်ရှိ ဗျူဟာ ရုံးတိုက်ခိုက်‌ရေးအဖွဲ့၊ ပဲခူးခရိုင်တပ်ရင်း ၃၇၀၁ တပ်ခွဲ -၂ နဲ့ တပ်ရင်းရုံးအဖွဲ့၊၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ရင်း တပ်ခွဲ ၂၊ ၆၊ တပ်ရင်းရုံးတပ်ဖွဲ့၊ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း တပ်ခွဲ(၁)၊ တပ်ခွဲ ၅ BTZM ၊သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ တပ်ရင်း၊ သာယာဝတီခရိုင်ပကဖ တပ်ဖွဲ့ ၁၊ တပ်ခွဲ -၃၊ သာယာဝတီခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ပြည်ခရိုင်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၊ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-၇တပ်ခွဲ -၁ တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ဒေသတွင်း စစ်ရေး အခြေအနေတွေကို မေးမြန်းဖို့ ဗျူဟာ(၂၂)တာဝန်ရှိသူဆီကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ဗျူဟာ (၂၂) အပါအဝင် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်တာအပါအဝင် စစ်ကောင်စီကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက် လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က ဆားလင်းကြီးမြို့နယ်မှာ ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်နဲ့ အာဏာရှင်တော်လှန်ရေး PDF အဖွဲ့တို့က စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ ကောလင်းမြို့နယ်က သစ်ဖုလတောင်ကို စစ်တပ်ကစစ်ကြောင်းသုံးကြောင်းနဲ့ ထိုးဖို့ ကြိုးစားနေပြီး တိုက် ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်တပ် စခန်းတစ်ခုတိုက်ခိုက်ပြီး စစ်ကူလာတဲ့ ကားနှစ်စီး မိုင်းထိတယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

Facebook