close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သားတွေအတွက် မြောက်ကိုရီးယားမှာ အထိမ်းအမှတ် ခန်းမဆောင် ဆောက်လုပ်

ရုရှား-ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ရေး သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေအတွက် အထိမ်းအမှတ် ခန်းမဆောင် တစ်ခုကို မြောက်ကိုရီးယားက တည်ဆောက်နေပါတယ်။

ဓာတ်ပုံ - KCNA/Reuters

ရုရှား-ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ရေး သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေအတွက် အထိမ်းအမှတ် ခန်းမဆောင် တစ်ခုကို မြောက်ကိုရီးယားက တည်ဆောက်နေပါတယ်။

မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ရုရှားနဲ့ ဆက်ဆံရေးဟာ သမိုင်းတလျှောက် အထူးကဲဆုံး အခြေအနေမျိုးထိ နီးစပ် အားကောင်းလာနေပြီလို့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုအရ ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားကို ကူညီဖို့ စစ်သည် ၁၀၀၀၀ ကျော် ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေဟာ ရုရှားပိုင်နက်ဖြစ်တဲ့ ကာ့စ်ခ်ဒေသမှာ ယူကရိန်း တပ်တွေနဲ့ ရင်ဆိုင် တိုက်ခိုက်ခဲ့တာပါ။ မြောက်ကိုရီးယား တပ်တွေဟာ ခေတ်သစ် စစ်ပွဲ အတွေ့အကြုံ မရှိတာကြောင့် ထိခိုက်ကျဆုံးမှုတွေ များခဲ့တယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးက ပြောပါတယ်။

မြောက်ကိုရီးယားကတော့ ကာ့စ်ခ်မှာ နိုင်ငံရဲ့ စစ်သည်ဦးရေ ဘယ်လောက်ထိ သေကြေပျက်စီးခဲ့သလဲ ဆိုတာကို တိတိကျကျ မထုတ်ပြန်ပါဘူး။ အောက်တိုဘာ ၂၃ ရက်နေ့ကတော့ အဓိပတိကြီး ကင်မ်ဟာ ကာ့စ်ခ်မှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် ရည်ရွယ် တည်ဆောက်မယ့် ခန်းမဆောင် အုတ်မြစ်ချပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ခန်းမကို တိုက်ပွဲဝင် စစ်သည်တော်တွေရဲ့ အမှတ်တရ ပြတိုက်လို့ နာမည် မှည့်ခေါ်သွားမှာ ဖြစ်ပါတယ်။ ကင်မ်ဟာ အဆောက်အအုံ ပန္နက်ချမှုအပြီး ဘိလပ်မြေနဲ့ သဲတွေကို ဂေါ်ပြားနဲ့ ကော်ပြီး ကြဲဖြန့်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူက အဲဒီ ပြတိုက်ဟာ စစ်မှန်တဲ့ မျိုးချစ် သူရဲကောင်းတွေရဲ့ သေဆုံးမသွားတဲ့ ဝိညာဉ်တွေအတွက် မြင့်မြတ်တဲ့ နားခိုရာ ဖြစ်စေမယ်လို့လည်း မိန့်ခွန်းပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ အိမ်နီးချင်း ယူကရိန်းကို စတင်ကျူးကျော်ခဲ့တဲ့နောက် ရုရှားအတွက် မြောက်ကိုရီးယားဟာ အမာခံ မဟာမိတ်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယား ချုပ်ဆိုထားတဲ့ ကာကွယ်ရေး သဘောတူညီမှုအရ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာရင် တခြားနိုင်ငံက ထိထိရောက်ရောက် အကူအညီ ပေးရမယ်လို့ ကတိပြုထားပါတယ်။ ဒါကြောင့် ရုရှား အနောက်ပိုင်းကို ယူကရိန်းတပ်တွေက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အခါ မြောက်ကိုရီးယားက သောင်းနဲ့ချီ များပြားတဲ့ တပ်ဖွဲ့တွေကို ကာ့စ်ခ်ဒေသဆီ ပို့ဆောင်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ပြိုင်ဘက်ဖြစ်တဲ့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးကတော့ ကာ့စ်ခ် စစ်မြေပြင်မှာ မြောက်ကိုရီးယား တပ်သား ၆၀၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့ဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ပြုံယမ်းမှာ ကျင်းပခဲ့တဲ့ အထိမ်းအမှတ် ခန်းမဆောင် အုတ်မြစ်ချ အခမ်းအနားကို မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အလက်ဇန္ဒား မက်ဆီဂိုရာနဲ့ သံရုံးအရာရှိတွေ တက်ရောက်ခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အရေးပါတဲ့ လက်နက်စနစ် စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းလွန်ပင်လယ်ပြင်ဆီ ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နည်းပညာ တိုးတက်ရေးအတွက် ရုရှားဆီကနေ မြောက်ကိုရီးယားက အကူအညီတွေ ရရှိနေတယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားတစ်ခု ကျင်းပခဲ့ပြီး နိုင်ငံရဲ့ နည်းပညာ အမြင့်ဆုံး တိုက်ချင်းပစ် ဒုံးကျည်အသစ်ကိုပါ ထုတ်ပြသွားခဲ့ပါတယ်။

Facebook