close
Connect with us

Hi, what are you looking for?

သတင်း

တမူး၊နမ့်မွန်းတားရွာတိုက်ပွဲပြင်းထန်၊ စစ်တပ်စစ်​ကြောင်းပြန်ဆုတ်​ပြေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌ တွေထိန်းချုပ်ထားတဲ့ တမူးမြို့နယ်၊ နမ့်မွန်းတားရွာကို ဝင်လာတဲ့စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေကခုခံ တိုက်ခိုက်တာ​ကြောင့် စစ်တပ်ကသေဆုံး ရုပ်အလောင်းတွေဆွဲပြီး ပြန်ထွက်ပြေးသွားပါတယ်။

သြဂုတ်လအတွင်းကတိုက်ပွဲမှာ စစ်တပ်ထံက သိမ်းဆည်းရရှိတဲဲ့ လက်နက်ခဲယမ်း​တွေ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ

​အောက်တိုဘာ-၂၃၊၂၀၂၅။အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌ တွေထိန်းချုပ်ထားတဲ့ တမူးမြို့နယ်၊ နမ့်မွန်းတားရွာကို ဝင်လာတဲ့စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေကခုခံ တိုက်ခိုက်တာ​ကြောင့် စစ်တပ်ကသေဆုံး ရုပ်အလောင်းတွေဆွဲပြီး ပြန်ထွက်ပြေးသွားပါတယ်။

စစ်ကောင်စီတပ် ၊ကသည်းတပ် နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေကနန်မွန်းတားရွာကို အောက်တိုဘာလ၂၂ရက်မနက်ပိုင်းမှာစစ်ကြောင်းထိုးဖို့ကြိုးစားတာလို့ တမူးမြို့ခံတွေကပြောပါတယ်။

“ အလောင်းတချို့ ပြန်ဆွဲပြေးတယ်။ရွာကို ကာကွယ်ရေးတပ်တွေက ဆက်ထိန်းထားနိုင်တယ်” လို့ တမူးမြို့ခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

တမူးမြို့ နဲဲ့ ၁၂မိုင်ဝန်းကျင်အကွာမှာတည်ရှိတဲ့ နမ့်မွန်းတားရွာဟာ ကလေး-တမူးအာရှလမ်းပေါ်မှာ ရှိတာပါ။နမ့်မွန်းတားရွာနဲ့တမူးမြို့ကြားက ပန်းသာရွာမှာ စစ်ကောင်စီကတပ်စွဲထားပြီး စစ်ကြောင်းထိုးဖို့မကြာခဏကြိုးစားနေတာပါ။

စစ်တပ်ကဗုံးကြဲလို့ ပျက်စီး​နေတဲ့ အ​ဆောက်အအုံကိုစစ်​ဆေး​နေတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ

နမ့်မွန်းတားရွာကိုဩဂုတ်လဆန်းကလည်းစစ်တပ်၊ကသည်းတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက အင်အား ၁၀၀ ကျော်နဲ့ဝင်ရောက်လာလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ဖူးပါတယ်။

ဩဂုတ်လ ၅ရက်ကနေ ဩဂုတ်လ၈ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်ကလေကြောင်းကနေလည်းတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်ကခြောက်ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရခဲ့သလို ကာကွယ်ရေးရဲဘော်ငါးဦးကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မနေ့ကဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

တမူးမြို့မှာ ပန်းသာရွာ၊မင်းသာရွာနဲ့ မြို့ပေါ်နေရာအချို့မှာ စစ်တပ်က အခိုင်အမာတပ်စွဲထားတာပါ။ တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နဲ့မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကထိန်းချုပ်ထားပြီး စစ်တပ်က တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်တာပါ။

လက်ရှိမှာ ကလေး-တမူး အာရှလမ်းက‌နေလည်း တမူးမြို့ဘက်ကိုဦးတည်ပြီး စစ်တပ်ကစစ်ကြောင်းထိုးဖို့ကြိုးစားနေပါတယ်။ စစ်တပ်စစ်ကြောင်းတွေကြောင့် ကလေး-တမူး အာရှအ​​ဝေး​ပြေးလမ်းနဲ့ ပတ်ဝန်းကျင်ကကျေးရွာဆယ်ရွာထက်မနည်း စစ်ရှောင်နေကြရပြီး အကူအညီတွေလိုအပ်နေပါတယ်။လက်ရှိလုံခြုံရေးအခြေအနေအရ ကလေး-တမူး အာရှလမ်းကိုလည်း အရပ်သားပြည်သူတွေသွားလာခွင့်ကို PDF ​တွေကယာယီကန့်သတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​တော်လှန်​ရေးတပ်​​တွေဘက်က ရွာသုံးရွာခန့်ဆုတ်​ပေးခဲ့ရဟု​​ဒေသခံအချို့​ပြော

သတင်း

ကရင်ပြည်​နယ် ၊ ဘားအံမြို့နယ် ၊ ဖားဘော်ရွာလေး မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည်ကျ လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးသလို ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဒူးသထူ(သထုံ...

သတင်း

အာဏာသိမ်းစစ်ကောင်စီဟာကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေရှိ နေရာအများအပြားကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက မနေ့ညက အသိပေးပြီး စစ်ကောင်စီ လုပ်ရပ်ဟာ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ရာ နေရာတွေအထိ ရွေးကောက်ပွဲ ကျင်းပလို၍ဖြစ်ကြောင်း ဖော်ပြပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာက စစ်ကောင်စီ တပ်စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တဲ့ မှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်း စစ်ဌာန ကွပ်ကဲမှုအောက်က အမှတ်(၈၀၈) တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။