close
Connect with us

Hi, what are you looking for?

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေ ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီကို နိုင်ငံတကာအရေးယူဆောင်ရွက်မှုပြုလုပ်ဖို့ လိုကြောင်း JFM ပြော

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိနေတာဖြစ်လို့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ Justice For Myanmarက တိုက်တွန်းလိုက်ပါတယ်။

ဓာတ်ပုံ - JFM

အောက်တိုဘာ-၂၃၊၂၀၂၅။ တေဇ/People’s Spring

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိနေတာဖြစ်လို့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ Justice For Myanmarက တိုက်တွန်းလိုက်ပါတယ်။

“ ဆိုက်ဘာငွေလိမ်လုပ်ငန်းများအား ကိုင်တွယ်ဖြေရှင်းမည့် နိုင်ငံတကာအရေးယူဆောင်ရွက်မှုများသည် မြန်မာစစ်တပ် နှင့် ယင်း၏ ပြည်သူ့စစ် အဖွဲ့များအား ကျယ်ပြန့်စွာ ဆောင်ရွက်ရမည်ဖြစ်သည်။” လို့ JFM ကတိုက်တွန်းထားပါတယ်။”

စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်မှာ ကျားဖြန့်အမည်ခံ KK Park ကို ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်တာကလည်း အာဆီယံထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် အယောင်ပြလုပ်ဆောင်တာဖြစ်တယ်လို့ JFM က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ ယင်းဝင်ရောက်စီးနင်းမှုသည် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုများတွင် ပါဝင်နေသည့် စစ်အုပ်စုနှင့် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်တို့၏ အဓိကအခန်းကဏ္ဍကို အာရုံပြောင်းလှည့်စားရန် နောက်ထပ်ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပုံရသည်။” လို့ JFM က ထောက်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်က ရာဇဝတ်မှု‌တွေ ကျူးလွန်တဲ့ စီးပွားရေးကွန်ရက်ကိုလည်း ကရင်နယ်ခြားစောင့်တပ်အပါအဝင် အခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။

အဲဒီ့စီးပွားရေးကွန်ရက်ထဲမှာ KK Park လို လုပ်ငန်းတွေလည်းပါဝင်ပြီး စစ်ကောင်စီအနေနဲ့ မြေယာထိန်းချုပ်မှု၊ စီးပွားရေးလိမ်လည်မှု‌ ကျူးလွန်တဲ့ အဆောက်အဦး‌တွေကနေ အကျိုးစီးပွားရယူမှု၊ အခွန်ကောက်ခံမှု၊ လုံခြုံရေးဝန်ဆောင်ပေးမှု၊ တရားမဝင်ကုန်သွယ်မှု၊ လူကုန်ကူးမှုနဲ့ လူသုံးကုန် ထိန်းချုပ်ရောင်းချမှု တွေကတဆင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်များ ရရှိနေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနှစ်နှစ်ဆန်းက အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာလည်း ကရင်နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင်တွေက KK Park ကို လုံခြုံရေးယူပေးခဲ့တယ်လို့ အစီရင်ခံထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာလည်း ကရင်နယ်ခြားစောင့်တပ် ဒုတိယဗိုလ်မှူးကြီးစောမုတ်သုန်နဲ့ ဗိုလ်မှူးစောတင်ဝင်းတို့နှစ်ဦးက KK Park မှာ ပါဝင်ပတ်သက်သူ၊ အကျိုးအမြတ်ရရှိသူ‌တွေအဖြစ် သတ်မှတ်ဖော်ပြပြီးဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

ကရင်နယ်ခြားစောင့်တပ်က စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ကနေ လုပ်ဆောင်နေတာဖြစ်တာကြောင့် ဒီဖြစ်စဉ်တွေရဲ့ အဓိက တရားခံက စစ်ကောင်စီဖြစ်တယ်ဆိုတာကို JFM က ထောက်ပြထားတာပါ။

“ မြန်မာစစ်တပ်သည် ပြည်တွင်းဥပဒေဖြင့်လည်းကောင်း၊ နိုင်ငံတကာဥပဒေပါ ဖွင့်ဆိုချက်ဖြင့်လည်းကောင်း အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ စစ်အုပ်စုသည် မြန်မာပြည်သူများအား မြန်မာနိုင်ငံအတွင်းနှင့် ဒေသဖြတ်ကျော် လူအစုလိုက်အပြုံလိုက် အဓမ္မဖိအားပေးရွှေ့ပြောင်းစေမှုကြီးအတွက် တာဝန်ရှိသူဖြစ်သလို၊ အိမ်နီးချင်းနိုင်ငံများထိပါ ကူးစက်သက်ရောက်စေခဲ့သော ကာလရှည်စီးပွားရေးအကျပ်အတည်းကြီး ဖြစ်စေခဲ့သည့် ဒေသတွင်းမတည်ငြိမ်မှု၏ အဓိကရေသောက်မြစ် လက်သည်တရားခံလည်း ဖြစ်သည်။” JFM ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ကွပ်ကဲမှုအောက်မှာ ကရင်နယ်ခြားစောင့်တပ်ရဲ့ ခေါင်းဆောင်တွေပါဝင်မှုက KK Park ထက်ပိုမိုများပြားတယ်လို့လည်း JFM ကဆိုပါတယ်။

ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင် စောချစ်သူရဲ့ သားသမီးတွေက ကရင်နယ်ခြားစောင့်တပ်ရဲ့ ကုမ္ပဏီကိုးခုကို အတူတကွပိုင်ဆိုင်ကြတယ်လို့ ဥပမာပေးပြီး ထောက်ပြထားပါတယ်။

အဲဒီ့ကုမ္ပဏီတွေထဲက ဆိုက်ဘာငွေလိမ်လုပ်ငန်းအတွက် Myanmar Apollo International Investment Company Limited (Apollo Park) နဲ့ Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) ကို ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ အာဆီယံက စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု မှားယွင်းစွာပေးအပ်ခဲ့တာကြောင့် မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ က နိုင်ငံတကာရာဇဝတ်မှု တွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကနေ အပြစ်ပေးအရေးယူခံရမှုကို ရှောင်ရှားဖို့ အသိပညာတွေရရှိခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် မကြာခင်ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အစိုးရတွေအနေနဲ့ စစ်အုပ်စုက တရားဝင်မှုရရှိဖို့ ကြိုးပမ်းတဲ့ ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ရပ်တည်ဖို့ JFM ကတိုက်တွန်းထားပါတယ်။

“ အစိုးရများအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုထားသည့်အတိုင်း စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဥ်ဆီလမ်းကြောင်းများကို ဖြတ်တောက်ရမည်ဖြစ်ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် နိုင်ငံတကာအရေးယူတာဝန်ခံစေမှုရရှိစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။” လို့ JFM က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင် စစ်တပ် သေဆုံးမှုများ၊ PDF ပူးပေါင်းတပ်တွေ လက်နက်မျိုးစုံ ၅၀ နီးပါး သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌ တွေထိန်းချုပ်ထားတဲ့ တမူးမြို့နယ်၊ နမ့်မွန်းတားရွာကို ဝင်လာတဲ့စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေကခုခံ တိုက်ခိုက်တာ​ကြောင့် စစ်တပ်ကသေဆုံး ရုပ်အလောင်းတွေဆွဲပြီး ပြန်ထွက်ပြေးသွားပါတယ်။

သတင်း

ကရင်ပြည်​နယ် ၊ ဘားအံမြို့နယ် ၊ ဖားဘော်ရွာလေး မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည်ကျ လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးသလို ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဒူးသထူ(သထုံ...

သတင်း

အာဏာသိမ်းစစ်ကောင်စီဟာကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေရှိ နေရာအများအပြားကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက မနေ့ညက အသိပေးပြီး စစ်ကောင်စီ လုပ်ရပ်ဟာ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ရာ နေရာတွေအထိ ရွေးကောက်ပွဲ ကျင်းပလို၍ဖြစ်ကြောင်း ဖော်ပြပါတယ်။

Facebook