close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း လက်လွှဲရယူမှု နှစ်ပတ်လည် အခမ်းအနား ကျင်းပမယ်လို့ တရုတ် အတည်ပြု

ထိုင်ဝမ်ကို လက်လွှဲရယူမှု နှစ် ၈၀ ပြည့် အခမ်းအနား တစ်ရပ်ကို တရုတ် အစိုးရက ကျင်းပသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်ဝမ်ကို လက်လွှဲရယူမှု နှစ် ၈၀ ပြည့် အခမ်းအနား တစ်ရပ်ကို တရုတ် အစိုးရက ကျင်းပသွားမယ်လို့ သိရပါတယ်။

မျက်မှောက်ကာလမှာ ထိုင်ဝမ်ကျွန်းဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ဖို့ ရည်ရွယ်ပြီး တရုတ်ကတော့ နိုင်ငံပိုင်နက်ထဲက နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားတာကြောင့် နှစ်ဖက်ကြား တင်းမာနေကြပါတယ်။

တရုတ် အစိုးရက ထိုင်ဝမ် လက်လွှဲရယူမှု နှစ် ၈၀ ပြည့် အခမ်းအနားတစ်ခု ကျင်းပမယ် ဆိုတာကို အောက်တိုဘာ ၂၂ ရက်နေ့မှာ အတည်ပြုခဲ့ပြီး နီးစပ်သူတွေကတော့ အခုသီတင်းပတ်ထဲမှာ ဘေဂျင်းမြို့တော်ရဲ့ မဟာ ခန်းမဆောင်မှာ ပြုလုပ်မှာလို့ ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ် လက်လွှဲရယူမှု ဆိုတာဟာ ၁၉၄၅ ခုနှစ်မှာ ထိုင်ဝမ်ကျွန်းကို ဂျပန်က တရုတ်ဆီ ပြန်လည် လက်လွှဲပေးခဲ့တဲ့ ဖြစ်စဉ်ကို ဆိုလိုတာပါ။ ဂျပန်ဟာ ၁၈၉၅ ကနေ ၁၉၄၅ နှစ်ထိ ထိုင်ဝမ်ကို ကိုလိုနီအဖြစ် အုပ်စိုးခဲ့ပါတယ်။ ဂျပန်က ပြန်လည် လက်လွှဲပေးခဲ့မှုဟာ အောက်တိုဘာ ၂၅ ရက်နေ့မှာ နှစ်ပေါင်း ၈၀ ပြည့်မှာပါ။

Public Service Announcement

Public Service Announcement

ထိုင်ဝမ်ကို ပြန်လည် လက်လွှဲရယူခဲ့ခြင်းဟာ တရုတ်ရဲ့ တော်လှန်စစ်ပွဲမှာ ထင်ရှားထည်ဝါတဲ့ အောင်မြင်မှု တစ်ခုလည်း ဖြစ်ခဲ့တယ်လို့ တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရ အရာရှိ ဇူဖန်လျန်းက ပြောကြားခဲ့ပါတယ်။

သူက တရုတ်မှာ ကျင်းပမယ့် ထိုင်ဝမ် ပြန်လက် လက်လွှဲရယူမှု အခမ်းအနားကို ထိုင်ဝမ်ပြည်သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်လို့ ပြောပေမယ့် ဘယ်နေ့မှာ ကျင်းပမလဲ၊ တရုတ် အစိုးရရဲ့ ဘယ်ရာထူးအဆင့် ခေါင်းဆောင်တွေ တက်ရောက်မလဲ ဆိုတာတွေကိုတော့ ထုတ်ပြောမသွားခဲ့ပါဘူး။

ထိုင်ဝမ်ကတော့ ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့တာဟာ ကွန်မြူနစ် နိုင်ငံအဖြစ် ၁၉၄၉ ခုနှစ်မှာ ဥက္ကဋ္ဌကြီး မော်စီတုံးက စတင် ထူထောင်ခဲ့တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မဟုတ်ဘဲ တရုတ် သမ္မတနိုင်ငံသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်တော့ မော်စီတုံးရဲ့ ကွန်မြူနစ်တွေကို အရေးနိမ့်တဲ့ တရုတ် သမ္မတနိုင်ငံ အစိုးရဟာ ထိုင်ဝမ်ကျွန်းဆီ ဆုတ်ခွာလာခဲ့ပြီး ထိုင်ဝမ်ကို နိုင်ငံအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ တရားဝင် နာမည်ကလည်း လက်ရှိ အချိန်ထိ တရုတ် သမ္မတ နိုင်ငံ ဖြစ်ပါတယ်။

ဂျပန်က ထိုင်ဝမ်ကျွန်းကို လက်လွှဲပေးခဲ့တာကလည်း တရုတ် သမ္မတ နိုင်ငံ အစိုးရဆီသာဖြစ်ပြီး အဲဒီတုန်းက တရုတ် ပြည်သူ့သမ္မတ နိုင်ငံဆိုတာ ထွက်ပေါ်မလာသေးဘူးလို့ ထောက်ပြထားပါတယ်။ တရုတ်ကတော့ ကွန်မြူနစ်ပါတီ ကြီးစိုး အုပ်ချုပ်နေတဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ဆိုတာက အရင်အစိုးရကို ဆက်ခံခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် ထိုင်ဝမ်ကျွန်းကိုလည်း ပိုင်နက်နယ်မြေအဖြစ် တရားဝင် သတ်မှတ်ခွင့် ရှိတယ်လို့ တုံ့ပြန်ထားပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်း ပြန်လည် လွှဲပြောင်းယူခြင်းဆိုင်ရာ နှစ်ပတ်လည် အခမ်းအနား တစ်ခုကို လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၁၅ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကျင်းပခဲ့ပြီး အဲဒီတုန်းက အစိုးရရဲ့ စတုတ္ထ အဆင့်အမြင့်ဆုံး အရာရှိလို့ သတ်မှတ်ခံရသူ ယူကျန်ရှန်းက တက်ရောက် မိန့်ခွန်းပြောခဲ့သလို နိုင်ငံတကာ ကိုယ်စားလှယ် အဖွဲ့တချို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ ထိုင်ဝမ် အစိုးရဟာ တရုတ်မှာ ကျင်းပမယ့် လက်လွှဲရယူမှု အခမ်းအနားကို ဘယ်အစိုးရ အရာရှိမှ တက်ရောက်ခွင့် ပြုမှာမဟုတ်ကြောင်း အတိအလင်း တားမြစ် ပိတ်ပင်ထားပါတယ်။ ထိုင်ဝမ် အစိုးရက တရုတ်ဟာ သမိုင်းကြောင်းကို လိုသလို လုပ်ကြံဖန်တီး ပြုပြင်ဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တု တင်ပို့မှုတွေကို တရုတ်က ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ စီစဉ်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း တရုတ်ဆီက တင်သွင်းလာမယ့် ကုန်စည်တွေကို တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်း အပိုဆောင်း စည်းကြပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်သမ္မတဟာ ကိုယ့်ကိုယ်ကိုယ် ပြည့်တန်ဆာဇာတ် ပီပီပြင်ပြင် သွင်းနေတယ်လို့ တရုတ် အစိုးရက ဝေဖန်ခဲ့ပါတယ်။

အတွေးအမြင်

တရုတ်ကိုလိုလားထောက်ခံတဲ့ဝါဒဖြန့်မှုတွေကို ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေ၊နယ်စပ်တကြောမှာ အခြေစိုက်တဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေကထူးထူးခြားခြားဖြန့်ဝေလာနေပါတယ်။

နိုင်ငံတကာ

တရုတ်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ရာက လူတွေ အန္တရာယ် ရှိလောက်တဲ့ အမှားအယွင်းမျိုး ဖြစ်ခဲ့တဲ့အပေါ် အလေးအနက် စုံစမ်း စစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Facebook