close
Connect with us

Hi, what are you looking for?

သတင်း

ဆေးပညာသိပ္ပံအပါအဝင် ကျောင်း ၆ခုမှာ တက္ကသိုလ်ဝင်ခွင့် လျှောက်နိုင်ပြီလို့ ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ် ကြေညာ

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရဲ့ တက္ကသိုလ်အသီးသီးမှာ ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အတွက် သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေ ဝင်ခွင့်လျှောက်လွှာတွေထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်(KSCU)က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မှာ ကြေညာပါတယ်။

အောက်တိုဘာ-၂၃၊ ၂၀၂၅၊ထားမြတ်/People’s Spring

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရဲ့ တက္ကသိုလ်အသီးသီးမှာ ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အတွက် သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေ ဝင်ခွင့်လျှောက်လွှာတွေထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်(KSCU)က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မှာ ကြေညာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ KSCU ကျောင်းက လာမယ့်ပညာသင်နှစ်မှာ School of Medical Sciences ၊ School of Nursing Sciences ၊ School of Technology၊ School of Economics ၊ School of Agriculture ၊ School of Arts And Science စတဲ့ ကျောင်း ၆ကျောင်းမှာ သက်ဆိုင်ရာကျောင်းတွေရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေ လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

KSCUကျောင်းတွေမှာတက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်တဲ့ ကျောင်းသားကျောင်းသူတွေကတော့ ၂၀၂၀ ခုနှစ်နှင့် ၎င်းနှစ်မတိုင်မီနှစ်များတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများပါဝင်တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် (GED နှင့် IGCSE) ရရှိထားသူများ၊ ကချင်ပညာရေးဌာန (Kachin Education Department, KED)မှတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (Basic Education Completion Assessment, BECA) မှ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ် ပြုလက်မှတ် ရရှိပြီးသူများ (ဘာသာရပ်အားလုံးတွင် အနိမ့်ဆုံး (C ) grade ရရှိထားသူဖြစ်ရမည်။)၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ တက္ကသိုလ်အသီးသီးရဲ့ ဝင်ခွင့်သတ်မှတ်ချက်များနဲ့ ကိုက်ညီသူများ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

လျှောက်လွှာတွေကို နိုဝင်ဘာ ၃ရက်က စတင်ပြီးတော့ကျောင်းသားရေးရာ ဌာနမှာ ထုတ်ယူနိုင်ပြိး လျှောက်လွှာတင်သွင်းရမယ့်နောက်ဆုံးရက်တွေကို သက်ဆိုင်ရာကျောင်းအသီးသီးရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေမှာ ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီ ဝင်ခွင့်သတ်မှတ်ချက်တွေကိုလည်း KSCU ရဲ့ Facebook စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

KSCU ဆေးပညာသိပ္ပံ တက္ကသိုလ် ရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာခင်မောင်လွင်ကလည်း ဆေးပညာသိပ္ပံ တက္ကသိုလ်ရဲ့ လာမယ့်နှစ်အတွက် MBBS Foudation Year ဝင်ခွင့်လျှောက်လွှာတွေကို KSCU ရုံးခန်းမှာ စတင်ဝယ်ယူလျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။

“၂၀၂၃ ထဲကစတင်ခဲ့တာ အခုတခါပါနဲ့ဆို ၄ ကြီမ်မြောက်ရှိပါပြီဒီနှစ်မှာလည်း သင်တန်းသား ( ၅၀ ) လက်ခံသင်ကြားပေးဖို့စီစဉ်ထားပါတယ်။အခက်အခဲတွေကြားက ကြိုးစားရုန်းကန်ပြီး ဆေးပညာရှင်များကိုမွေးထုတ်ပေးနေတာဖြစ်ပါတယ်။အုပ်ချုပ်ရေး, သင်ကြားရေး, ဘဏ္ဍာရေး, ကျောင်းသားရေးရာ ကိစ္စအဝဝတွေအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်” လို့ ဒေါက်တာခင်မောင်လွင်က သူ့ရဲ့ Facebookမှာ ရေးသား အသိပေးထားပါတယ်။

KSCU ရဲ့ တတိယ အကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလက ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ ၂၀၀ ကျော်ကို ဘွဲ့လက်မှတ်တွေပေးအပ်ခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို KIO ရဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်တက်ရောက်ခဲ့ပါတယ်။

KSCUကို ၂၀၂၂ မှာ KIO ဌာနချုပ် လိုင်ဇာမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြိး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၀၀ ကျော် ဘွဲ့ရရှိထားပြီးဖြစ်ပါတယ်။

အဲဒီ တက္ကသိုလ်ဟာ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေက အဆင့်မြင့် ပညာ ရှာဖွေလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာဖြစ်ပြီး CDM တက္ကသိုလ် ဆရာ၊ ဆရာမတွေ ပူးပေါင်းပြီး တည်ထောင်ထားတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေဘက်က မြေပြင်မှာ ပထမဆုံး တည်ထောင်ဖွင့်လှစ်သင်ကြားနေတဲ့ တက္ကသိုလ်လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ဆဒုံးမြို့ကို စစ်ကောင်စီကဒီက​နေ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူများပြားတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊၀ိုင်းမော်မြို့နယ်​၊လမြန်ဒေသ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိ သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်​တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အာဏာသိမ်းစစ်တပ်က ထပ်မံထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ဒီကနေ့ (စက်တင်ဘာ ၂၃ရက်)မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် သေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။